ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်
အပိုင်း (35)
ရှောင်းကအများသုံးသန့်စင်ခန်းကိုသွားပြီး ရင်ထဲကအပူများကိုဖြေထုတ်ရန် မျက်နှာကိုခပ်ကြမ်းကြမ်းသစ်လိုက်သည်။ ပြီးတော့လည်ဂုတ်ကိုပါရေဆွတ်လိုက်သည်။
ထိုအခါနောက်ကနေ တံခါးဖွင့်သံကိုကြားလိုက်ရ၏။ သူလည်းတခြားတစ်ယောက်က အိမ်သာလာသုံးတာလို့ထင်ပြီး ဂရုမစိုက်မိလိုက်ပေ။
ထိုသူကတကယ်တော့ သူ့နောက်ကလိုက်လာသည့် ရိုစီဆိုသည့်ကောင်မလေးဖြစ်သည်။ သူမဟာရှောင်းကိုဒီညအပိုင်ရတော့မည်ဟု တေးမှတ်ထားသေးသည်။ သူမဘာပဲဖြစ်ဖြစ် ကျန့်ကိုရရမည်။ ဒီအတွက်သူမပိုက်ဆံတွေကုန်ခဲ့တာမနဲ။ ဒီလိုအချိန်ကိုရဖို့အတွက်ပဲလေ။ ကိစ္စမရှိပါဘူး။ ကျန့်ကိုသာလက်ထပ်လိုက်ရင် ဒီပိုက်ဆံတွေကဖွဲနဲ့ဆန်ကွဲပဲ။
တကယ်တော့သူမတို့ကုမ္ပဏီရဲ့ အခြေအနေဟာထင်သလိုမဟုတ်။ လုပ်ငန်းများကလည်းအရှုံးပေါ်နေလေပြီ။ ယခုဆိုရင်သူ(မ)တို့ကုမ္ပဏီက အပေါ်ယံသက်သက်သာဖြစ်နေတော့သည်။ အတွင်းထဲမှာတော့ ပုတ်သိုးပြီးဘာမှမရှိတော့။ ရှိတဲ့ဟာတောင် ရှယ်ယာရှင်လူအိုကြီးများက သိမ်းကြုံးသွားနှင့်ပြီ။
ဒီနေ့ကသူ(မ)ဘဝကိုဆုံးဖြတ်ပေးနိုင်မယ့် နောက်ဆုံးနေ့တစ်နေ့ပင်။ ကျန့်ကိုယူမလား၊ မဟုတ်ရင် လူအိုကြီးများရဲ့အမြောင်မယားလုပ်မလား။ သူမမှာရွေးချယ်စရာလမ်း နှစ်ခုသာရှိတော့သည်။ ဒီတော့ သူမက ပထမလမ်းကိုရွေးသွားခဲ့သည်။
ဒီနည်းကမည်သူမဆိုရွေးနိုင်မည့်နည်းလမ်းတစ်ခုပေ။ အခြေအနေကျပ်တည်းလာတာနဲ့အမျှ ဒီလိုရွေးလိုက်ရတဲ့ မိန်းကလေးများဟာလည်း ရေလို့မကုန်ပေ။ သူတို့ဟာချမ်းသာတဲ့လူအိုကြီးများရဲ့ အမြှောင်မယားများဖြစ်လာတော့သည်။ ဒါဟာသဘာဝပေဖြစ်လေသည်။ ဒါဟာငွေဆိုတဲ့အရာကြောင့်လည်းဖြစ်ပေသည်။ ဒီလောကကြီးမှာ ငွေကသာအရှင်သခင်ပေ။ ငွေမရှိပါကမည်သည့်အရာမျှလုပ်လို့မရ။ ထို့ကြောင့်သူတို့တွေဟာ ငွေရဲ့သားကောင်များဖြစ်သွားကြရသည်။
_______________________________________
ရိုစီတစ်ချက်တွေးလိုက်သည်။ ဒီလူကိုသာပိုင်ဆိုင်ရရင် အကုန်လုံးသူ(မ)ကိုဦးညွှတ်ကြရမှာပဲ။ ပြီးတော့သူ(မ)လိုချင်တာအားလုံးကိုရနိုင်ပြီ။ ဟုတ်တယ်၊ကျန့်..
ရှင်ကျွန်မအပိုင်ဖြစ်ရမယ်။..ထိုအတွေးကသူ(မ)စိတ်ထဲမှာ ရောက်သွားခဲ့လေတော့သည်။ သူ(မ)ဟာထိုဆုံးဖြတ်ချက်ကြောင့် ပိုမိုရဲတင်းလာပြီး ရှောင်းရဲ့လည်တိုင်ကို သူ(မ)ရဲ့လက်များဖြင့်ဖက်တွယ်ထားလိုက်တော့သည်။...
....
.........
........ရှောင်းကတုန့်ပြန်မှုမပေး။ ဒါကိုသူမကပိုမိုရဲတင်းလာပြီး ရှောင်းကိုဆွဲချလိုက်တော့သည်။
ဒါပေမယ့်..သူမ ထင်ထားသလို ရှောင်းကသူ(မ)ကိုမနမ်းလာဘဲ သူ(မ)ကသာအရှိန်လွန်ပြီး လဲတော့မလိုဖြစ်သွားသည်။သူမလည်းအလွန်ဒေါသထွက်သွားတော့သည်။ သူမကရှောင်းရဲ့လက်မောင်းများကို ထိတော့..
......
မလိုဖြစ်သွားပေမယ့် ရှောင်းကသူ့(မ)ကိုတွန်းထုတ်လိုက်တော့သည်။ရှောင်းလဲစိတ်ရှုပ်နေလေပြီ။.
ချီး..သူဆေးခတ်ခံရပြန်ပြီ။
ပြောချင်တာက..
ဒီနည်းလမ်းပဲလုပ်တတ်တာလား..ဟမ်..
တခြားနည်းလမ်းမသုံးတတ်တော့ဘူးလား။ရှောင်း အတွေးကမ်ဘာထဲက အလျင်အမြန်ပဲထွက်လိုက်ပြီး သူ့အချစ်လေးဝမ်ရှိရာဆီ ခပ်သုတ်သုတ်ထွက်သွားတော့သည်။
အလင်းတန်းကလည်း တဖြတ်ဖြတ်လက်သွားခဲ့သည်။ရှောငး်သတိမထားမိလိုက်တာက သူ့အကျႌတွေကတွန့်ကြေနေတယ်ဆိုတာပင်။
Tbc~~~~~~
18.10.2022 (tue)6:00pm
#အချစ်များစွာဖြင့်
#MyatNoe415
#2340 words
Feedback လေးများမျှော်လင့်လျက်....
![](https://img.wattpad.com/cover/306664709-288-k316769.jpg)
YOU ARE READING
ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]
FanficZhanyi ၊ school life ချိုချိုလေးပါ ဝင်ဖတ်ကြည့်ပေးပါအုံးနော် This is zhanyi ✔ not yizhan❌ Start date-27.3.2022 End date-22.2.2023