Unicode
ယခု ရေးသားမည့် HER SOUL fic
တွင် ပါဝင်မည့် အကြောင်းအရာများသည်
စာရေးသူ၏ စိတ်ကူးရင်သက်သက်သာ
ဖြစ်ပါသည်။ဇာတ်လမ်းတွင်ပါဝင်သော K pop IDOL
မည်သူ တစ်ဦးတစ်ယောက်ကို မှ ထိခိုက်လို
စိတ်မရှိပါ။#mtc
ဆိုလ်မြို့ကြီးရဲ့ လူချမ်းသာတွေနေတဲ့ရပ်ကွက်တစ်ခုမှာ ဒီနေ့တော့ ခါတိုင်းလိုမျိုးတိတ်ဆိတ်ငြိမ်သက် မနေတော့ပါ။
အကြောင်းကတော့ အိမ်နံပါတ် 11/130 ရဲ့အိမ်အရှေ့မှာ ရဲကားသုံးစီးနှင့် လူနာတင်ယဥ်တစ်စီးရောက်နေသည့်အပြင် ရပ်ကွက်ထဲမှ လူနည်းစုကလဲ စပ်စုသလိုလာကြည့်ကြသည်။
ထိုအိမ်ကြီး၏ အထဲမှာတော့ ရဲစုံထောက်နှစ်ယောက်နှင့် ရဲသားလေးယောက်တို့ သေနတ်ကိုယ်စီနဲ့တစ်စုံတစ်ရာကို ချိန်ထားရင်း
သူတို့ရဲ့ ပစ်မှတ်ဆီကို တစ်လှမ်းချင်း ချဥ်းကပ်လို့နေတယ်။"ခင်ဗျားတို့ရှေ့တိုးမလားနဲ့! ခင်ဗျားတို့တိုးလာတာနဲ့ ဒီမှာတွေ့လား သေနတ် သူ့ခေါင်းကိုကျုပ်ပစ်ထည့်လိုက်မယ်"
တရားခံလို့ယူဆရတဲ့ အသက်သုံးဆယ်ကျော် လူတစ်ယောက်က သူ့ရဲ့ဓားစာခံဆိုသူမိန်းကလေးအား နားထင်၌ ပစ်စတိုသေနတ်တစ်လက်ဖြင့် တည့်ချိန်ထားပြီး ဆိုလိုက်ခြင်းဖြစ်သည်။
"ကျွန်မကိုကယ်ပါ အဟင့် အဟင့် ကျေးဇူးပြုပြီး လွှတ်ပေးပါရှင် တောင်ပန်ပါတယ်"
အသက်နှစ်ဆယ်ကျော်ဝန်းကျင်လောက်ရှိတဲ့ မိန်းကလေးတစ်ဦး တစ်နည်းအားဖြင့် ဓားစာခံမိန်းကလေးက မျက်ရည်ပေါက်ကြီးငယ်နှင့် ကြောက်လန့်တုန်လှုပ်စွာ တောင်းပန်လိုက်သည်။
"ဒီမှာ Lee Ju Hung ဓားစာခံကိုလွှတ်ပေးလိုက်ပါ......ကျွန်မတို့ အေးဆေးပြောပြတာပေါ့ "
ရဲစုံထောက်lisaက မတင်းမလျော့တဲ့လေသံနှင့် ထိုလူကိုပြောလိုက်သည်။
"မရလို့ပါ ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ်ဗျာ.....သူ့ကိုမှမသတ်ရင် ကျွန်တော့်ကို ကျွန်တော့်ကို သူသတ်လိမ့်မယ်။ ကျွန်တော်သေရလိမ့်မယ်"
YOU ARE READING
HER SOUL
Fanfictionကျွန်မတို့နှစ်ယောက်ရဲ့ အဆုံးသတ်က သေချာပေါက် Sad Ending ဖြစ်နေရင် တောင်.... မခွဲခင်အချိန်လေးတော့ Nini ကိုချစ်ပိုင်ခွင့်ရှိတယ်မလား..? __li_li__ ကျွန်မတို့နှစ်ယောက်ရဲ့ အဆုံးသတ်က သေချာပေါက် Sad...