'chapter.19'

2.5K 246 23
                                    


unicode. .


. .

Cafeဆိုင်လေးတစ်ဆိုင်တွင်းကိုကားထဲကနေ
လွမ်းရိပ်ရိပ်မျက်လုံးတွေနဲ့ငေးကြည့်နေသည်။

မတွေ့ရသည်လဲမဟုတ်ပါဘဲထိုလူသားနဲ့
အနဲငယ်မျှမတွေ့ရရင်တောင်လွမ်းနေပြန်ရော..။

စိုးရိမ်ပူပန်သည့်မျက်လုံးဝိုင်းများဟာ
လျော့မသွားခဲ့ပါ။
လျော့သွားဖို့လဲမရှိပါ။

သူ့အပိုင်လေးအပေါ်မှာသူသဝန်တိုစိုးရိမ်စိတ်တွေ
မပေါ်ဘဲနေပါ့မလား...။

လွန်ခဲ့သောတစ်လခန့်က...

အလုပ်ကပြန်ရောက်ရောက်လာချင်းမှာပင်
ထယ်ယောင်းကိုနမ်းပြီးရေချိုးခန်းထဲ
ဝင်သွားတဲ့ဂျောင်ကုရယ်၊

ပြန်ထွက်လာတာနဲ့ထယ်ယောင်းကကုတင်ပေါ်
ကနေငုတ်တုတ်လေးထိုင်စောင့်နေသည့်အဖြစ်နဲ့
ကြုံသည်။

မျက်ဝန်းညိုလေးတွေကသူ့ကိုညှို့ယူနေသလိုလို

သူ့နှလုံးခုန်သံတွေဝုန်းဒိုင်းကြဲသွားရသည်။

အကျႌဝတ်ပြီးထယ်ယောင်းဘေးနားလေး
သွားထိုင်လိုက်ရင်းပါးပြင်အိအိကိုတစ်ချက်
နမ်းသည်။

"ကိုယ့်ကိုပြောချင်တာရှိတယ်မလားhumm"

"မင်းကဘယ်လိုသိလဲ..."

ထယ်ယောင်းကအံ့သြနေတဲ့ပုံလေးနဲ့ဆိုလာသည်။
တကယ်ဘဲမသိတာလားယောင်းရယ်။

"ကိုယ့်ကိုဒီလိုမျက်လုံးလေးတွေနဲ့လိုက်ကြည့်နေပြီး
အောပ်နှုတ်ခမ်းကိုကိုက်ထားတယ်ဆိုကတည်းက
တစ်ခုခုပြောချင်နေလို့မဟုတ်ဘူးလား..ပြောလေ"

"ဟို..ဂျောင်ကု..."

"အင်း..."

ထယ်ယောင်းကပြောနေရင်းဂျောင်ကုရင်ဘတ်ပေါ်
လက်တစ်ဖက်တင်လာသည်။

"ငါ...အလုပ်..လုပ်ချင်လို့..."

ဂျောင်ကုမျက်ခုံးတွေစုကျုံ့သွားရသည်။

မဖြစ်ပါဘူး...။တစ်သက်လုံးရှာကျွေးနိုင်တဲ့
ဒီလူရှိနေပြီးသားကိုဘာလုပ်စရာလိုနေ
သေးလို့လဲ...

2sided/JEON(Completed )Donde viven las historias. Descúbrelo ahora