Unicode
lisa လန့်ကာယောင်မိသွားသည်ကို သူမက သဘောကျသည်ထင်ပါရဲ့ ။
သူမရဲ့ နူတ်ခမ်းလေးက မဆိုသလောက်တွန့်ကွေးသွားတယ်။
"ဟင် ဘယ်လိုပေါ်လာတာလဲ "
"ကျွန်မကိုတကယ်မြင်နေရတာလား"
"ရှင် မြင်နေရလို့ စကားပြောနေတာပေါ့ "
"ထူးဆန်းလိုက်တာ"
lisaရဲ့ နှစ်အတော်အကြာပျောက်ဆုံးနေတဲ့နတ်သမီးဟာ lisaကို ခပ်ကြောင်ကြောင်မေးခွန်းတွေ မေးနေပေမဲ့။
lisaကတော့ အရမ်းကိုမှသဘောကျတယ်။
"ဟို ဒါနဲ့ နတ်သမီးက ဆရာဝန်လား"
အိုး...သူမရီလိုက်တာလား!!
သွားသေးသေးလေးတွေကို မြင်လိုက်ရတာကြောင့် lisaရဲ့နှလုံးခုန်သံတွေဟာ အစိုးမရစွာဘဲ ဝုန်းဒိုင်းကျဲ။
"ရှင်က စုံထောက်သာပြောတယ် အခုထိအခြေအနေကို နားမလည်သေးပါလား"
"ရှင်!"
သူမ ဘာကိုဆိုလိုချင်တာပါလိမ့်။
"ကျွန်မက ဆရာဝန်လဲမဟုတ်ဘူး ။ ပြီးတော့ လူလဲမဟုတ်ဘူး"
"ဟင် ဘယ်လို နတ်သမီးက လူမဟုတ်ဘူး မနောက်ပါနဲ့ လူမလို့ကျွန်မနဲ့ စကားပြောနိုင်တယ်မလား"
"ကျွန်မလဲ ဒါကိုစဥ်းစားနေတာ ရှင်တစ်ယောက်ထဲပဲဘာလို့ကျွန်မကိုမြင်နေရတာပါလိမ့်လို့။ ပြီးတော့ ကျွန်မက နတ်သမီးမဟုတ်ဘူး ဝိညဥ်"
lisa ရဲ့ခေါင်းဟာ အတော်လေးကို အလုပ်လုပ်ပေးနေရပါတယ်။
ဝိညာဥ်!! သေချာပေါက် သူမက ဝိညာဥ်လို့ပြောလိုက်တာလား! သူမကလေ!
lisa ရူးများသွားတာလား သူမကို စိတ်စွဲလမ်းတာများသွားလို့လား?
Oh! shit!
ဒါကမဖြစ်နိုင်တဲ့အရာတစ်ခုမလား....
သူမက ငါ့ကိုစနောက်နေတာလား
နေပါဦး ဒီအခြေကနေဘယ်လိုပါလိမ့်။
"Ya...lalisa!!!!"
lisa တွေးနေတုန်းမှာဘဲ အတော်ပင်စူးရှတဲ့ အသံပိုင်ရှင် Park chae young တစ်ယောက် အခန်းတကားကို ဝုန်းဒိုင်းဖွင့်လာကာ မျက်လုံးများပြူးထွက်လျက် lisa လှဲယောင်းနေသော ကုတင်နားအားအပြေးအလွား လာလျက်။
ESTÁS LEYENDO
HER SOUL
Fanficကျွန်မတို့နှစ်ယောက်ရဲ့ အဆုံးသတ်က သေချာပေါက် Sad Ending ဖြစ်နေရင် တောင်.... မခွဲခင်အချိန်လေးတော့ Nini ကိုချစ်ပိုင်ခွင့်ရှိတယ်မလား..? __li_li__ ကျွန်မတို့နှစ်ယောက်ရဲ့ အဆုံးသတ်က သေချာပေါက် Sad...