5

580 106 15
                                    

လမ်းသွယ်လေးတခုပေါ်တွင်စက်ဘီးလေးတစီးလျင်မြန်စွာရွှေ့လျားနေသည် ခြေတံသွယ်သွယ်လေးများကိုအားကုန်သုံးရ်ျ‌အမြန်ဆုံးနှုန်းဖြင့်စက်ဘီး‌နင်းနေပုံမှာမြင်တွေ့ရသူအဖို့ရင်သပ်ရှုမောဖွယ် စက်ဘီးပေါ်ကကောင်ငယ်လေးကတော့ ပထမဆုံးအလုပ်စဆင်းရမည့်နေ့ဖြစ်တာကြောင့်စိတ်လှုပ်ရှားနေခြင်းပင် ။

တိုက်အောက်ရောက်သည်နှင့်တပြိုင်နက်စက်ဘီးအားလှေကားခန်းလေးထဲသို့ထည့်ရ်ျ တိုက်ခန်းဆီသို့ပြေးတတ်ရ၏ အလုပ်အချိန်သည်ကျောင်းချိန်ပြီးတစ်နာရီအကြာမှသွားရမည်ဖြစ်တာကြောင့်ရေချိုးအဝတ်စားလဲရန်အချိန်ရသည် ဝန်ထမ်းဝတ်စုံလဲရမည်ဖစ်တာကြောင့်ပေါ့ပေါ့ပါးပါးအနက်ရောင်ဟူဒီနှင့်ဒူးဖုံးဘောင်းဘီကိုသာဝတ်ဆင်လိုက်သည် ကိုယ်လုံးပေါ်မှန်‌အရှေ့တွင်ရပ်ရ်ျကိုယ့်ကိုကြည့်ကာဟိုဆော့နှစ်ခြိုက်စွာပြုံးလိုက်သည်

*ငါကဘယ်အချိန်ကြည့်ကြည့်ချောမောနေတော့တာဘဲ*

နံရံပေါ်ကနာရီဆီသို့အကြည့်ပို့လိုက်တော့အလုပ်ချိန်ရောက်ရန်မိနစ်နှစ်ဆယ်သာလိုတော့သည် မှန်ကိုနောက်တကြိမ်ပြန်ကြည့်ကာကိုယ့်ကိုအားပေးစကားဆိုလိုက်သည်

*လူကြီးရှေ့မှာအကောင်းဆုံးလုပ်ပြရမယ် ဟိုဆော့ ဖိုက်တင်း*

ထို့နောက်တွင်တော့တိုက်ခန်းကိုသော့ပိတ်ကာအောက်သို့အမြန် ပြေးဆင်းရ၏ စက်ဘီးထုတ်ရန်ခြေလှမ်းလှမ်းလိုက်သော်လည်းခေါင်းထဲအတွေးတခုပေါ်လာတာကြောင့် ထိုခြေလှမ်းများကဘတ်စ်ကားမှတ်တိုင်ဆီသို့ခပ်သွက်သွက်လှမ်းသွားတော့သည်။
______________

"ဟိုဆော့ဘာလို့မလာသေးတာလဲမသိဘူးနော် ဆယ်မိနစ်တောင်စွန်းနေပြီ"

စားပွဲတွေကိုသုတ်ရင်းပြောလာတဲ့မင်ဝူး သူကိုယ်တိုင်လည်းနာရီတကြည့်ကြည့်ဖစ်နေသည်မှာသူနှင့်ခနခနအကြည့်ခံ‌နေရသောနံရံပေါ်မှနာရီလေး သာသိလိုက်မည် သူကိုယ်တိုင်တောင်မသိလိုက်ခင်မှာဘဲကောင်လေးကိုသူမျှော်နေမိပြန်သည်

"ဟက်မင်းတွေ့ပြီမလား အလုပ်စဆင်းတဲ့ရက်တောင်စောစောမလာတာအဲ့"

𝚢𝚘𝚞 𝚊𝚛𝚎 𝚗𝚘𝚝 𝚖𝚢 𝚝𝚢𝚙𝚎||hopekook(complete)Donde viven las historias. Descúbrelo ahora