'chapter.3'

4.2K 477 26
                                    

unicode. .

. .

အိတ်ထဲကနှင်းဆီပန်းအနီလေးကိုထုတ်ပြီး
သေချာလေးသိမ်းထားလိုက်တဲ့ထယ်ယောင်း။

အိပ်စက်ဖို့မျက်လုံးတွေကိုမှိတ်ချလိုက်ပေမဲ့
အိပ်ပျော်မသွားခဲ့ပါဘူး။
ရင်တွေအခုန်မြန်နေတာကြောင့်ဘဲလား..
အောက်နှုတ်ခမ်းကိုသာထယ်ယောင်းဖွဖွလေး
ကိုက်လိုက်မိသည်။

ဘယ်လိုဖြစ်ပြီးခေါင်းထဲကိုသူ(jungkook)
ရဲ့အကြောင်းတွေရုတ်ချည်းအမြန်အဆန်
ဝင်ရောက်လာလဲဝေခွဲမရတော့ဘူး။

မနက်ဖြန်ကျအလုပ်ပိတ်တဲ့ရက်မို့
တော်သေးသည်။မဟုတ်ရင်သူ့မျက်လုံးအောက်က
အမဲရောင်အရိပ်တွေကြောင့်တိုင်ပတ်ရဦးမည်။

သူ့အကြောင်းတွေးရင်းဘယ်အချိန်မှအိပ်ပျော်
သွားသလဲတော့မသိ။အခုန်မြန်နေတဲ့ရင်ဘတ်တွေ
ကြောင့်မိုးသောက်ခါနီးအခြေအနေရောက်
သွားတယ်ဆိုတာကိုတော့သေချာသိလိုက်သည်။

နှိုးစက်မပိတ်ထားမိတဲ့ထယ်ယောင်းတစ်ယောက်
အိပ်ပျော်သွားပြီးခနလောက်မကြာမှာပင်
ပြန်နိုးလာပြန်သည်။

ကျစ်!

နှိုးစက်မပိတ်မိတာကသူကိုယ်တိုင်ပင်မို့
ကျစ်တစ်ချက်စုတ်သပ်လိုက်ရင်း
ထယ်ယောင်းရေခဲသေတ္တာထဲကနေရေယူကာ
သောက်လိုက်သည်။

အခုချိန်ထိနိုးတစ်ဝက်၊အိပ်တစ်ဝက်လိုမျိုး
ဖြစ်နေတဲ့ထယ်ယောင်းကဘယ်အရာကိုမှသတိ
မမူနိုင်သေးဘူး။

သူ့စိတ်ထဲအိပ်ချင်တာကသာလုံးလုံးကြီးကို
ကြီးစိုးနေတယ်။

ဟုတ်မှာပေါ့လေ၊သူအိပ်ပျော်သွားတဲ့အချိန်နဲ့ဆို
သုံးနာရီတောင်ပြည့်အောင်မအိပ်ရသေးဘူး။

ထယ်ယောင်းကလဲအအိပ်မက်တဲ့လူတစ်ယောက်
ဖြစ်တဲ့အလျှောက်တော့ဒါကမဆန်းနေပါဘူးလေ။

ရေသောက်ပြီးဒီဘက်လှည့်ကာအိပ်ချင်မူးတူး
နဲ့ဘဲအခန်းထဲကိုတန်းတန်းမတ်မတ်ပြန်ပြီး
ဝင်သွားတဲ့ထယ်ယောင်းရယ်။

အိပ်ယာပေါ်မှောက်ရက်လှဲချပြီးတော့သာ
မျက်ခွံတွေကိုမှိတ်ချလိုက်တော့သည်။

2sided/JEON(Completed )Donde viven las historias. Descúbrelo ahora