'chapter.17'

2.4K 242 20
                                    


unicode. .


. .

စိမ်းသက်သက်မြေနံ့နဲ့အတူခေါင်းကထုံကျင်ပြီး
နိုးလာခဲ့သည်။

သူအခုဘယ်ကိုရောက်နေတာလဲ..?

မျက်လုံးကိုခပ်လေးလေးအတင်းဖွင့်ပြီး
နောက်မှာသူ့ခေါင်းအနောက်ကိုဖွဖွလေး
ကိုင်မိလိုက်သည်။

ခေါင်းအနောက်ဘက်ကနာကျင်လို့နေ၏...

ဘာဖြစ်ခဲ့လဲဆိုတာကိုပြန်စဉ်းစား
လိုက်သည်။

သူအဖမ်းခံလာရတာ...။

အထဲကိုလူတစ်ယောက်ကလျှောက်ဝင်လာသည်။

ထိုလူကိုသူတစ်ခါမှမမြင်ဖူးဘူး..။
ထယ်ယောင်းဘဝမှာရန်ညှိုးရှိခဲ့ဖူးတဲ့လူဆိုတာ
ကလဲရှားတယ်။မရှိဘူး...။
ဘာလို့များသူ့ကိုဖမ်းခေါ်လာရတာလဲ?

ထိုလူကသူ့ကိုစေ့စေ့ကြည့်ပြီးအရှေ့ကခုံမှာ
ဝင်ထိုင်သည်။

"နှမြောလိုက်တာ...မင်းကိုသတ်ရမှာ..."

ထယ်ယောင်းထိတ်လန့်သွားသည်။
သူဒီလူကိုတစ်ခါမှမမြင်ဖူးသလို
သိလဲမသိပါ။

"ဘာလို့လဲ...မင်းကိုသိတောင်မသိဘူးလေ..."

"မင်းကိုလဲငါမသိပါဘူး...ငါလုပ်ရမဲ့အလုပ်ကို
လုပ်ရုံဘဲလေ...သူတို့ပေးတဲ့ပိုက်ဆံကိုယူပြီး
သူတို့လုပ်ခိုင်းတာလုပ်တယ်"

"ဘယ္သူလဲ...မင်းကိုခိုင်းတာ.."

"မင်းသိစရာမလိုပါဘူး...ဒီအတိုင်းလေးငြိမ်ငြိမ်
လေးနေလိုက်...အရာအားလုံးအဆုံးသတ်သွား
လိမ့်မယ်၊ဘယ်လောက်မှမကြာဘူး
ခနနေရင်လူတစ်ချို့ရောက်လာလိမ့်မယ်"

ထိုလူကအဲ့တာပြောပြီးဘာမှထပ်မပြောတော့

ဘာတွေလဲ?..ထယ်ယောင်းစဉ်းစားလို့မရတော့..
ထိုလူကဖုန်းကိုသာတစ်ချက်တစ်ချက်
ကြည့်နေကာအဝင်ကောလ်ကိုမျှော်နေဟန်။

"မင်းကကြေးစားလား.."

ထယ်ယောင်းကလေသံတိုးတိုးနဲ့
ထိုလူကိုမေးသည်။

"အော...ပိုက်ဆံရရင်အကုန်လုပ်တယ်၊
ဒါငါ့ဘဝဘဲ.."

ထယ်ယောင်းစကားကိုထိုလူကအလိုက်သင့်လေး
တုန့်ပြန်သည်။သူကလူဆိုးပုံစံလဲမပေါ်။
ထယ်ယောင်းသူ့ကိုဘာလို့ဒီလိုစကားတွေပြောနေ
မိမှန်းမသိ၊သူကလူခင်တတ်တဲ့လူမျိုးမှ
မဟုတ္တာဘဲ...ဒါပေမဲ့ဘာလို့မှန်းမသိ
ဒီလူကိုကျမှစကားတွေပြောဖို့ဝန်မလေးနေလဲ
မသိဘူး။

2sided/JEON(Completed )Where stories live. Discover now