ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်
အပိုင်း (37)
ဝမ်မားတို့ရောက်ရောက်လာချင်း အရင်ဆုံးမေးတာကဝမ်လေးကိုပင်။
"ဝမ်လေးရော သူဘယ်လိုနေသေးလဲ"
ရှောင်းကဝမ်လေးရဲ့စောင်ကိုသေချာပြင်ပေးပြီး
"စိုးရိမ်စရာမရှိတော့ပါဘူးတဲ့မား""တော်သေးတာပေါ့"
ဝမ်မားအခုမှသက်ပြင်းချနိုင်တော့သည်။ထိုအချိန်မှာnurseမက ကလေးတွန်းလှည်းလေးဖြင့် ကလေးကိုသယ်လာသည်။
မွေးထားတာကသမီးလေးတစ်ယောက်။ ရှောင်းနဲ့တော်တော်များများတူသည်။ ကလေးက.လေနဲ့ထိတွေ့ရတော့ အစကရှုံ့တွနေတဲ့အသားအရည်လေးက တဖြည်းဖြည်းပန်းရောင်သန်းလာသည်။ကလေးကဝမ်လေးလိုအသားဖြူတော့ ရှောင်းပုခက်ထဲကနေချီလိုက်တဲ့အခါ ကျိုးပဲ့သွားတော့မည့်သယောင်ဖြစ်နေသည်။
"ကလေးကိုသေချာထိန်းကိုင်လေ "
ရှောင်းမားကဆူသည်။ ဘယ့်နှယ်..ကလေးကိုဘယ်လိုကိုင်ထားလဲမသိ။ သူမကရှောင်းကိုမျက်စောင်းထိုးလိုက်ပြီး ရှောင်းလက်ထဲက ကလေးကိုအသာအယာပွေ့ချီလိုက်သည်။"လူချောလေးပဲ ဖွားမြေးလေးက"
ရှောင်းမားကထိုသို့ဆိုတော့ ဝမ်မားပါမနေနိုင်ကလေးကိုလာမြူတော့သည်။"ကလေးကဝမ်လေးနဲ့တော်တော်တူတယ် ဝမ်လေးငယ်ငယ်ကနဲ့တစ်ရုပ်ထဲပဲ"
ရှောင်းမားကပြန်ပက်ပြောလိုက်သည်။
"ဘယ့်နှယ်.သားရှောင်းနဲ့တူတာပါ နှာခေါင်းကိုကြည့်လိုက် သားရှောင်းနဲ့တစ်ထပ်ထဲပဲ""သားဝမ်နဲ့တူတာပါဆို"
မားနှစ်ယောက်ငြင်းခုန်နေတုန်း ဝမ်လေးအင်းအဲလုပ်ပြီး သတိရလာပြီ။ အလင်းကစူးနေသဖြင့် ပြန်မှိတ်လိုက်သည်။
"မား ဝမ်လေးသတိရလာပြီ"
"မား..ရေ.."
ရှောင်းလဲရေနွေးအမြန်စပ်ပြီး ခွက်ကိုပိုက်တပ်၍ဝမ်လေးကိုသောက်စေသည်။
YOU ARE READING
ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]
FanficZhanyi ၊ school life ချိုချိုလေးပါ ဝင်ဖတ်ကြည့်ပေးပါအုံးနော် This is zhanyi ✔ not yizhan❌ Start date-27.3.2022 End date-22.2.2023