Ep 4

410 20 2
                                    


Uni

နန်းတော်သို့ ရှောင်းကျန့်တို့ကို ခေါ်လာပြီးနောက်

"ဒီကောင်လေးကို ​ကြာနီနန်းဆောင်မှာ နေရာချပေးလိုက် အင်း သူနဲ့ပါလာတဲ့ ဒီကောင်မလေးကိုတော့ ​ယွင်မုန့်နန်းဆောင်ကို ပို့လိုက်"

ကျိုးချန်နဲ့ယွီပင်းမှာ ခနတာအံ​​သြမိသွားသည်။အကြောင်းကတော့ ကြာနီနန်းဆောင်ဆိုသည်မှာ မင်းမြတ်နိုးမှုရရှိသော မိဖုရားတွေသာ စံစားရတဲ့ နန်းဆောင်ဖြစ်သည်။နောက်တစ်နည်းဆိုရလျှင် ကြင်ယာတော်ဆောင်ပေါ့။အင်း သူတို့ရဲ့ အရှင်တော့ အချစ်ကို ရှာတွေ့ပြီထင်ပါရဲ့။

"အမိန့်အတိုင်းပါ မင်းကြီး"

သူတို့လဲ မင်းကြီးကို ဂါရဝပြုပြီးနောက် အမိန့်အတိုင်းလုပ်ဆောင်ရလေသည်။

မင်းကြီးလည်း ပင်ပန်းလာသဖြင့် သူ၏ တိမ်လွှာနန်းဆောင်သို့ ပြန်နား​လေတော့သည်။

_________________________

မနက်ဘက် ညီလာခံတွင်

"အရှင်မင်းကြီး အခုမှတွေ့တဲ့ သူကို ဟွမ်ကွေ့ဖေးအဆင့်ပေးတာ မဖြစ်သင့်ပါဘူး ပြည်သုတွေလဲ ​လက်ခံမှာ မဟုတ်ပါဘူး မင်းကြီး ပြန်လည်သုံးသပ်ပေးတော်မူပါ"

"ပြန်လည်သုံးသပ်ပေးတော်မူပါ မင်းကြီး"

"ပြန်လည်သုံးသပ်ပေးတော်မူပါ မင်းကြီး"

"ပြန်လည်သုံးသပ်ပေးတော်မူပါ မင်းကြီး"

အမတ်များဟာ သူတို့သမီးပျိုများ နေရာမပျောက်ဖို့ရန်အတွက် တညီတညွတ်တည်း ကန့်ကွက်ကြလေသည်။

မင်းကြီးက မနေ့က တွေ့တဲ့ ကောင်လေးကို ကြင်ယာတော်မြှောက်မည့်အပြင် ဟွမ်ကွေ့ဖေးအဆင့်ထိပါ ပေးအပ်ဦးမည်ဆိုတော့ သူတို့အနေနှင့် မည်သို့လက်ခံနိုင်မည်နည်း။ကြင်ယာတော်ဘွဲ့ဆိုတာ မင်းမြတ်နိုးမှုကို ရရှိထားသော သူကိုသာ ပေးအပ်ရသော ဘွဲ့ဖြစ်သည်။အခုဟွမ်ကွေ့ဖေးဘွဲ့ပါ ပေးတော့ မကြာခင်မှာ ဟွမ်ဟုတ်(ဧကရီ)ပါ ဖြစ်သွားနိုင်သည်။

ထို့ကြောင့် သူတို့မှာ အပြင်းအထန်ကန့်ကွက်ကြလေသည်။

ဒုန်းးး!!!

Wang King ' s Rabbit Empress🐇Nơi câu chuyện tồn tại. Hãy khám phá bây giờ