Uniနောက်တစ်နေ့မနက် ရှောင်းလဲ အရှင်မရှိတုန်း
အားမိန့်နဲ့အထိန်းတော်ကြီးကိုခေါ်ကာ နန်းတော်ရဲ့နေရာအချို့ လှည်ပတ်လေသည်။တစ်နေရာအရောက်
"အိုမို့ ကြင်ယာတော်ရှောင်းဆိုတဲ့ တစ်ယောက်က အရှင့်ကို ဘယ်လောက်တောင် မြူဆွယ်ထားလဲ မသိဘူး ငါတို့လို လှပတဲ့ မိန်းမပျိုတွေကိုတောင် လှည့်မကြည့်ဘဲ သူ့ကို ဒီလိုရာထူးတွေ ပေးထားတာ"
"ဟုတ်ပအေ တကယ်ဆို ယောကျာ်းတန်မဲ့ ကောတွေကိုတောင် ဖေးအဆင့်ထိဘဲ ချီးမြှင့်ခွင့်ပေးထားတာကို သူ့ရဲ့ရုပ်ကလေးနဲ့ဗန်းပြပြီး အရှင့်ကို သူ့ဘက်ပါအောင် ဆွဲထားတာ နေမှာပေါ့"
"တော်ပါတော့ဟယ် နံရံတိုင်းမှာ နားတွေ ရှိတယ်တဲ့ နင်တို့ ခေါင်းပြတ်မယ်နော်"
"ဟုတ်ပ တော်ပြီ ငါတို့ တခြားအကြောင်းဘဲ ပြောရအောင်"
နံရံနောက်ကွယ်က ရှောင်းကတော့ ကိုယ်လုပ်တော်တွေ ပြောနေတဲ့ စကားတွေကို ကြာပြီး မျက်နှာပျက်သွားတယ်။
အားမိန့်ကတော့ မိန်းမငယ်လေးဖြစ်တဲ့အပြင် သူ့သခင်ကို မကောင်းပြောနေကြတော့ တရှူးရှူးနဲ့ဒေါသထွက်နေလေတယ်။
"ကြင်ယာတော် သူတို့က ကြင်ယာတော့်ကို မကောင်းပြောနေကြတယ် သူတို့အဆင့်လောက်နဲ့လေ မင်းကြီး ေလျှာက်တင်ရမယ်"
"ထားလိုက်ပါ အားမိန့် ငါနားချင်ပြီ အဆောင်ကိုဘဲ ပြန်ကြတာပေါ့"
ပြောပြီး အရှေ့ကနေ အရင်ထွက်သွားတဲ့ ကြင်ယာတော်ကြောင့် အားမိန့်လဲ ဟိုကိုယ်လုပ်တော်တွေကို မကျေနပ်ပေမဲ့ ကြင်ယာတော်နောက်သာ လိုက်သွားလိုက်တယ်"
💕💕💕💕💕💕💕💕💕💕
တစ်ဖက်က ရှောင်းဝူကတော့ ကျန့်ကျင်နဲ့ စကားလက်ဆုံကျနေလေတယ်။
"ကျန့်ကျင်ကော ကောက အားဝူတို့ကိုတောင် မေ့နေပြီလားမသိဘူး ဝမ်မင်းကြီးနဲ့လက်ထပ်ပြီးတည်းက ပေါ်ကိုမလာတော့ဘူး ဟွန့်"
"သူမအားလို့နေမှာပါ ဒါဖြင့် ကောတို့ အားကျန့်ကို သွားတွေ့ကြမလား"
VOCÊ ESTÁ LENDO
Wang King ' s Rabbit Empress🐇
Ficção Históricaကိုယ်တော့်ဘဝမှာ မင်းကသာ ကိုယ်တော့်ရဲ့အရာရာမို့ မင်းကို ထိတဲ့သူမှန်သမျှ တယောက်မှ အသက်မရှင်စေရဘူး။ #Wang Yibo အရှင် ကျနော်တို့ နှစ်ယောက်က ဘယ်လိုမှမပေါင်းဖက်နိုင်တဲ့ အခြေအနေဆိုပေမဲ့ အရှင်ကတော့ ကျနော့ကိုဘဲ ရွေးချယ်မယ်ဆိိုတာ ကျနော် ယုံကြည်ပါတယ်။ #Xiao Zh...