unicode. .
. .
juliaတဲ့....နာမည်လေးကလှသလိုလူကလဲ
လှသည်။ခါးလယ်အထိရှည်တဲ့ရွှေအိုရောင်ဆံနွယ်
အခွေကြီးတွေနဲ့သူမမှာမျက်လုံးဝိုင်း
လေးတွေလဲရှိသည်။ခြုံငုံပြောရရင်သူမကတော်တော်လေး
လှပါသည်။ရည်းစားဦး...အချစ်ဦးတွေကဝေးတတ်ကြ
တယ်ဆိုပြီးလူတွေပြောကြတယ်။ဂျွန်ဂျောင်ကုကတော့မယုံဘူး။သူကကံကြမ္မာ
ဆိုတာကိုယ်တိုင်လုပ်ယူလို့ရတယ်လို့ယုံကြည်
ထားတယ်။အချစ်ဦးလေးနဲ့အတူနူးညံ့တဲ့အချစ်ပန်းလေးတွေ
ပထမဦးဆုံးစပွင့်ခဲ့သည်။နူးနူးညံ့ညံ့လေးဆိုတော့ဘယ်အထိခိုက်ခံနိုင်
ပါ့မလဲ...ကြွေကျလွယ်တော့တာပေါ့။အပြင်လူတစ်ယောက်သာမဝင်လာခဲ့ရင်...
အဲ့ဒီ့ပန်းလေးကသန်သန်မာမာနဲ့ကြီးပြင်း
လာပြီးနွယ်တွေလိုရစ်ပတ်ကြရင်း
ဖြိုကွဲဖို့ခက်မဲ့ပန်းလေးတစ်ပွင့်ဖြစ်လာမှာ..အဲ့လိုပါဘဲသူမနဲ့ဆက်ဆံရေးလေးကလဲ
အပြင်လူတစ်ယောက်ဝင်မလာခင်အထိ
လုံးဝကိုအဆင်ပြေနေခဲ့တယ်။ဆယ်ကျော်သက်ရင်ခုန်တတ်စအရွယ်လေး
တစ်ယောက်သောသူရဲ့အိမ်ရှေ့မှာအမြဲလိုလို
သူမကိုချောင်းကြည့်နေခဲ့တာ...။သူမဆီကအဖြေရတဲ့နေ့မှာသူကသိပ်ကိုပျော်နေတဲ့
လူသားပေါ့....မထင်မှတ်ဘဲတစ်နေ့မှာသူမဆီကဝင်လာတဲ့
ဖုန်းလေးတစ်ကောကသူ့ကိုဘာကိုမှမမြင်နိုင်
စေလောက်တဲ့အထိဗြောင်းဆန်သွားစေတယ်။ဝမ်းနည်းမှုတွေမနာလိုမှုတွေနဲ့အတူ
မျက်လုံးဝိုင်းတွေထဲကဖြူစင်မှုတရား
လေးတွေတစ်စတစ်စ..ပျောက်ကွယ်လာတယ်။သို့ပေမဲ့အရောင်တွေစွန်းထင်တဲ့အထိတော့
မဟုတ်ခဲ့ဘူး။ထိုလူကိုဖက်ပြီးနှုတ်ဆက်နေတဲ့သူမကို
မြင်ပြီးရင်ဘတ်ထဲကစူးအောင့်လာပြန်တယ်။မျက်နှာလွှဲလိုက်မိပြီးဘာကိုမှမမြင်ခဲ့သလို
ဘာကိုမှမသိသလိုမျိုး...အားလုံးကိုဥပေက္ခာ
ပြုပြီးသူမရဲ့အိမ်ရှေ့မှာသွားစောင့်နေခဲ့တာ။
ŞİMDİ OKUDUĞUN
2sided/JEON(Completed )
Hayran KurguSo!...who is two sided in this story? Taekook (sindaria_TK) Note!! :Some scence of the story was inspired by psychology movie and some psycho fictions.Thanks.