ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်
အပိုင်း (34)
ဝမ်နဲ့ရှောင်းခြံဝင်းထဲရောက်လာတော့.
ရိုစီဆိုတဲ့မိန်းကလေးဟာ သူ့သူငယ်ချင်းတွေနဲ့စကားပြောနေရာက
ရှောင်းတို့ကိုလာနှုတ်ဆက်၏။ ရှောင်းကိုနှုတ်ဆက်တာဆိုပိုမှန်မည်။ (လင်ချာနေရာ)"ကျန့်.ရောက်လာပြီလား "
"အင်း."
"အဟင်း. ဒို့နဲ့အတူတစ်ခွက်လောက်သောက်ပေးမလား မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ပေါ့"
"တော်ပါ. ကျွန်တော်မသောက်တော့ပါဘူး"
"ဘာလို့လဲ ကျန့်ရဲ့ တစ်ခွက်ပဲလေ"
စကားပြောနေတာတောင် ရိုစီရဲ့လက်တွေကအညိမ်မနေပါ။ ရှောင်းရဲ့လက်မောင်းတွေကို မတော်တဆလား၊ တမင်တကာလုပ်တာလားမသိ၊ ခနခနထိနေသည်။
'ရှင် ဒို့လိုမိန်းမလှလေးကိုတစ်ခါထဲကြွေကျပစ်လိုက်စမ်းပါ. ဝါး. သူ့ရဲ့လက်မောင်းတွေကကြီးတာပဲ. ဒီလူကိုသာငါပိုင်ရင်တော့ အဟင်းဟင်း'' ('..'ဒါကစိတ်ထဲကပြောတာပါ)"ခင်ဗျားလက်ကိုဖယ်လိုက်ရင်ကောင်းမယ်နော်"
ဝမ်လေးလဲညိမ်မနေနိုင်တော့ပါ။ ဘေးမှာသူ့ကာမပိုင်ရှိနေတာတောင်. လာမြူဆွယ်ရဲသေးတယ်။ ဒီမိန်းကလေးတော်တော်မသိတတ်တာပဲ။ သူများလင်ကိုလာစနိုက်ချင်နေတာ။ ဒါမျိုးတွေကျောင်းတုန်းကနေအများကြီး ကြုံခဲ့ရပြီးပြီ။ အခုတော့ နည်းအသစ်လေးနဲ့ ဖယ်ရှားရမှာပေါ့။ (ဝမ်လေးပေါက်ကရတွေလုပ်ပါတော့မယ်)"ရှောင်း...."
"ဗျာ ဝမ်"
"ရှောင်းရေ. ငါ့ကိုအဲ့ရှေ့နားကမုန့်လေးယူပေးပါလားဟင်"
"ယူပေးမှာပေါ့ဗျာ"
"ဟီးဟီး အာဘွား 😘😘"
"အွန်း😊😊"
သူတို့ကိုကြည့်နေသူအပေါင်းများဟာလည်း ရှောင်းနဲ့ဝမ်ရဲ့လုပ်ရပ်များကြောင့်. မျက်လုံးတွေပြူးသွားကြတော့သည်။
"ယောက်ျားလေးနှစ်ယောက်ပေမယ့်. တကယ်ချစ်တာပါလား.."
"သာမာန်စုံတွဲတွေတောင် သူတို့လောက်မချစ်နိုင်ဘူးထင်တယ်"
YOU ARE READING
ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]
FanfictionZhanyi ၊ school life ချိုချိုလေးပါ ဝင်ဖတ်ကြည့်ပေးပါအုံးနော် This is zhanyi ✔ not yizhan❌ Start date-27.3.2022 End date-22.2.2023