Unicode
အဘွားက Jennieကို နှစ်သိမ့်ပေးသည်။
ထို့နောက် ရထားဘူတာရုံလေးကို
jennieအားခေါ်ဆောင်လာသည်။
အနည်းဆုံးတော့ ကျွန်မကို လူတစ်ယောက်
ကမြင်နိုင်သေးတယ်ဆိုတဲ့ အသိဟာ
အရမ်းကိုဘဲ နွေးထွေးရပါတယ်။" ကလေးမလေး ဒီမှာ စောင့်အုံးကွယ်
ကလေးမလေးစီးရမဲ့ ရထား က ခဏနေမှ
ရောက်မှာကွဲ့"jennie သည် ဘာကြောင့်သူမဟာ
ရထားစီးရမည်။ ထိုရထားကို
စီး၍မည်သည်ကို သွားရမည်ကို
စိတ်ထဲ၍ပြင်းပြင်းပြပြသိချင်နေခဲ့သည်။
သူမ၏စိတ်ကို ဖတ်တတ်သည်အလား။" ကလေးမ အခုစီးရမည့် ရထားက
သာမာန်လူတွေစီးလို့မရဘူးကွဲ့။ ကလေး
မတို့ကို သေဆုံးပြီး ရုပ်နဲ့ခန္ဓာကွဲကွာနေသူ
တွေသာ စီးနှင်နိုင်တာ။ ဒီရထားက ကလေးမနဲ့သင့်တော်တဲ့ ဘုံဘဝတစ်ခုကို ခေါ်ဆောင် သွားပေးလိမ့်မယ်။ အဘွားရဲ့တာဝန်ကတော့
ကလေးမကို ရထားထိန်းကြီးဆီထိ ရောက်အောင်ပို့ပေးဖို့ဘဲ"jennie လဲ အဖွားပြောပြသည်ကို နား
လည်ဟန်ရှိပေမဲ့လည်း။ တစ်ချို့အရာတွေကို
တော့ သိပ်မရှင်းလင်းပါ။" အဘွား ကရော သေပြီးသားလားဟင်"
jennie မရဲတရဲမေးမိလိုက်သည်။
အဘွားက ခပ်းရေးရေး ကလေးပြုံးကာ။
" မဟုတ်ပါဘူး ကလေးမရယ် အဘွားက အခုထိ မသေသေးပါဘူး။ အဘွားကနတ်ဆရာမလေ ကလေးမတို့လို ပရလောကသားတွေနဲ့
အဆက်အသွယ် လုပ်လို့ရတယ်လို့ဘဲ မှတ်ထားလိုက်ပါ။ "" ဟုတ်ကဲ့အဖွား"
jennie တို့စောင့်နေပြီး သိပ်မကြာဘူး။
အနီးအနားမှာ တစ်ခြားသော ဝိညဥ်တွေ
ဟာ အစီအရီရောက်လာကြတယ်။တစ်ချို့ကတော့ မူလရုပ်ထွက်နေ
ပေမဲ့။
တစ်ချို့က တော့ ရုပ်ပျက်ဆင်းပျက်။jennieသည် နှလုံးခုံသံတွေ
ရုပ်တရက်မြန်ဆန်လာပြီး
ကြောက်စိတ်တို့ကြီးမိုးလာသည်။ဂါဝန် အနားစကို လက်နှစ်ဖက်ဖြင့်
ကျစ်ကျစ်ပါအောင် ဆုပ်ပြီး
သူတို့ကို မမြင်ရအောင် မျက်လုံးကို
စုံမှိတ်လို့ထားမိသည်။
YOU ARE READING
HER SOUL
Fanfictionကျွန်မတို့နှစ်ယောက်ရဲ့ အဆုံးသတ်က သေချာပေါက် Sad Ending ဖြစ်နေရင် တောင်.... မခွဲခင်အချိန်လေးတော့ Nini ကိုချစ်ပိုင်ခွင့်ရှိတယ်မလား..? __li_li__ ကျွန်မတို့နှစ်ယောက်ရဲ့ အဆုံးသတ်က သေချာပေါက် Sad...