ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်
အပိုင်း (27)
ဒီနေ့လည်းသူတို့ကျောင်းသွားရပြန်သည်။ ဟူး..ပျင်းဖို့ကောင်းတာ. ဒီစာတွေပဲသင်နေတော့တာ.. ဆရာမတွေလည်းဒီစာတွေပဲသင်နေတာ. မညီးငွေ့ဘူးလားမသိ..ဟူး.. ပြောရင်းနဲ့ဗိုက်ဆာလာပြီ..
"ရှောင်းရေ.. ဘယ်မှာလဲ.. "
"ဗျာ.. ကိုယ်ဒီမှာပါ ဝက်ပေါက်လေးကဘာစားချင်လို့လဲ."
"ဟာ.မင်းနော်.. ငါ့ကိုညိုငြင်တာလား."
"ဟုတ်ပါဘူး.. ဟောဒီကရှောင်းကျန့်လေးက မင်းလေးရဲ့ထာဝရယောက်ျားတစ်ဖြစ်လဲ မင်းလေးရဲ့တစ်ဦးတည်းသောအစေခံပါကွာ"
"ဟာ..ကြွေသွားပြီ.. ရှောင်းကအရမ်းပြောတတ်တာပဲ..ဟိဟိ.. ဒါနဲ့အဲ့တာတွေကိုဘယ်ကနေတတ်လာတာလဲ"
မျက်စောင်းတွေအဆက်မပျက်ပြစ်ကြွေးနေတဲ့ ဝမ်လေးကြောင့် ရှောင်းခမျာမြန်မြန်ရှင်းပြလိုက်ရသည်။"မဟုတ်ပါဘူးကွာ.. ကိုယ့်မှာမင်းတစ်ယောက်ထဲပဲရှိတာပါ.. ကျောင်းတုန်းကကိုယ်ဘယ်တုန်းက ဒိတ်ဖူးတာမြင်ဖူးလို့လဲ မဟုတ်ဘူးလား၊.. "
"အင်း.. အဲ့လိုလဲဟုတ်တာပဲ.. ဟင်းတွေမြန်မြန်သွားမှာပေးအုံး.. ကလေးလေးတွေဗိုက်ဆာနေပြီ.. ကျောင်းကလည်းတက်တော့မှာ..မြန်မြန် "
"ဟက်..သခင်လေးရဲ့အမိန့်တော်မြတ်အတိုင်းပါဗျာ"
"ခိခိ. မြန်မြန်သွား.."
"အင်းပါ.. ဘာစားချင်လဲ.."
"အင်း.. ငါတော့ရှောင်းမှာပေးတာစားမယ်.."
"ဟက်..အင်းပါ.. ဒီမှာခနစောင့်နော်"
"အင်း"
ရှောင်းထွက်သွားပြီးပြီးချင်း ဝမ်လေးရဲ့နားမှာမိန်းမလှလေးတစ်ယောက် ရောက်လာခဲ့သည်။
"ဒီမှာ.. မင်းကျန့်နဲ့ဝေးဝေးနေရင်ကောင်းမယ်နော်"
"ဒီမှာ ငါကရှောင်းရဲ့တရားဝင်ယောက်ျားလေ.. ငါမကပ်ရင်ဘယ်သူကပ်မှာလဲ. မင်းလား."
"ရှင်.. ဒီမှာကျွန်မကနောက်ကျရင် ရှောင်းရဲ့မိန်းမဖြစ်လာမှာလေ.. ဒီတော့ရှင်ကျွန်မကိုကောင်းကောင်းဆက်ဆံပေးရမှာပေါ့ အဟင်း."
![](https://img.wattpad.com/cover/306664709-288-k316769.jpg)
YOU ARE READING
ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]
Fiksi PenggemarZhanyi ၊ school life ချိုချိုလေးပါ ဝင်ဖတ်ကြည့်ပေးပါအုံးနော် This is zhanyi ✔ not yizhan❌ Start date-27.3.2022 End date-22.2.2023