'chapter.12'

2.7K 323 25
                                    


unicode. .


. .

သူ့လက်မောင်းကိုခေါင်းမှီရင်းနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေတဲ့ကင်မ်ထယ်ယောင်းကို
မနိုးအောင်သေချာဂရုစိုက်ပြီးဖြေးဖြေးချင်း
မချိလာပြီးအိပ်ခန်းထဲကကုတင်ပေါ်ကို
တင်ပြီးသိပ်လိုက်သည်။

အအိပ်မဆတ်တဲ့ထယ်ယောင်းကခနတာသာ
တအင်းအင်းလူးလွန့်လာကာနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားပြီးဂျောင်ကုရဲ့လက်တစ်ဖက်ကို
ခေါင်းအုံးစရာကဲ့သို့သဘောထားကာပင်
ဆွဲယူထားတော့သည်။

ဂျောင်ကုရယ်မိသလားပင်မသဲကွဲတော့..
သူ့နှုတ်ခမ်းတွေကော့တက်သွားတာတော့
ဝန်ခံပါသည်။

သူ့မှာတစ်နေ့ထက်တစ်နေ့ဒီဟာလေးကိုချစ်လာ
လွန်းလို့တစ်ခါတစ်ရံကျဘာလုပ်လို့ဘာကိုင်ရမှန်း
မသိအောင်ကိုလမ်းပျောက်တတ်သည်။

ယခုလဲအညိုရောင်ပိုးမွှေးလုံးလေးအောက်က
သူ့လက်ကိုဆွဲထုတ်ရန်မလွယ်လှ၊
ပြန်ပြန်ကာပင်ဆွဲထားတတ်သည်။

အိမ်မက်ထဲမှာများငါ့မုန့်၊ငါ့မုန့်ဆိုပြီးလုနေလား
မသဲကွဲတော့။

နောက်ဆုံးတော့ဘေးနားကခေါင်းအုံး
အသေးလေးကိုယူပြီးခေါင်းအောက်ထဲကိုအစား
ထိုးထည့်ပေးလိုက်ရသည်။

နားသယ်စပ်ဖျားလေးကိုတစ်ချက်နမ်းပြီး
မထွက်ချင်သော်လဲထွက်ရမည့်အကြောင်းနဲ့
ခြေလှမ်းတွေတစ်နေရာကိုဦးတည်နေခဲ့တော့သည်။

"မေမေလေးဘယ်လိုတွေ့တာလဲ..
ကျွန်တော်တောင်အခုမှရှာဖို့စဉ်းစားထားတာ"

"မေမေလေးကဘယ်သူမို့လို့လဲသားရယ်၊
တကယ်တော့ဒီကိုပြန်မလာခင်ကတည်းက
မေမေလေးကသိထားပြီးသား၊ဒါပေမဲ့
ကိုယ့်ပိုင်နက်မှာကျသူစိမ်းပိုင်နက်ထက်ပိုပြီး
လွယ်ကူတာပေါ့၊မေမေလေးပြောတာ
နားလည်တယ်မလား"

"အဲ့တာဆိုအခုသူသေပြီလား"

ဂျောင်ကုကစုတ်ပြတ်သတ်နေအောင်အရိုက်ခံ
ထားရတဲ့သူကိုလက်ညှိုးထိုးပြလာတယ်။

ခေါင်းဘေးကိုစိုက်ကျပြီးသတိလစ်နေတဲ့လူ...

သူ့လည်ပင်းမှာတက်တူးတစ်ခုရှိတယ်။
သူသေရာပါမှတ်မိနေတဲ့တက်တူး...

2sided/JEON(Completed )Where stories live. Discover now