အပိုင်း (30)
ဒီလိုနဲ့ဝမ်လေးဟာ ကိုယ်ဝန်ကြီးနဲ့ကျောင်းတက်တာ (၅)လတောင်ရှိနေပြီ။ ဒီလကစပြီးတော့ဝမ်လေးကကျောင်းနားတော့မှာဖြစ်သည်။ ဒီအပါတ်ကနောက်ဆုံးပင်။ ထို့ကြောင့်လည်းဝမ်လေးကကျောင်းကို နေရာအနှံ့နောက်ဆုံးအကြိမ်ပတ်ပြစ်မယ်လို့ ကြိမ်းဝါးထား၏။ ဒါကြောင့်သူဟာဒီနေ့ မြူးကြွနေသည်။ ရှောင်းကလည်းဝမ်လေးပြောသမျှ အလိုလိုက်အကြိုက်ဆောင်ပေးနေ၏။ သူကလည်းဝမ်လေးနဲ့ခေါင်းအစ ခြေအဆုံး couple ပုံဝတ်ထားခဲ့သည်။ အကုန်လုံးပြင်ဆင်ပြီးသွားတော့ သူတို့ကျောင်းကိုသွားတော့မှာဖြစ်သည်။
ထို့နောက်ရှောင်းက ကားဂိုထောင်ကိုသွား၍ ကားသွားထုတ်လိုက်သည်။ သူကဝမ့်ရဲ့အထုတ်တွေကိုလည်း အမြန်ကားထဲထည့်လိုက်သည်။ သူတို့နှစ်ယောက်ဟာစတင်၍ ထွက်လာခဲ့ကြသည်။
နာရီဝက်လောက်ကြာတော့..
သူတို့ရဲ့အနက်ရောင်ကားလေးဟာ ကျောင်းဝင်းထဲသို့ဝင်လာခဲ့၍ ကားပါကင်သို့တိုက်ရိုက်သွားခဲ့ကြသည်။ထို့နောက်သူတို့က ကားနောက်ခန်းထဲက ပစ္စည်းတွေကိုထုတ်ယူလိုက်သည်။ ပြီးတော့သူတို့တွေက အတန်းထဲသို့တိုက်ရိုက်သွားခဲ့ကြသည်။ ဘာလို့ဆိုဒီနေ့နောက်ကျသွားပြီလေ။ ဒါပေမယ့်သူတို့တွေဟာ ပုံမှန်အရှိန်နှုန်းဖြင့်သွားခဲ့ကြသည်။ ဝမ်လေးကိုဂရုတစိုက်သွားဖို့ပြောရန်လည်းမမေ့ပေ။
"ဝမ်.ဂရုစိုက်သွားနော်"
"အွန်းပါရှောင်းကလည်း. ငါသိပါတယ်."
"ကိုယ်စိတ်ပူတာကိုဝမ်သိရဲ့သားနဲ့"
"အွန်း.. သွားကြရအောင်လေ အတန်းတက်တော့မယ်"
"ဝမ်.ဖြေးဖြေးသွား"
"အွန်း.အွန်း"
သူတို့ဟာပုံမှန်ခြေလှမ်းဖြင့် အတန်းဖက်ကိုလျှောက်သွားခဲ့ကြသည်။ ရှောင်းကလည်း အထုတ်အပိုးတွေကိုသယ်ထားရတာကြောင့် ဖြေးဖြေးချင်းပဲသွားခဲ့ကြ၏။ သူတို့ဟာကျောင်းတက်ခေါင်းလောင်းထိုးပြီးမှ အတန်းထဲကိုရောက်လာကြသည်။
![](https://img.wattpad.com/cover/306664709-288-k316769.jpg)
YOU ARE READING
ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]
FanfictionZhanyi ၊ school life ချိုချိုလေးပါ ဝင်ဖတ်ကြည့်ပေးပါအုံးနော် This is zhanyi ✔ not yizhan❌ Start date-27.3.2022 End date-22.2.2023