Unicode
"ကောင်လေးဘာလို့ဒီလောက်ကြည့်ကောင်းနေတာလဲ ပွဲထဲတောင်မလွှတ်ချင်တော့ဘူးကွာ"သူ့ကိုရင်ခွင်ထဲထည့်ထားတဲ့လူကြီးကိုကြည့်ပြီး င်ခုန်သံတွေမြန်လာတယ်၊ဒါကအတုအယောင်ကမ္ဘာဆိုတာသိပေမဲ့ဒီကလူတွေကိုသူ့စိတ်ရင်းနဲ့ပဲဆက်ဆံခဲ့တယ်၊ဒီလူတွေနဲ့မခွဲချင်ဘူး၊သူ့အဖိုးနဲ့ဒီလူကြီးကသူ့အပေါ်အရမ်းကောင်းကြတယ်၊
တကယ့်ကမ္ဘာမှာနောင်မရဘူးတဲ့မေတ္တာတွေနဲ့ပေါ့
"ခင်ဗျားကြီးကဒီလိုစကားတွေနဲ့လာမချွေနဲ့ ကျွန်တော်ကြည့်ကောင်းတာကျွန်တော်သိတယ်"
"ဟုတ်ပါတယ် ကောင်လေးကကြည့်ကောင်းပါတယ်ဗျာ"
"ကျွန်တော်တို့ပွဲထဲဆင်းရအောင်လေဗျာ အဘိုးတို့စောင့်နေမယ်"
"ကောင်လေးကိုယ့်ကိုကတိပေးထားတာမှတ်မိသေးလား"
ကျွန်တော်မှတ်မိတာပေါ့ဗျာ၊ဒါပေမဲ့လူကြီးကိုတော့နည်းနည်းကလိရမယ်
"ဘာလဲဟင်"
မျက်လုံးလေးပေကလပ်နဲ့လုပ်ပြလိုက်တော့သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေတဲ့လူကြီးကြောင့်စိတ်ဆိုးနေမှန်းသိလိုက်တယ်၊
ခပ်ဟဟလေးရယ်ပြီးလူကြီးရဲ့မျက်နှာလေးကိုလက်နဲ့ကိုင်လိုက်ပြီး
"လူကြီးကျွန်တော်ကပေးပြီးသားကတိကိုမေ့စရာလား"
ပြောလိုက်တော့မျက်နှာဝင်းလာပြီး
"ဒါဆိုပြောတော့လေ ကိုယ့်ကိုချစ်လား""ကျွန်တော်လူကြီးကိုချစ်ပါတယ်လူကြီးကကျွန်တော်ရဲ့အချစ်ဆုံးလူပါ"
"တကယ် ကိုယ်အိမ်မက်မက်နေတာမဟုတ်ဘူးမလား"
"တကယ်ပေါ့ အိမ်မက်လို့ထင်လို့လား"
"ကျေူဇူးပါ ကိုယ့်ကိုချစ်ပေးလို့၊ကျေးဇူးပါကိုယ့်ဘဝထဲဝင်လာပေးလို့ ကောင်လေးကိုယ်ကတိပေးတယ်ဘယ်တော့မှကောင်လေးကိုစိတ်မပျက်စေရဘူးလို့"
သူ့ကိုလေးလေးနက်နက်ကြည့်ပြီးကတိပေးလာတဲ့လူကြီးကြောင့်သူကိုယ်တိုင်မသိဘဲဂုဏ်ရောင်နဖူးလေးကိုနမ်းမိတယ်၊သူသတိဝင်လာတဲ့အချိန်မှာပထမဆုံးထွက်ပြေးမိတာပင်
YOU ARE READING
System White
Fantasysystem ficလေးပါ၊ခုမှsystem ficကိုပထမဆုံးေရေးတဲ့အတွက်အမှားပါရင်သည်းခံပေးကြပါနော် ပုံ crd start date - december 10 2021