Part 2

280 38 0
                                    

Unicode

chae တော်တယ် နင်ပစ်လိုက်တာအချိန်ကိုက်ဘဲ lee Ju Hung ကိုဆေးထည့်ပြီးစခန်းမှာစစ်ဆေးဖို့လုပ်ထားလိုက်ပါ။"

"အင်း lisa ဒီကအမ ကျွန်မနဲ့လိုက်ခဲ့ပေးပါ လမ်းကောလျောက်နိုင်ရဲ့လား အရမ်းကြောက်သွားမှာဘဲကို"

chaeက ခြေထောက်နှစ်ချောင်းကို ကွေးကာထိုင်လျက်သားကျနေတဲ့ ဓားစာခံမိန်းကလေးကို တွဲကူရင်းမေးလိုက်သည်။

"ဟုတ် ဟုတ်ကဲ့"

lisa အိမ်ရဲ့အပြင်ကိုထွက်လာတော့ သတင်းထောက်တွေ ရောက်နေတာဘဲ ။

lisaကတော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး
ထိုနေရာကနေထွက်သွားမယ်အလုပ်။

သတင်းထောက်တစ်ယောက်က

"စုံထောက် lisa ဗျ ကျွန်တော်တို့ သိထားတဲ့သတင်းက အမှန်ဘဲလားဗျ။တရားခံက Mrs.Ei Yoon Gi ကို ဘာကြောင့်သတ်ချင်ရတာလဲ ခင်ဗျာ။ တစ်ခွန်းလောက်ဖြေကြားပေးပါဗျ"

lisa သတင်းထောက်တွေကို ဒါတွေကြောင့်မကြိုက်တာ တော်တော်စပ်စုနိုင်လွန်းတဲ့လူတွေ ။

"ဟုတ်ကဲ့ လူကြီးမင်းတို့သိချင်သမျှကို ကျွန်မမှာဖြေဖို့ အချိန်မရှိသေးလို့ပါ။ အိမ်ထဲမှာ ဘာဖြစ်ခဲ့လဲဆိုတာကိုသိချင်ရင်တော့ မနက်ဖြန် ရဲဌာနချုပ်က တရားဝင် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပါလိမ့်မယ် ကျေးဇူးပါ ခွင့်ပြုပါဦး"

lisaလဲ စကားကို ခပ်ဆတ်ဆတ်လေးပြောပြီးထွက်လာခဲ့တယ် သေချာပါတယ် ဒီမှာ နှစ်နာရီလောက် သတင်းရမလားဆိုပြီး အသဲအသန်စောင့်နေတဲ့သတင်းထောက်တွေကတော့ lisaရဲ့ စကားကို ဆွေ့ဆွေ့ခုန်နေမှာ အသေအချာဘဲ။

"ဗျာ...စုံထောက်ကြီးဗျ စုံထောက်ကြီး ဟာ ဒီတစ်ခါလဲလုပ်သွားပြန်ပြီ မနက်ဖြန်သိရမယ်ဆိုတာ သူပြောမှလား စောစောသိချင်လို့အချိန်ကုန်ခံစောင့်ပါတယ်ဆိုမှ အခုတော့အလားကားဘဲ ငါလခွီးlalisa"

"အေးကွာ ပြန်တာဘဲကောင်မယ် မနက်ဖြန်မှဌာနချုပ်ကိုစောစောသွားတာပေါ့"

lalisa lisa ဆိုတာကတော့ ဒီလိုလူမျိုးပါ ခပ်တည်တည်နေတတ်ပြီး စကားကိုအပိုပြောရတာ သူသိပ်မကြိုက်ဘူး။ ဒါပေမဲ့ စုံထောက် လောကမှာဆိုရင်တော့ သူက နာမည်ကောင်းနဲ့ကျော်ကြားသူတစ်ယောက်။

HER SOULOpowieści tętniące życiem. Odkryj je teraz