အပိုင်း(10)

541 16 10
                                    


အပိုင်း(10)

အခုဆိုရင် ဝမ်လေးတို့ အိမ်ထဲမှာ ရှောင်းရဲ့ မိဘတွေရယ်၊ ဝမ်လေးနဲ့ အိမ်တော်ထိန်းကျန်း(အန်တီကျန်း)၊ ပြီးတော့ အကူတွေလည်း ၁၀ယောက်လောက် ခေါ်ထားတော့အိမ်ကအရင်ကနဲ့မတူပဲစိုပြေနေ၏၊

ဝမ်လေးလဲနောက်နှစ်ပါတ်ဆိုမွေးတော့မည်၊ အစက ကိုယ်ဝန်ရှိနေတယ်လို့သိရတုန်းက အတော်လေးကိုရှော့ရသွားခဲ့၏၊.

ဒါပေမယ့်ကိုယ့်ကိုတစ်ချိန်ကျရင် ကိုယ့်နောက်လိုက်ပြီး ပါပါး ပါပါးလို့ခေါ်နေမယ့်ပုံရိပ်လေးကိုမြင်ယောင်ကြည့်မိတော့ ငါဒီကလေးကို သေချာပေါက်ကောင်းကောင်းမွေးရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်သည်၊ ခနခနလည်းစိတ်ကူးယဉ်မိသည်၊

ရှောင်မားနဲ့ဝမ်မားလည်း ရိပေါ်ကိုယ်ဝန်ရှိနေတယ်လို့ ကြားလိုက်ရကတည်းကနေ ပါးတို့နဲ့အတူရိပေါ်တို့အိမ်ကိုလာခဲ့ပြီး ကလေးအသုံးအဆောင်ပစ္စည်းတွေလည်း တစ်ပြုံလိုက်ဝယ်လာခဲ့ပေးကြသည်၊

  "တီ...တီ.."

အိမ်ရှေ့ကရှောင်းရဲ့ကားသံကြားတော့အတွေးတွေကလက်စပြတ်သွား၏၊ ကားထဲကနေ ၄နှစ်အရွယ် ကလေးမလေးတစ်ယောက်နှင့် ၂၆နှစ်အရွယ်ရှိတဲ့လူတစ်ယောက်က ထွက်လာပြီးရိပေါ်ဆီကိုလာခဲ့ကြသည်။

"ပါပါး" အနားရောက်တော့ ကလေးမလေးကအော်ပြီးရိပေါ်ကို ပြေးဖက်လိုက်၏၊ အဲ့ကလေးမလေးက သူတို့နှစ်ယောက်ရဲ့သမီးလေး ရှောင်းမေရိပါ၊

ရိပေါ်လည်း သူ့သမီးလေးကိုပြန်ဖက်၍နမ်းလိုက်ပြီးပြောသည်၊

"ဒီနေ့သမီးတို့နောက်ကျတယ်နော် ပါပါးစောင့်နေတာအကြာကြီးရှိပြီ"လို့ဆူအောင့်ပြီးပြော၏၊

"ပါပါးသိလား ဒီနေ့ကစားကွင်းသွားတော့အဲ့ထဲမှာလေ သူများတွေကသူတို့ဖေဖေရယ်၊အမေရယ် ကိုကိုမမတွေ၊ ညီလေးတွေညီမလေးတွေနဲ့အတူတူလာကြတာ၊ မေ့အော်မှာကကိုကိုမမတွေရိဘူးလေ၊မိန့်အော်ကအကြီးဆုံးသမီးမို့လို့၊ ဒါကြောင့်မို့ မိန့်အော်တိတိမိန့်မိန့်လေးတွေလိုချင်ရယ်၊ ပါပါးမွေးပေးပါလားဟင်....."

"အာ..အဲ့တာက"

ရိပေါ်တစ်ယောက်ဒီခေတ်ခရမ်းချဉ်သီးလေးတွေက အဘေးခေါ်ရလောက်အောင်အထိ ရှက်သွေးဖြာနေလေ၏၊

အဲ့အချိန်မှာရှောင်းကဝင်ပြောလိုက်သည်၊

"ဟုတ်ပါပြီ ဒယ်ဒီအစွမ်းကုန်ကြိုးစားပေးမယ်နော် ဒါပေမယ့် မေ့အော်လေး ဖိုးဖိုးတို့အိမ်မှာခနလောက်သွားနေလိုက်လေ ပြန်လာရင်သမီးအတွက်တိတိမိန့်မိန့်လေးတွေ ရစေရမယ်လို့ ဒယ်ဒီကတိပေးတယ် အိုကေလား"

"အိုကေဒယ်ဒီ ဒီကတိကိုမဖြတ်ရဘူးနော်" သူတို့သားအဖနှစ်ယောက်က လက်သန်းချင်းချိတ်လိုက်ကြ၏၊

"မဖြတ်ပါဘူးကွာ ယောကျာ်းကတိ"

အဲ့တာတွေကိုအတိုင်းသားကြားနေရတဲ့ရိပေါ်ဟာ ရှောင်းနားကိုသွားပြီး ရင်ဘက်ကိုတစ်ဘုန်းဘုန်းထု၍ပြောသည်၊

"ဟေ့ကောင် ကလေးတစ်ယောက်မွေးရတာလွယ်တယ်လို့များ ထင်နေတာလား ဟမ် "လို့ပြောပြီးဆက်ထုနေ၏၊

ရှောင်းလည်းသူ့လက်ကိုပြန်ဆွဲလိုက်ပြီး "မဟုတ်ပါဘူးကွာ"လို့ပြောပြီး ရိပေါ်ကိုတစ်ချက်နမ်းလိုက်သည်။

"ကိုယ်ဖုန်းတစ်ချက်သွားဆက်လိုက်အုံးမယ်နော်"

'သူကရှောင်းပါးတို့ကိုဖုန်းဆက်လိုက်၏၊'

ခနနေတော့ရှောင်းပါးတို့ရောက်လာပြီး မေရိလေးကိုခေါ်သွားကြ၏၊မသွားခင်လည်းရှောင်းကိုတစ်ချက်ပြောသွားသေး၏၊

"ကျားရိုငါ့သား အကောင်းဆုံးကြိုးစားနော် အဖေတို့နောက်တစ်ခေါက်လာတဲ့အချိန်ကျရင် သတင်ကောင်းလေးပဲကြားချင်တယ်"

"ဟုတ်ကဲ့ပါး ကျွန်တော်အတတ်နိုင်ဆုံးကြိုးစားပါ့မယ်"

ရှောင်ပါးတို့လည်းမေ့အော်လေးကိုခေါ်ပြီးအိမ်ပြန်သွားကြသည်၊

"ကဲ အခုမေ့အော်လေးပြောတဲ့အတိုင်း တိတိမိန့်မိန့်လေးတို့ကို ခေါ်ကြမယ်လေ"

ထိုအချိန်တွင် epcရုံးကမီးဖျက်သွား၏၊


Tbc~~~~~~

20.4.2022(wed) 8:47am


#အချစ်များစွာဖြင့်

#MyatNoe415

#2483words

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now