Unicode
ဘေးကကြည့်နေတဲ့သူတွေကလဲLiamရဲ့စကားတွေကိုကြားပြီးတဖြုတ်ဖြုတ်ကြွေလာကြသည်၊
Noahကသနားစရာကောင်းစွာငိုလာပြီးLiamကိုမျက်းလုံးရွှဲကြီးနဲ့ကြည့်ကာ
"ငါမင်းကိုမချစ်သင့်မှန်းသိပေမဲ့ချစ်ခဲ့မိတာငါ့အပြစ်ပါ၊ချစ်မိတာကအပြစ်ဆိုရင်ငါကျေကျေနပ်နပ်ခံယူမှာပါ၊ငါ့ကြောင့်ငါ့ညီလေးကိုမခံစားစေချင်ပေမဲ့မင်းအပေါ်ချစ်မိတဲ့ငါ့အချစ်ကိုတားမရခဲ့ဘူးLucasငါတောင်းပန်ပါတယ်၊Liamရဲ့အမှားမမဟုတ်ပါဘူး၊အကုန်ငါ့ကြောင့်ပါ"
Lucasမှာဇာတ်လိုက်မရဲ့စကားတွေကြားပြီးမျောသွားတယ်လို့တောင်ခံစားလိုက်ရသည်၊ဘေးကလူတွေအားလံုးကလည်းထောက်ခံလာကြသည်
"Noahပြောတာမှန်တယ်ချစ်မိတာကအပြစ်လား"
"သူတို့ကနောက်ကျပြီးတွေ့သွားရုံပါဘာလို့Noahတို့ကိုဝိုင်းအပြစ်တင်နေကြတာလဲ"
"တကယ်ဆိုNoahနဲ့Liamကမှတကယ်ကိုလိုက်ဖက်တဲ့စုံတွဲတွေမလား"Lucasမှာဘေးကစကားတွေကြောင့်ဟားတိုက်တောင်ရယ်လိုက်ချင်တော့သည်၊ဘယ်စနိုက်ကြော်တွေကိုဒီလိုချီးမြောက်တာကြားဖူးလို့တုန်း၊ဒါပေမဲ့သူတို့ပြောတာမှန်တောပဲ၊စနိုက်ကြော်နဲ့ခြံခုန်နွားလောက်လိုက်ဖက်တဲ့အတွဲပဲ၊သူတို့ထက်လိုက်ဖက်တဲ့အတွဲမှမရှိတာ
"အကိုပြောတာမှန်ပါတယ်"
Lucasရဲ့စကားကြောင့်အားလုံးကတိတ်ဆိတ်သွားပြီးLucasကိုအထူးဆန်းတဖွယ်ဝိုင်းကြည့်ကြသည်"အချစ်ကိုတားလို့မရဘူးဆိုတာလေ"
Lucasရဲ့စကားကြောင့်Noahစိတ်ထဲကနေLucasကိုအထင်မြင်သေးစွာကြည့်နေတော့သည်၊ငါအစထဲကကြိုက်လာတဲ့သူကိုဘယ်သူကကြိုက်ခိုင်းနေလို့လဲ၊နင့်လိုလူကိုဘယ်သူမှချစ်ကြမှာမဟုတ်ဘူးမိဘတွေကအစငါ့ကိုပဲချစ်ကြတာလေ၊ငါ့လူတွေကိုနင်ဘယ်တော့မှမရစေရဘူး၊
ပတ်ဝန်းကျင်တွေကတော့နည်းနည်းလေးငိုပြလိုက်တာနဲ့ငါ့ဘက်ကိုရောက်လာကြမှာပဲ
"ဒါပေမဲ့အကိုသိလားတိရစ္ဆာန်နှင့်လူဘာကွာခြားလဲဆိုတာ"
NoahကLucasအသံကိုကြားတော့မော့ကြည့်လိုက်တော့နတ်ဆိုးဆန်ဆန်သူ့ကိုပြုံးပြနေတဲ့Lucasကိုတွေ့လိုက်သည်
YOU ARE READING
System White
Fantasysystem ficလေးပါ၊ခုမှsystem ficကိုပထမဆုံးေရေးတဲ့အတွက်အမှားပါရင်သည်းခံပေးကြပါနော် ပုံ crd start date - december 10 2021