8 (final)

824 111 10
                                    

မင်ဝူးတယောက်ဂျောင်ဂု၏တိုက်ခန်းအောက်သို့ရောက်နေခြင်း

လွမ်းနာကျနေသောသူငယ်ချင်းကြီးကိုသူမှလမ်းမပြပေးရင်မဖစ်တော့ဟုတွေး ကာတိုက်ခန်းဆီသို့တတ်လာလိုက်သည်

*ဘယ်လိုငတုံးကောင်မှန်းမသိဘူး*

တအားတုံးလွန်းသောဂျောင်ဂုအားစိတ်ထဲမှကျိန်ဆဲနေခြင်း

တံခါးခေါက်တာဘယ်နှကြိမ်မြောက်မှန်းမသိတော့ပါ လက်ဆစ်တွေပင်နာနေလေပြီ‌ ထပ်ခေါက်ဖို့ရွယ်လိုက်တော့တံခါးလာဖွင့်ပေးသောသူငယ်ချင်းကြီး အိပ်မှုန်စုတ်ဖွားဖြစ်နေသောဂျောင်ဂုကိုကြည့်ပြီးရယ်ချင်စိတ်ကိုထိန်းလိုက်ရသည်။

"ဘာလာလုပ်တာ"

"ဖယ်စမ်းပါ"

သူ့ကိုတွန်းတိုက်ကာအိမ်ထဲဝင်လာသောမင်ဝူးကိုဘာမှပြောမနေတော့

"ဟယ်ဒါတွေကဘယ်လိုဖြစ်တာလဲ သားရီးမင်းရောဂါကတော်တော်ကျွမ်းသွားတာလား"

စိတ်မပါတာကြောင့်တပတ်လောက်မရှင်းဘဲပစ်ထားမိသောအိမ်အနှံ့ကိုကြည့်ရင်းပေါက်ပေါက်ဖောက်နေသောမင်ဝူးကိုစိတ်ပျက်သလိုသာကြည့်ကာဆိုဖာခုံတွင်ဝင်ထိုင်လိုက်သည်။

"ဘာလို့ဆိုင်မလာတာလဲ ဟိုဆော့လည်းမရှိ မင်းလည်းမရှိတော့ငါတယောက်တည်းဘယ်လောက်ရုန်းပန်းနေရလဲသိလား"

ရေခဲသေတ္တာမှရေဗူးကိုဆွဲကာသူအရှေ့ဝင်ထိုင်ရင်းပြောလာ၏

"ဒီတိုင်းး"

"ဘာဒီတိုင်းလဲ ဟိုဆော့သွားပြီးတည်းကမင်းဒီလိုဖစ်သွားတာလေ မင်းလဲချစ်နေတယ်မို့လား အက်ဒါများအစတည်းကဘာလို့ငြင်းခဲ့သေးလဲ"

"အခု အခုမှသိတော့ရောငါဘာများလုပ်နိုင်မှာမို့လို့လဲ ဟိုဆော့ကပြန်လာမှာမှမဟုတ်တာ"

ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ရင်းဆွေးဆွေးမြှေ့မြှေ့ဖြေလာတဲ့ဂျောင်ဂုကိုကြည့်ရင်းသူလဲစိတ်မကောင်းဖစ်မိပါသည် ဂျောင်ဂုကအချစ်ခံရဖို့အထိုက်တန်ဆုံးလူသားပါဘဲ အမြဲတိုင်းသန်မာနေခဲ့တဲ့ဂျောင်ဂုကဒီတခါမှာတော့သူ့ကိုယ်သူအရှုံးပေးထားပုံ

𝚢𝚘𝚞 𝚊𝚛𝚎 𝚗𝚘𝚝 𝚖𝚢 𝚝𝚢𝚙𝚎||hopekook(complete)Where stories live. Discover now