Part 5

223 45 2
                                    

Unicode

သူမကလဲပါးစပ်အဟောင်းသား!

"ဘာလို့ထိလို့မရတာလဲ?"

"လွန်ခဲ့တဲ့ရက်တွေက ငါတစ်ချို့အရာတွေကိုထိတွေ့လို့ ရခဲ့တာကို....ခုက?"

သူမ ဘာသာသူမ မေးခွန်းမေးနေဟန်!

"Nini ထပ်ကြိုးစားကြည့်ပါ ကျွန်မဖြင့်
ဘယ်လိုကူညီပေးရမှန်းတောင်မသိဘူး"

"အင်း "

ထပ်ပြီး သူမကထိတွေဖို့
ကြိုးစားပြန်တယ်။

ဒါပေမဲ့မထိရောက်ခဲ့ဘူး။

စိတ်ပျက်စွာသူမက ကျွတ်ခပ်လိုက်ပြီး
နောက်မှီထိုင်ခုံပေါ်စိတ်ပျက်စွာ
ထိုင်ချလိုက်သည်။

"ကုလားထိုင်ကို ဖြတ်မဝင်သွားဘူးဘဲ Nini
ထပ်ကြိုးစားကြည့်သင့်တယ် ရရင်ရလောက်မှာပေါ့"

"ကျွန်မလဲမသိတော့ဘူး ကုလားထိုင်ကိုကျ
ထိုင်လို့ရပြီး ဘာကြောင့် ဟိုမုန့်ကိုထိလို့မရတာလဲ.."

သူမအသံက ဒေါသသံထွက်နေပေမဲ့
သေချာပေါက် ဝမ်းနည်းရိပ်သန်းပြီး
ငိုချင်နေတာမျိုး။

lisa ကုတင်ပေါ်ကဆင်းပြီး
သူမထိုင်နေတဲ့ ကုလားထိုင်ရှေ့မှာ
ဒူးအသာထောက်ကာ။

သူမရဲ့လက်အားဆုပ်ကိုင်လျက်။

"ငိုချင်နေတာလား။ လုံးဝမငိုလိုက်နဲ့နော်
Niniက ငိုရင် သေချာပေါက်ရုပ်ဆိုးမဲ့ရုပ်မျိုး"

lisaက ရွန့်နောက်နောက်ဖြင့်ပြောလိုက်တော့
ပုလဲဥလေးတွေ ရစ်ဝိုင်းနေတဲ့ မျက်လုံးအိမ်လေးထဲက မျက်လုံးက မျက်စောင်းလှမ်းထိုးလောက်သေးတယ်။

ဘာမှစကားမပြောဘဲ ခေါင်းသာငုံနေတာ
မလို့။

" ဒါမှမဟုတ် အရမ်းဗိုက်ဆာနေရင် ကျွန်မက
Niniကိုခွန့်ကျွေးမယ်လေဘယ်လိုဘဲ ရရင်ရမှာပေါ့"

ထိုအခါကျမှသူမက နူတ်ခမ်းလေးအသာဆူကာ။

" ရှင်က ကျွန်မကို တမင်အသားယူဖို့ကြိုးစားနေတာမလား"

"ဟောတော်! Niniကအက်လိုထင်ချင်နေရင်
ထင်လို့ရပါတယ် ။ ကျွန်မက ကိစ္စမရှိဘူး"

HER SOULWhere stories live. Discover now