အကြိုနေ့

120 25 12
                                    

"အတာကူးတဲ့တန်ခူးလအချိန်အခါ နှစ်ကူး
သင်္ကြန်မဟာ သူကလေးနဲ့တွေ့ရပုံမှာ မေ့လည်း
မမေ့နိုင်ပါ"

အခန်းဖော်ဖြစ်သူယောင်းဟိုကမြန်မာနှစ်သစ်
ကူးသီချင်းချိုမြမြတစ်ပုဒ်ကိုဆိုရင်း အင်္ကျီဝတ်
နေတယ် ကျွန်တော်လည်းပြုံးစစနဲ့အကိုချန်း
ယောလ်လက်ဆောင်ပေးထားတဲ့ကချင်ပုဆိုးကို
ခါးပတ်မကူဘဲ သပ်သပ်ရပ်ရပ်ဖြစ်အောင်ဝတ်
လိုက်တယ်

"ပိတောက်ပန်းရနံ့တွေကတော့မွှေးနေတာပဲဟေ့"

ယောင်းဟိုက ကျွန်တော့်ခေါင်းအုံးပေါ်တင်ထား
တဲ့ပိတောက်ပန်းတွေကိုမွှေးကြူရင်း ​မြန်မာလို
ရွှင်မြူးစွာရေရွတ်တယ်

ကျွန်တော်လည်းအခန်းထဲပျံံံ့လွှင့်နေတဲ့ပန်းရနံံ့
တွေကိုတဝကြီးရှုရှိုက်ရင်းပြုံးမိပြန်တယ်

"အကိုချန်းယောလ်နဲ့မင်းကရိုးမှရိုးရဲ့လားကွာ"

ပိတောက်ပန်းတွေကိုခေါင်းအုံးပေါ်ပြန်ချရင်း
မေးလာတဲ့ယောင်းဟိုကြောင့် ကျွန်တော့်မှာ
အဖြေရခက်ပြန်တယ်

မနက်​စောစောအဆောင်ထိလာပြီးပိတောက်
ပန်းခက်တွေပေးကတည်းက သူငယ်ချင်းတွေ
အကုန်လုံးကျွန်တော့်ကိုဝိုင်းစနေကြတာ ဒါကို
ကျွန်တော့်အနေနဲ့ဘယ်လိုမှမခံစားရဘူးဆိုပြီး
မလိမ်ချင်ပါဘူး အနည်းဆုံးရှက်ပြီးရင်ခုန်ခဲ့ရ
တာပါပဲ

ဒါပေမယ့်အချစ်ဆိုပြီးစောစီးစွာခေါင်းစဥ်တော့
မတပ်ချင်သေးပါဘူး လူတိုင်းကသံယောဇဥ်နဲ့
အချစ်ကို မှားတတ်ကြတယ်လေ

"ကဲကဲ ပိတောက်ပန်းတွေကိုကြည့်ရင်းကြည်နူး
မနေနဲ့တော့ အပြင်မှာသွားမယ့်ကားရောက်နေ
ပြီ နောက်ကျနေမယ်နော်"

အခန်းဝကနေမထိတထိနဲ့အော်သွားတဲ့ယုတ
ကြောင့် ကျွန်တော့်မှာရှက်ရင်းနဲ့ပဲနောက်မကျ
အောင်​ပြေးရပြန်တယ်

အဆောင်ရှေ့မှာအကိုချန်းယောလ်နဲ့အတူမြန်မာ
လူမျိုးတစ်ယောက်ကယှဥ်ရပ်နေပြီး ကျောင်း
သားတွေကိုစောင့်နေတာမို့ ကျွန်တော်လည်း
သွားပြီးနှုတ်ဆက်လိုက်တယ်

April's Memories Where stories live. Discover now