Arc 4.6

1K 76 7
                                    

လူသတ်စင်ပေါ်တွင်အပြစ်သားအမျိုးသမီးကခေါင်းစွပ်အမဲကိုဝတ်ထားကာခေါင်းဖြတ်သတ်ခံလိုက်ရသည်

ဝမ်ရိရှင်းဟာအပြစ်သားကိုစီရင်လို့ပြီးသွားချိန်မှာနန်းဆောင်ပြန်သွားခဲ့သည်၊ဇာတ်လိုက်ကိုနန်ဆောင်အပြင်ဘက်ကိုစောင့်ခိုင်းလိုက်ကာ သူ့အိပ်ဆောင်အတွင်းထဲက လျို့ဝှက်လှိုင်ဂူထဲဝင်လာခဲ့တယ်။ဒီလှိုက်ဂူကမူလပိုင်ရှင်ငယ်ငယ်ကတည်းကလုပ်ဆောင်ခဲ့တာပင်။ဒီလှိုင်ဂူအတိုင်းလျှောက်သွားခဲ့ရင်အပြင်ဘက်တောတစ်နေရာကိုရောက်သွားပေမည်

ကျောက်စဲ့စဲမှာအပြစ်ပေးစင်ကိုသွားနေတုန်းလုပ်ကြံသူတွေရောက်လာပြီးသူ့ကိုခေါ်ဆောင်သွားတဲ့ရဲမက်တွေမှာအသတ်ခံလိုက်ရပြီးသူလဲမေ့မြောသွားသည်

‌သူသတိရ‌လာတော့တောထဲကလိုင်ဂူမှာရောက်နေတာကိုသတိထားမိသွားသည်။ဘေးပတ်ပတ်လည်ကိုကြည့်တော့ဝတ်ရုံအမဲကိုဝတ်ထားပြီးမျက်နှာကိုဖုံးကွယ်ထားတဲ့အမျိုးသား၃ယောက်ကိုတွေ့ရသည်။ပြီးတော့ဝတ်စုံအဖြူဝတ်ထားတဲ့သူ့ရင်းနှီးတဲ့မျက်နှာတစ်ခုကိုရော‌လာတော့တောထဲကလိုင်ဂူမှာရောက်နေတာသတိထားမိသွားသည်။ဘေးပတ်ပတ်လည်ကိုကြည့်တော့ဝတ်ရုံအမဲကိုဝတ်ထားပြီးမျက်နှာကိုဖုံးကွယ်ထားတဲ့အမျိုးသား၃ယောက်ကိုတွေ့ရသည်။ပြီးတော့ဝတ်စုံအဖြူဝတ်ထားတဲ့သူ့ရင်းနှီးတဲ့မျက်တစ်ခုကိုရော
"အရှင် ..အရှင်မင်းကြီး"
"အင်း..အကိုပါ မစိုးရိမ်ပါနဲ့"
"ဘယ်လိုလုပ်ပြီး ....ညီမကအပြစ်ပေးခံရမှာမဟုတ်လား
ဘယ်လိုလုပ်ပြီး"
"ညီမကအရမ်းငယ်သေးတယ် ဒီကမ္ဘာကြီးပေါ်ကလှပတဲ့မြင်ကွင်းတွေကိုတောင်‌မကြည့်ဖူးသေးဘူးမလား
ခုတစ်ခေါက်တော့အခွင်‌့ရေးရလာပြီ ညီမကြည့်ဖူးချင်လား"
ကျောက်စဲ့စဲ့မှာဝမ်းနည်းတကြီးရှိုက်ငိုကာအသံများပင်တုန်လာသည်
"ကြည့်ဖူး..ချင်ပါတယ်ဒါ...ဒါပေမဲ့ညီမက..ဟင့်...အပြစ်လုပ်ထားတဲ့သူလေ"
ဝမ်ရိချင်းမှာကျောက်စဲ့စဲ့ခေါင်းကိုပုတ်ပေးလိုက်ကာ
"ညီမလေးအဖေကိုကတိပေးထားတယ်သူ့မိသားစုကိုစောင့်ရှောက်ပါ့မယ်လို့ ညီမလေးအမေကို အကိုမကယ်တင်ပေးနိုင်ခဲ့ဘူး အခုညီမလေးကိုပါမကယ်တင်နိုင်ခဲ့ရင်ဦးလေးကျောက်ကိုဘယ်လိုမျက်နှာချင်းဆိုင်ဝံ့တော့မလဲ"
"ဒါပေမဲ့အကိုညီမလေးကိုကယ်ရင် အကို့ကိုဝိုင်းအပြစ်တင်လိမ့်မယ်"
"အဲ့ကိစ္စကိုစိတ်ပူစရာမလိုဘူး ညီမလေးနေရာမှာတခြားတစ်ယောက်ကိုအစားထိုးလိုက်ပြီ တခြားသေမိန့်ချခံထားရတဲ့ရာဇဝတ်သားနဲ့"

System WhiteWhere stories live. Discover now