Real life 1

975 68 12
                                    


မြူခိုးမျက်လုံးဖွင့်လိုက်တော့သူရင်းနှီးနေတဲ့မျက်နှာကျက်ကိုမြင်လိုက်ရပြီးအလျင်အမြန်ထထိုင်ပြီးဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့သူ့ရဲ့အခန်းထဲကိုရောက်နေမှန်းသိလိုက်သည်

အချိန်ကိုကြည့်လိုက်တော့သူမသေခင်၃နှစ်ကိုရောက်လာတာပဲ။သူ့ကုမ္ပဏီကနာမည်အရမ်းမကြီးသေးပေမဲ့ပုံမှန်အတိုင်းလေးလည်ပတ်နေသေးသည်၊

သူ့လူကြီးကိုဘယ်လိုရှာရမှာလဲ၊သူ့လူကြီးကိုစိတ်ပူနေမိသည်၊သူတွေးနေတုန်းဘေးနာကဖုန်းမြည်သံကြောင့်ဖုန်းကိုကြည့်လိုက်တော့သူ့ရဲ့ချစ်လှစွာသောညီလေးပင် သူတို့ကသူတို့သေတွင်းကိုကိုယ်တိုင်လာရှာတာပင်၊မြူခိုးဖုန်းကိုင်လိုက်တော့ရွှင်မြူးပြီးပျော်ရွှင်နေတဲ့လူငယ်အရွယ်အသံတစ်သံကိုကြားလိုက်ရသည်အကိုရေ ဒီနေ့အားလား"
"‌ဘာကိစ္စလဲ"
"အကိုမေ့နေပြန်ပြီလား မနေ့ကပြောထားတယ်လေအကို့အတွက်ကောင်မလေးတစ်ယောက်ရှာပေးမယ်လို့ပြောထားတယ်လေ အရမ်းလှတာနော် အကိုမလာရင်နောင်တရမယ်နော်"
ဒါဆိုဒီနေ့မှာဝိုင်ကိုသူနဲ့‌မိတ်ဆက်ပေးမယ့်နေ့ပေါ့
"လိပ်စာနဲ့အချိန်ကိုmessageပို့ထားလိုက်"
မြူခိုးပြောပြီးနောက်ဖုန်းကိုတန်းချလိုက်တော့တယ်

မင်းခန်းမှာသူ့အရူးအကိုရဲ့အေးဆက်ဆက်စကားကြောင့်ခနကြောင်အသွားပြီးကျိန်ဆဲမိလိုက်တော့သည်
"အဲ့ကောင်ကဘာဖြစ်ချင်နေတာလဲသူ့ကိုယ်သူဘာကောင်လို့ထင်နေတာလဲ ချီးပဲ"
မင်းခန့်ရဲ့စကားကြောင့်အိပ်ယာဘေးကဝိုင်မှာနိုးလာပြီးသူ့ရဲ့စွဲမက်စရာနေရာတွေကိုစောင်နဲ့ဖုံးအုပ်ထားတာသူ့မရဲ့ခေါင်းလေးကိုသူချစ်ရတဲ့မင်းခန့်ပခုံးပေါ်မှီလိုက်ကာ
"ဘာဖြစ်တာလဲ မောင်ရဲ့"
မင်းခန့်မှာသူရဲ့အချစ်လေးကိုကြည့်လိုက်တော့လည်တိုင်သွယ်သွယ်မှာသူပေးထားတဲ့အမှတ်သားလေးတွေနဲ့လှပနေတဲ့‌အချစ်လေးကြောင့်နောက်ထပ်တစ်ဖန်ချစ်ချင်စိတ်တွေပင်ပေါ်လာသည်၊ဒါပေမဲ့သူထပ်လုပ်လို့မဖြစ်ပေ၊သူ့အကိုနဲ့တွေ့ဖို့ချိန်းထားတဲ့အချိန်နီးလာပြီပင်။ရေရှည်အစီစဉ်အတွက်သူသည်းခံရမှာပင်
"ကိုယ့်ရဲ့အသုံးမကျတဲ့အကိုလေ ကိုယ့်ကိုအထက်စီးဆန်ဆန်ဆက်ဆံနေလို့"

System WhiteWhere stories live. Discover now