4

582 104 17
                                    

ဆောင်းရာသီရဲ့မနက်ခင်းကချမ်းစိမ့်စိမ့် နေထွက်လာသော်လည်းအအေးဓာတ်ကမလျော့သောကြောင့်ဟိုဆော့စောင်ထဲသို့ပိုရျ်တိုးဝင်လိုက်သည်  ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့်အေးဆေးမှထမည်ဟုစင်းစားထားသော်လည်းအတွေးတခုကခေါင်းထဲဝင်လာတော့ချက်ချင်းပင်ထထိုင်လိုက်သည် နံရံပေါ်မှနာရီကိုလှမ်းကြည့်လိုက်၏ မနက်ဆယ်နာရီပင်ထိုးတော့မည် လေပူတချက်မှုတ်ထုတ်ရင်း အိပ်ယာသိမ်းရန်အတွက်ထလိုက်သည်

*ဒီအချိန်ဆိုလူကြီးအိမ်မှာမရှိလောက်တော့ဘူး*

အခုတလောလူကြီးကသူ့ကိုရှောင်နေသည်လိုထင်ရသည် မနက်ကျောင်းသွားချိန်တိုင်းတွေ့ရတတ်သောလူကြီးကိုမတွေ့ရသည်မှာဒီနေ့နှင့်ဆိုလေးရက်လောက်တောင်ရှိပြီဖြစ်သည် ဆူပုတ်ပုတ်နှင့်အိပ်ယာတွေကိုသာဆောင့်အောင့်ရ်ျသိမ်းနေမိသည် သူမအားလို့လဲပါပါသည်အချိန်ပိုင်းအလုပ်တခုလုပ်ရန် အလုပ်လိုက်ရှာနေသည်မှာအခုချိန်ထိမရသေး လူကြီးကိုအကူညီတောင်းရန်ကြိုးစားသော်လည်းဒီတလောမဆုံဖြစ်တာကြောင့်ဟိုဆော့ကြံရာမရဖြစ်နေသည် ဒီနေ့တော့သေချာပေါက်အလုပ်တခုရအောင်ရှာမည်ဟုတေးလိုက်သည်။
____________

"ဂျောင်ဂု"

"အင်းး"

"မင်းအခုတလောပုံမှန်မဟုတ်ဘူး"

ကောင်တာစားပွဲပေါ်တတ်ထိုင်ကာသူဈေးမှဝယ်လာသောပန်းသီးများကိုပိုင်စိုးပိုင်နင်းယူစားနေသောမင်ဝူးအားစိတ်ပျက်သလိုသာကြည့်လိုက်သည်

"ဘာကိုပုံမှန်မဟုတ်တာ"

"အော်အရင်ကစိုငါဖုန်းဆက်နှိုးမှဆိုင်ကိုလာတဲ့မင်းကငါတောင်မရောက်ခင်ဆိုင်လာဖွင့်တာဒီနေ့နဲ့ဆိုသုံးရက်လောက်ရှိပြီ ဧကန္တဟိုကောင်လေးကြောင့်များလား"

"ဟေးဟေးဘာမှမဆိုင်ဖူးနော် ငါ့ဟာငါငါ့ဆိုင်ငါစောစောလာဖွင့်တာလေ ဘာလဲမဖွင့်ရဘူးလား"

"အက်လိုပြောတာမဟုတ်"

~ကလင်

ဈေးဝယ်သူလာတာကြောင့်ကောင်တာမှခုန်ဆင်းသွားသောမင်ဝူးကိုကြည့်ရင်းသူရယ်ချင်စိတ်ကိုထိန်းလိုက်ရသည်။

𝚢𝚘𝚞 𝚊𝚛𝚎 𝚗𝚘𝚝 𝚖𝚢 𝚝𝚢𝚙𝚎||hopekook(complete)Donde viven las historias. Descúbrelo ahora