Arc 4.3

1K 72 0
                                    

ကျောက်စဲ့စဲမှာတုန်လှုပ်သွားသည်။အရင်ကသူ့ကိုစွဲလန်းခဲ့တဲ့မျက်ဝန်းတွေနဲ့မတူတော့ဘဲအာဏာပြင်းပြီးအေးစက်တဲ့အကြည့်တွေကသူ့မကိုထိတ်လန့်စေသည်။လုံးဝမတူတဲ့လူနှစ်ယောက်လိုပင်

ကျောက်စဲ့စဲ့မှာထိတ်လန့်တကြားဒူးထောက်ကာအသနားခံတော့သည်

"အရှင်မင်းကြီး တောင်းပန်ပါတယ်၊ကျွန်တော်မျိုးမအသိစိတ်လွှတ်သွားလို့ပါ ခွင့်လွှတ်ပါမင်းကြီး"

ဝမ်ရိရှင်းဟာဇာတ်လိုက်မရဲ့ကြောက်လန့်သွားတဲ့အမှုရာကြောင့်စိတ်ထဲပိုနေလို့ကောင်းသလိုခံစားရသည်။
သူကအမျိုးသမီးတွေကိုအနိုင့်ကျင့်တဲ့မကောင်းတဲ့လူမဟုတ်ပါဘူးနော်။ဒီတိုင်းခြိမ်းခြောက်ယုံတင်ပါ

"နောက်တစ်ခါဒီလိုမဖြစ်စေနဲ့ ကျန်းဆီလာတာဘာကိစ္စလဲ"
ကျောက်စဲ့စဲ့မှာလှပစွာပြုံးပြီးဝမ်ရိရှင့်ရဲ့ရင်ဘက်ပေါ်ခေါင်းလေးမှီထားရင်း

"မင်းကြီး ကျွန်တော်မျိုးမအဆောင်ကိုမလာတာကြာလို့ပါ၊မင်းကြီးကိုသတိရနေတာ ဒါ့ကြောင့်ပါ"
"ကျန်း ခုတလောအလုပ်တွေများနေလို့ပါ"
"မင်းကြီး ခုတလောခေါင်းကိုက်စရာကိစ္စ‌တွေရှိနေတယ်လို့ကြားမိတယ် ဘာကိစ္စများလဲ"

ဝမ်ရိရှင်းမှာသူ့ကိုမှီနေတဲ့ဇာတ်လိုက်မကြောင့်းစိတ်အနှောက်ယှက်ဖြစ်လာတာကြောင့်သူမပခုံးကိုကိုင်ကာတွန်းထုတ်လိုက်သည်
"ဘယ်သူပြောတာလဲ ကျန်းရဲ့ကိစ္စတိုင်းကိုမင်းကိုပြန်ပြောနေတဲ့လူတောင်ရှိနေပြီပေါ့"

ကျောက်စဲ့စဲ့မှာမျက်ရည်များဝဲလာကာကြောက်လန့်တကြားနဲ့
"မင်းကြီးအဲ့လိုမဟုတ်ပါဘူး အထိန်တော်ကိုမင်းကြီးစိတ်ရှုပ်စရာများရှိလားလို့မေးကြည့်တာပါ မင်းကြီးကိုထောက်လှန်းနေတာ,မဟုတ်ပါဘူး မင်းကြီးကိုစိုးရိမ်လို့ပါ"
"မိဖုရားကိုယ့်နေရာကိုယ်သိတာကောင်းလိမ့်မယ်
ကျန်းရဲ့သီးခံနိုင်စွမ်းကိုလာမဆွနဲ့"

ကျောက်စဲ့စဲ့မှာခေါင်းကိုငုံ့လိုက်ကာဒေါသတကြီးး
လက်သီးဆုပ်ထားလိုက်သည်။'
ဒီနေ့အဲ့ငတုံးကအရမ်းပြောင်းလဲသွားတာလဲ။ရှင်တုံးနေတာအကောင်းဆုံးဆိုတာမသိဘူးလား။ဟက်က်..ရှင်ဘယ်ထိအဲ့လိုနေနိုင်မလဲကြည့်ရသေးတာပေါ့'

System WhiteWhere stories live. Discover now