Part 3

218 37 0
                                    

Unicode

lisa စခန်းကိုပြန်ရောက်တော့ chaeက လက်နှစ်ဖက်ကိုပိုက်ကာ စားပွဲခုံကိုကျောမှီးရင် ဝင်လာတဲ့lisaကို မျက်ထောင့်နီးကြီးဖြင့်ကြည့်ကာ နူတ်ခမ်းကိုဆူလျက်။

ကိုယ့်သူငယ်ချင်းအကြောင်းကို သိတာမို့ သူ့ကိုပြန်ချော့နေရင် မပြီးဆုံးနိုင်တော့ အရစ်ရှည်မှုတွေကို ကြိုမြင်နေရတာမလို့

သူ့ရှေ့ကနေမသိချင်ယောင်ဆောင်ကာ ဖြတ်သွားဖို့အလုပ်

"ဒါဘယ်သွားမလို့လဲ"

lisaဘယ်သွားမည်ဆိုတာကို သိသိလျက်နဲ့မေးတာမလို့ park chae young ရဲ့ ပေါက်ပေါက်ဖောက်ခန်းကြီးစတင်ပြီလို့မှတ်လိုက်ပါတယ်။

"တရားခံကို သွားစစ်မလို့"

chaeက မှီထားတဲ့ခုံကနေ မတ်မတ်ထရပ်ရင်း lisaနှင့်မျက်နှာချင်းဆိုင်လိုက်ပြီး

မှုံကုပ်ကုပ်မျက်နှာဖြင့်

နူတ်ခမ်း တစ်တောင်လောက်ဆူကာ

"ကိုယ့်ကိုကို ရဲ ဖြစ်မှန်းတော့ သိသေးသားဘဲ"

မျက်နှာကို လေဖြတ်သူပမာ ဟိုရွဲစောင်းဒီရွဲ့စောင်း နှင့်ပြောနေပုံထောက်ရင်တော့လား။

သူ အတော်လေး ရစ်ချင်နေပြီဘဲ။

"ကဲပါ chae ရယ် ငါ့ကို စကားနိုင်လုမယ်ဆိုရင်တော့ နောက်မှလုပ်ပါနော် ခုlee Ju Hung ကို စစ်မေးစရာလေးတွေရှိလို့"

"ဟွန့် lalisa ဘဲစုတ် ဘဲနာဘဲပျက် နှစ်တစ်ထောင်Faမ လူကိုများ သူ့ထက်ရာထူးတစ်တင့်လေးဘဲ ငယ်တာကို အခွင့်ကောင်းယူပြီး ခိုင်းချင်တာတွေခိုင်းပြီးတော့ သူကျဘာမှမလုပ်ဘဲနဲ့ လျှောက်သွားနေတယ်"

lisa သဘောကျလို့ ခပ်ရေးရေးကလေးပြုံးကာ ေခါင်းကို အနည်းငယ် ခါရမ်းရင်း

"ဆဲလို့ဝပြီလား chae ငါ့ကို ထပ်မရစ်ပါနဲ့တော့နော် ငါတောင်းပန်ပါတယ် ငါ့သူငယ်ချင်းလေးကို အများကြီးခိုင်းမိလို့ နောက့်နေ့ ဆိုဂျူးနဲ့ အထပ်သားကင် တစ်ဝိုင်းလုပ်ပေးမယ် ဘယ်လိုလဲ"

ဆိုဂျူးနှင့်အထပ်သားကင်ဟု ကြားတာနဲ့ လင်းခနင်း ဖြစ်သွားတဲ့ chaeရဲ့မျက်လုံးတွေကိုကြည့်ပြီးlisa အတော်လေးသဘောတကျဖြစ်ဖြစ်မိတယ်။

HER SOULWhere stories live. Discover now