7

627 104 6
                                    

အချစ်*
အချစ်ဆိုတာဘယ်လိုမျိုးလဲ
အချစ်ဆိုတဲ့အရာကိုသူအယုံအကြည်မရှိဘူး  လူတွေကချစ်တယ်လို့ပြောကြတယ် ပြီးရင်သူတို့တွေကဘဲထားသွားတတ်ကြတယ် အဖေနှင့်အမေကလည်းသူ့ကိုချစ်တယ်တဖွဖွပြောရင်းထားသွားခဲ့ကြတာပါဘဲ အထက်တန်းကျောင်းတုန်းကအရမ်းချစ်ပါတယ်ဆိုတဲ့သူမကလည်းထားသွားခဲ့တာပါဘဲ နောက်ဆုံးတော့သူတယောက်တည်းကျန်ခဲ့ရတာဘဲလေ ဂျောင်ဂုငယ်စဉ်တည်းကအချစ်ဆိုသည့်အရာကိုအယုံကြည်မရှိတော့ပေ အခုကောင်လေးကရောတချိန်ကျရင်သူ့ကိုထားသွားမှာဘဲမဟုတ်လား

ရင်ထဲတွင်တင်းကျပ်နေ၏ ကောင်လေးဆီကချစ်တယ်ဆိုသောစကားကြားခဲ့သည့်အချိန်ကပေါက်ထွက်မတတ်ခုန်နေသောနှလုံးသားလေးကိုလျစ်လျုရှုရင်းသူငြင်းဆန်ခဲ့လေသည် သူ့ကိုယ်သူပင်နားမလည်ပါ ကောင်လေးကိုသူသံယောဇဉ်ရှိပါသည် ဒါကိုအချစ်လို့ခေါင်းစဉ်မတပ်သင့်ဘူးမဟုတ်လား တင်းကျပ်နေတဲ့ရင်အစုံကိုဖိကာမျက်လုံးတွေကိုမှိတ်ချလိုက်သည် အတွေးထဲပေါ်လာသည်ကညှိးငယ်နေသောကောင်လေး၏မျက်နှာ သူငြင်းလိုက်တော့ညိုးငယ်သွားတဲ့မျက်နှာလေးကိုသူမကြည့်ရက်ပါ ဘာကြောင့်လဲသူကိုယ်တိုင်ဘဲမချစ်လို့ငြင်းခဲ့တာမဟုတ်လားထိုမေးခွန်းတွေအတွက်အ‌ ဖြေမရှိပါ ဘာလို့ငြင်းခဲ့လဲလို့မေးလာလျင်ကောင်လေးကသူ့အကြိုက်မဟုတ်ဘူးလို့သာဖြေမည်။

*မင်းကိုယ့်ကိုမချစ်ခဲ့သင့်ဘူးဟို‌ဆော့ ကိုယ်တို့ဒီတိုင်းလေးဘဲဆက်သွားရအောင်*
________________

လူကြီးကငြင်းခဲ့ရင်တောင်သူကလူကြီးအနားတောက်တဲ့လို့တွယ်ကပ်နေမယ်ဆိုတဲ့စကားကလက်တွေ့အငြင်းခံလိုက်ရတော့ကြက်ပျောက်ငှက်ပျောက်ပါဘဲ

"ငါကလူကြီးအကြိုက်မဟုတ်ဘူးတဲ့လေ"

ဝမ်းနည်းစိတ်ကလှိုက်တတ်လာတော့သူငိုချလုဆဲဆဲ ဂျောင်ဟိုဆော့ဆိုတာငယ်ငယ်တည်းကမိဘတွေရဲ့အလိုလိုက်မှု အချစ်ခံရမှုတွေဘဲရရှိခဲ့တာကြောင့်အခုလိုအခြေနေကိုရင်မဆိုင်နိုင်ပါ ဖစ်နိုင်ရင်လူကြီးနှင့်ဝေးရာကိုထွက်ပြေးသွားချင်မိသည် သို့သော်လူကြီးနှင့်ဝေးရမှာလည်းကြောက်ပြန်သည် အခုချိန်သူလိုအပ်နေသည်မှာလူကြီးနဲ့နီးစပ်နိုင်ဖို့နည်းလမ်းသာ အဲ့ဒီမျက်ဝန်းတွေအဲ့ဒီမျက်ဝန်းတွေကတဆင့်သိခဲ့ရတဲ့အမှန်တရား လူကြီးကလည်းသူ့ကိုချစ်နေသည်လေထိုမျက်ဝန်းတွေကလိမ်လည်လို့မရဘူးမဟုတ်လား

𝚢𝚘𝚞 𝚊𝚛𝚎 𝚗𝚘𝚝 𝚖𝚢 𝚝𝚢𝚙𝚎||hopekook(complete)Where stories live. Discover now