'chapter.13'

2.8K 299 18
                                    

unicode. .

. .

"ယောင်း..."

ဘာစကားမှမပြောဘဲရုပ်တည်တည်နဲ့သာ
နေနေတဲ့ထယ်ယောင်းရဲ့အရိပ်အခြေကို
ကြည့်နေတဲ့ဂျောင်ကုကစကားစလာသည်။

"သွားစမ်းပါဂျောင်ကုရာ...မင်းဒီလောက်အလုပ်
တွေရှုပ်နေတာကို..အလုပ်တွေသာပြီးအောင်
လုပ်ပါ.."

ထယ်ယောင်းအသံကဒေါသထွက်နေတယ်ရယ်
လဲမဟုတ်ပေမဲ့ဂျောင်ကုကိုစိတ်ဆိုးနေပုံပေါ်သည်

ဒေါသထွက်တာဖြစ်ဖြစ်သူ့ကိုစိတ်ဆိုးစိတ်ကောက်
တာဘဲဖြစ်ဖြစ်သူ့ကိုထုရိုက်လိုက်တာက
တော်ပါသေးသည်။

အနည်းဆုံးတော့သူပြန်ချော့မြူလို့ရသေးသည်။
အခုဟာကဘာမှလဲစကားမပြောတော့ဘဲအသံ
တိတ်စိတ်ကောက်ရေးစနစ်ကိုဆင်နွှဲနေတော့
ဂျောင်ကုမှာဟိုမရောက်နိုင်ဒီမရောက်နိုင်
တွေဖြစ်လာရတော့သည်။

"ကိုယ်ခနသွားရမှာကိုစိတ်ဆိုးနေတာလား
ဟင်..ယောင်း...."

ထယ်ယောင်းကဘာမှပြန်မပြောဘဲသူဝရန်တာမှာ
စိုက်ထားတဲ့သစ်ခွပန်းတစ်ချို့ကိုရေလောင်း
နေလေရဲ့။

နောက်ကျောကနေသိုင်းဖက်လိုက်ပြီး
သွေးကြောစိမ်းလေးတွေယှက်ဖြာနေတဲ့ဂုတ်ပိုး
ဖြူဖြူလေးကိုသူကတယုတယနမ်းသည်။

"မဟုတ်မှကိုယ်သွားရမဲ့ကိစ္စကို
စိတ်ဆိုးနေတာလား"

ထယ်ယောင်းပခုံးပေါ်ကိုခေါင်းမှီထားတဲ့ဂျောင်ကု
မျက်နှာပေါ်မှာခံစားချက်ဆိုလို့ချစ်ခြင်း
ဖွဲ့သီမှုတွေသာရှိလိမ့်မည်။

ထိုလူသားအရှေ့တွင်တော့သူ့အတ္တအားလုံးကို
ခဝါချထားသည့်လူစားမျိုး။

ချစ်ခြင်းဆိုတာဆန်းကြယ်ပါသည်။

သူထယ်ယောင်းကိုဒီလောက်ထိချစ်မိသွားမယ်
လို့မထင်ထားခဲ့ဘူး။

သူဂျူလီယာ့ကြောင့်စိတ်ဒဏ်ရာဖြစ်နေတဲ့
အချိန်မှာထယ်ယောင်းကသူရှင်သန်ရာ
တစ်ခုအဖြစ်ပေါ်ထွက်လာခဲ့တယ်။

မှောင်မိုက်နေတဲ့အခန်းငယ်ထဲကအလင်းတန်း
တစ်ခုလိုမျိုးသူ့ကိုစိတ်ဝင်စားခဲ့တယ်။

2sided/JEON(Completed )Onde histórias criam vida. Descubra agora