3

617 106 5
                                    

"ဒုန်း"

"အခုနှိုးကြည့်လိုက်"

သူလဲကားထဲဝင်ထိုင်ရ်ျသော့ကိုလှည့်လိုက်တော့ချက်ချင်းကိုနှိုးသွားတော့သည် သူထိုင်နေသောကားပြတင်းပေါက်နားတွင်ရပ်နေသောကောင်လေးကိုကြည့်ရင်းကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးဘဲ"

"ကျေးဇူးတင်ပြီးရင်ပြန်ဆပ်ရတယ်တဲ့"

"ဘာ!!အခုကမနေ့ကမင်းပစ္စည်းတွေတင်ပေးလို့ငါ့ကိုကျေးဇူးပြန်ဆပ်တာမဟုတ်လား"

"မဟုတ်ပါဘူး"

မတုံ့မဆိုင်းပြန်ဖြေလာသောကောင်လေးကိုသူအံဩသလိုသာကြည့်လိုက်သည် ဒီကောင်လေးတတ်လည်းတတ်နိုင်တယ်

"မနေ့ကကျနော်လာပို့တဲ့ဟင်းတွေစားမိလို့လူကြီးကကျနော့်ကိုကူညီတာလေ ဒါနဲ့မဆိုင်ဘူးလေ"

ထိုကောင်စုတ်လေးပြောနေတာတွေတခုမှသူနားမလည်ပါ ကပ်သီးကပ်ဖဲ့နဲ့ဘာပြောချင်နေမှန်းကိုမသိဘူး

"ဒီမှာမင်းဘာပြောချင်တာလဲရှင်းအောင်ပြော ငါ့မှာအချိန်မရှိဘူး"

"အော် ကျနော့်စက်ဘီးလေလျော့သွားလို့လေ ဟီးအဲ့ဒါအခု‌လူကြီးနဲ့လမ်းကြုံလိုက်ချင်လို့"

"ဘာ!!"

တဆိတ်ဒီကောင်လေးသူ့ကိုလာလာရှုတ်နေတာများနေပြီမဟုတ်လား ဒါတော့လိုက်မလျောနိုင်ပါ စရောက်တဲ့နေ့တည်းကအခုထိသူ့ကိုနည်းအမျိုးမျိုးနဲ့ဒုက္ခပေးနေသည်မှာသူစိတ်မရှည်ချင်တော့ ဂျွန်ဂျောင်ဂုကစိတ်ရှည်တဲ့လူစားမျိုးလည်းမဟုတ်

"မရဘူး"

"ဟာအက်လိုမလုပ်ပါနဲ့ ဒီတခါလေးပါဘဲ စက်ဘီးကလေလျော့သွားလို့ပါ"

"မရ"

မျက်နှာအနေအထားကိုတတ်နိုင်သလောက်တင်းမာနေအောင်လုပ်ပြီးလှည့်ကြည့်လိုက်တော့ကြည်လဲ့နေသောမျက်ဝန်းတစုံနဲ့ဆုံသည် ဂျောင်ဂုချက်ချင်းပင်အကြည့်လွှဲလိုက်ရသည် ထိုမျက်ဝန်းတွေကိုသူငြင်းဆန်နိုင်စွမ်းမရှိ ရင်ထဲတွင်လိပ်ပြာအကောင်တသန်းလောက်ပျံသန်းသွားသလိုခံစားချက်ကြီး အမျိုးအမည်မသိသောခံစားချက်ကြီးသည်ရင်ထဲတလှပ်လှပ်

𝚢𝚘𝚞 𝚊𝚛𝚎 𝚗𝚘𝚝 𝚖𝚢 𝚝𝚢𝚙𝚎||hopekook(complete)Onde histórias criam vida. Descubra agora