Arc 4.7

859 59 2
                                    

ဝမ်ရိရှင်းဟာကျန်းကျွင်းဟန်ရဲ့စကားကြောင့်ထိတ်လန့်သွားပေမဲ့အလျင်အမြန်ပဲစိတ်တည်ငြိမ်သွားသည်။သူ့လူကြီးသိလည်းကိစ္စမရှိပါဘူး၊သူလည်းနန်တော်ကထွက်သွားဖို့ပြင်ဆင်နေပြီပင်
"အင်း ဟုတ်တယ် သိသွားပြီဆိုတော့ဘာဆက်လုပ်ဖို့စဉ်းစားလဲ"

ကျန်းကျွင်းဒူးအလျင်အမြန်ထောက်ကာ
"အရှင်မင်းကြီးကကောဖြစ်ရင်တောင်တိုင်းပြည်ရဲ့ဧကရာဇ်ပါ"
"ကိုယ်တော်ကဧကရာဇ်မလုပ်ချင်တော့ဘူးဆိုရင်ကော"
ကျန်းကျွင်းဟန်မှာကြားလိုက်ရတဲ့စကားကြောင့်အံ့ဩတုန်လှုပ်သွားမိသည်
"ဘာတွေဒီလောက်အံ့ဩနေတာလဲ ကိုယ်တော်ကကောဆိုတာတစ်နေ့တော့ပေါ်လာမှာပဲလေမဟုတ်ဘူးလား အဲ့နေ့ရောက်ရင်ကိုယ်တော်ကနိုင်ငံကိုလိမ်လည်မှုနဲ့သေမိန့်ကျခံရမှာပဲနောက်ကျတာနဲ့စောတာပဲကွာခြားတယ်မလား"
ကျန်းကျွင်းဟန်မှာသူ့ကောင်လေးရဲ့စကားကြောင့်ရင်ထဲမှာစို့နစ်မိသွားသည်။သူလက်မခံပေသူ့ကောင်လေးကိုသူအစွမ်းကုန်ကာကွယ်မှာပင်။သူ့အသက်သေသွားရင်တောင်
"ကျွန်တော်မျိူမင်းကြီးကိုအစွမ်းကုန်ကာကွယ်ပါ့မယ် ဘာမှအဖြစ်မခံပါဘူး"
"ဟက်..မင်းရဲ့ဒီလိုအာဏာနဲ့လား ခုမင်းလက်ထဲမှာဘာအာဏာရှိလဲလူတစ်ယောက်ရဲ့သေခြင်းရှင်ခြင်းကိုဆုံးဖြတ်နိုင်တဲ့အရည်အချင်းမျိုးရှိလား"
ကျန်းကျွင်းဟန်မှာသူ့ကောင်လေးရဲ့စကားကိုငြင်းနိုင်စွမ်းသူ့မှာမရှိပေ၊ကျန်းကျွင်းဟန်မှာသူ့ကောင်လေးမျက်နှာကိုမော့ကြည့်လိုက်ကာ
"ကျွန်တော်မျိုးမှာခုဘာမှမရှိသေးဘူးဆိုရင်တောင်တစ်နေ့တော့ရှိလာမှာပါအဲ့နေ့အထိစောင်‌့ပေးနိုင်မလား"
"ဟားးဟားးကိုယ်တော်ကဘယ်နှနှစ်စောင့်ပေးရမှာလဲ၁၀နှစ် အနှစ်၂၀မင်းကကိုယ်တော်စောင့်နေပေးရတဲ့အထိထိုက်တန်လို့လား"
ဝမ်ရိရှင်းမှာသူ့လူကြီးကိုပြောလိုက်တဲ့စကားတိုင်းကသူ့ရင်ကိုအစိမ်းလိုက်ခွဲသလိုနာကျင်နေရပေမဲ့သူ့မှာလည်းနည်းလမ်းမရှိတော့ပေ

"မင်းဘုရင်ဖြစ်လာမယ်ဆိုရင်ရော ကိုယ်တော်အစား"
သူ့လူကြီးရဲ့ငြင်းဆန်လိုတဲ့အရိပ်အယောင်များကြောင့်
"ဘာလဲငြင်းဆန်ချင်တာလား မင်းကကိုယ့်တော်အပေါ်မှာဆပ်စရာအကြွေးတွေအများကြီးရှိတယ်ဒီလိုနည်းလမ်းနဲ့ကျေးဇူးပြန်ဆပ်ပေါ့ဒါဆိုကိုယ်တော်လဲအသက်ရှင်မယ် မင်းလဲတာဝန်ကျေတဲ့သားကောင်းတစ်ယောက်ဖြစ်မယ်"
"ဒါဆိုအရှင်ကထွက်သွားမှာလားကျွန်တော်မျိုးဆီကနေ"
"ကိုယ်တော့်ကိုကတိနှစ်ခုပေးအဲ့ကတိနှစ်ခုတည်တဲ့နေကိုယ်တော်ပြန်လာမယ်"
ကျန်းကျွင်းဟန်ရဲ့မျက်လုံးများမှာကြယ်ရောင်ကဲ့သို့တောက်ပလာသည်
"အရှင်သာပြန်လာရင်ဘယ်လိုကိစ္စမဆိုကျွန်တော်မျိုးလုပ်ပါ့မယ်"
"ပထမကတိက ကောတွေကသာမန်လူမျိုးလိုအရာရာတိုင်းအတွက်တန်းတူအခွင့်အရေးရှိရမယ်
ဒုတိယကတိကတော့ ဘုရင်ကောင်းတစ်ပါးဖြစ်အောင်နေပါ"

System WhiteWhere stories live. Discover now