တတီတီမြည်နေတဲ့ဖုန်းသံကြောင့်စောင်ပုံထဲကနေလက်ထုတ်ရင်းဖုန်းရှိမဲ့နေရာကိုစမ်းကာမပွင့်ချင်ဖြစ်နေသောမျက်လုံးကိုအတင်းဖွင့်ရသည် contact nameကိုကြည့်လိုက်တော့ဟိုကောင်
မင်ဝူး ဖုန်းကိုဖွင့်လိုက်တာနဲ့အသံပြဲကြီးနဲ့အော်လာတဲ့သူငယ်ချင်းကြီးကြောင့်ဖုန်းကိုနားနာကနေခွာလိုက်ရသည် တကယ်အသံပြဲတဲ့ကောင်"ရားးဂျောင်ဂုမင်းသေနေတုန်းလားအချိန်ကိုကြည့်လေဟယ်ငါတောင်ဆိုင်ဖွင့်လို့ပြီးနေပြီ မင်းအခုထိမလာနိုင်သေးဘူးလား"
"အေ့ ငါဒီနေ့ဆိုင်မလာဖစ်ဘူး ပိတ်ခါနီးလာပေးရင်ရပြီမို့လားဒါဘဲ"
သူ့ကိုအဆဲပေါင်းစုံနဲ့ဆဲတော့မဲ့အသံတွေမကြားရခင်ဖုန်းကိုအလျင်အမြန်ဘဲချလိုက်တယ် အခုလောက်ဆိုမင်ဝူးတယောက်တရှူးရှူးတရှဲရှဲဖစ်နေမှာအမှန်
သူကတယောက်တည်းအေးဆေးသမားလေမိဘတွေမရှိတော့တဲ့နောက်ပိုင်းဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့လူတယောက် အလုပ်အကိုင်ကလည်းသူငယ်ချင်းမင်ဝူးနဲ့စပ်တူဖွင့်ထားတဲ့ကော်ဖီဆိုင်လေးတဆိုင်ရှိတယ် အေးအေးလူလူပါဘဲ
ဖုန်းချပြီးတာနဲ့စောင်ပုံထဲပိုရ်ျတိုးဝင်ကာတရေးလောက်ထပ်အိပ်ဖို့ကြိုးစားပေမယ့်အောက်ကဆူညံသံတချို့ကြောင့်သူ့မျက်ခုံးတွေတွန့်ခနဲ ဆူညံသံတွေကိုမကြိုက်တာကြောင့်တိတ်ဆိတ်ငြိမ်သတ်တဲ့ရပ်ကွက်လေးကလူသိပ်မရှိတဲ့တိုက်ခန်းကိုရွေးဝယ်ထားခြင်းဖြစ်သည် အခုလိုဆူညံသံတွေကသူ့စိတ်အစုံကိုအစိုးမရဖြစ်စေသည် စောင်ပုံထဲကနေထထိုင်ကာဆံပင်တွေကိုဆွဲဖွရင်းဆူညံသံတွေလာရာဘက်ကိုကြည့်ရန်ဝရံတာဘက်ကိုထွက်လာသည်။
ဝရံတာသို့ထွက်ထွက်ချင်းဆောင်းရာသီရဲ့လတ်ဆတ်နေတဲ့လေအေးအေး ကသူ့မျက်နှာကိုကျီစယ်တိုက်ခတ်လာတော့စိတ်နဲနဲကြည်ချင်လာသလို သို့သော်ထပ်ကြားလိုက်ရတဲ့အသံတွေကြောင့်ချက်ချင်းပင်ကြည်လင်နေတဲ့စိတ်လေးပျောက်သွားရတော့သည် သူရဲ့တိုက်ခန်းလေးကသုံးထပ်မြှောက်မှာရှိတာကြောင့်အောက်ကဆူညံ့သံတွေကိုအခုလိုအတိုင်းသားကြားနေရခြင်း အောက်ကိုငုံ့ကြည့်လိုက်တော့ အိမ်ပြောင်းရွှေ့ဝန်ဆောင်မှုပေးသောကားအကြီးတစီးနှင့်ပစ္စည်းတွေချနေသောလူတချို့
BẠN ĐANG ĐỌC
𝚢𝚘𝚞 𝚊𝚛𝚎 𝚗𝚘𝚝 𝚖𝚢 𝚝𝚢𝚙𝚎||hopekook(complete)
Fanfiction"ကျနော်လူကြီးကိုချစ်တယ်" "မင်းကကိုယ့်အကြိုက်မဟုတ်ဘူးကောင်လေး" start (4.4.2022) End (21.4.2022)