Unicode
" lisa ကဘဲအချော့ပေးပါတယ်နော် ။ "
lisa ကားပေါ်ကဆင်းပြီး
အနောက်ခန်းတံခါးကို
အပိတ်အဖွင့်လုပ်နေတဲ့
chae young နားသွားကာ။"chae young ဘာဖြစ်တာလဲ ။ တံခါးက"
"ငါလဲမသိတော့ဘူး ။ ဆေးရုံမရောက်ခင်အထိတော့ အကောင်းဘဲဟ။ ငါနောက်တစ်ရက် ဝက်ရှော့မှာ သွားစစ်လိုက်မယ်"
" ခုပြန်ကောင်းသွားပြီမလား ။ လာ သွားရအောင်။"
"အင်း အင်း"
ဟန်မြစ်တံတားပေါ်က
ဒီနေ့တော့ ကားတွေကြပ်သပ်
ကာပိတ်မနေတော့ အဆင်ပြေလှတယ်။"chae young ရေ ကားမှန်တွေအကုန်လုံးချပေးနိုင်မလား"
" lisa အနောက်ဘက်မှလူမှမပါဘဲ"
chae young ရေနင်တော့
သတိထားနေသင့်ပြီ။
ဘယ်နေ့ဂုတ်ချိုးခံရမယ်မသိ။"နင်က တကယ်လျှာရှည်တယ် ဖွင့်လိုက်ပါဟ"
" ငါနဲ့ ဘာကြောင့် နင်နဲ့သူငယ်ချင်းလာဖြစ်နေတာပါလိမ့်"
"ဟ ဟ "
မမြန် မနှေးတဲ့ အရှိန်လေးဖြင့်
ကားလေးကသွားနေတာမလို့
ဟန်မြစ်ရဲ့လတ်ဆတ်တဲ့လေထုကို
lisa မျက်လုံးစုံမှိတ်ကာ ။လေ ဆန်လေးတွေကိုခံစားလို့နေတယ်။
"ဝူး....ဟေး...ဝူး....."
စိတ်လွတ်လက်လွတ်အော်ဟစ်
နေတဲ့အသံစူးစူးလေး။
lisa မှိတ်ထားတဲ့မျက်လုံးတွေကို
ဖွင့်ကာ အနောက်ကြည့်မှန်ကနေတဆင့်
တန်ဖိုးရှိလှတဲ့အပြုံးတွေကို
ခံစားလို့နေတယ်။lisa ဟာရူးမိုက်တဲ့လူမဟုတ်လို့
ဒီမြင်ကွင်းကို လက်လွတ်ခံမှာမဟုတ်ဘူး။နေလည်မကျ ညနေမကျ
ပုဇွန်ဆီရောင်နေပျောက်
ကလေးတွေက ခွေခွေနွယ်နွယ်
ဖြစ်နေတဲ့ဆံနွယ်ပိုင်ရှင်ရဲ့
စူးရှတဲ့မျက်လုံးတွေကို
ရဲတင်းစွာထိုးလို့နေတယ်။ပါးဖောင်းဖာင်းလေးတွေကို
မို့တတ်နေအောင် ရယ်ပြီး
သူမက သဘာဝအလှတရား
တွေ ထက်ပိုလှကြောင်းပြသနေပြန်တယ်။Din Din Din
"ဟယ်လို"
" စုံထောက် lisa ကျွန်တော် ရဲသားsun ပါ။
စခန်းကိုအခုလာမှဖြစ်မယ်ထင်တယ် ။ ဟို.
တရားခံ Le Ju Hung လွန်ခဲ့တဲ့ 15mins ကဘဲ ဆုံးသွားပြီ"

YOU ARE READING
HER SOUL
Fanfictionကျွန်မတို့နှစ်ယောက်ရဲ့ အဆုံးသတ်က သေချာပေါက် Sad Ending ဖြစ်နေရင် တောင်.... မခွဲခင်အချိန်လေးတော့ Nini ကိုချစ်ပိုင်ခွင့်ရှိတယ်မလား..? __li_li__ ကျွန်မတို့နှစ်ယောက်ရဲ့ အဆုံးသတ်က သေချာပေါက် Sad...