Ep - 25

2.4K 200 4
                                    

' ရိပေါ် မင်း ဒီနေ့လည်း ငါတို့ ခေါ်တဲ့ နောက် မလိုက်ဘူးလား....'

' မလိုက်တော့ဘူး ... ပါး နဲ့ Company လိုက်သွားမလို့ ....'

' နေစမ်းပါအုံး .... မင်းက ဆရာဝန် လုပ်မှာလား စီးပွါးရေးပဲ လုပ်တော့မှာလား....'

မျက်နှာ ပျက်သွားတဲ့ ရိပေါ်ကြောင့် ကျိုးချန် ဟောက်ရွှမ်းကို ဆက်မပြောဖို့ လက်တို့ပြီး သတိပေးလိုက်တယ်။

ဟောက်ရွှမ်း ကျိုးချန် သူ့ကို သတိပေးတာ သိပေမယ့် ရိပေါ်အစား မခံချင်ဖြစ်တာကြောင့် ဆက်ပြောလိုက်တယ်။

' မင်းက ဘာလို့ အဲ့ဝက်ကောင်ကြောင့် ဆရာဝန် မလုပ်ပဲ နေမှာလဲ... အဲ့လို ဖြစ်နေရမှာ မဟုတ်ဘူး။ သူ့ထက် တော်အောင် လုပ်ရမှာ။ ပြီးတော့ မင်း အဖေ ဆေးရုံဆောက်တာ ဘယ်သူ့အတွက်လို့ ထင်လို့လဲ ....'

' အေး အဲ့ဆေးရုံကြောင့်ပဲ ငါသာ ဆရာဝန် လုပ်မယ်ဆို သူ ကျောင်းပြီးလို့ ပြန်လာရင် သူနဲ့ တွေ့နေရအုံးမှာ။ အဲ့ဒါကြောင့် ပါး ဖြစ်စေချင်တဲ့ ဆရာဝန် ကို ပြီးအောင် တက်ပေးမယ်။

ဒါပေမယ့် ဆရာဝန် မလုပ်ဖို့တော့ ငါ ဆုံးဖြတ်ပြီးပြီ။'

' အေး ... မင်း မလုပ်လည်း ကျိုးချန်တော့ အဲ့ဆေးရုံမှာ ဆရာဝန် သွားလုပ်ခိုင်း... မဟုတ်ရင် မင်းတို့လည်း ပိုင်တဲ့ ဆေးရုံမှာ အဲ့ဝက်ကောင် လက်ဝါးကြီး အုပ်ပစ်လိမ့်မယ်။'

ကျိုးချန် နဲ့ ယွီပင်း အခုမှ ရိပေါ် အစား ဥစ္စာခြောက် ပေးနေတဲ့ ဟောက်ရွှမ်း ကြောင့် ပြောစရာ မရှိ ဖြစ်သွားရတယ်။

ရိပေါ်ကတော့ ရှောင်းကျန့် သူ့ဘဝထဲက ထွက်သွားတဲ့ နေ့ကတည်းက ရှောင်းကျန့် နဲ့ ပတ်သက်တာတွေ အကုန်လုံး မေ့ပစ်လိုက်တယ်။

လန်ဟွားနဲ့တောင် စကားမပြောတော့ပါ။နေ့စဉ် နေ့တိုင်း ကျောင်းတက်တယ် ကျောင်းဆင်းရင် ပါး ရဲ့ Company လိုက်သွားပြီး ပါး ရဲ့ အလုပ်တွေကို လေ့လာတယ်။

ပါးလည်း သူ့ ပြောင်းလဲမှုကို ဘာကြောင့် ဆိုတာ သိနေတော့ ဘာမှမပြောပဲ သူ့ သဘောအတိုင်း လွှတ်ထားပေးတယ်။

မနေချင်လို့ ထွက်သွားတဲ့ အဲ့လူကို ချစ်တယ် ၊ ဘယ်လိုဖြစ်ဖြစ် ချစ်နေတုန်းပဲ၊ ဆက်လည်း ချစ်နေမယ်။

Beautiful Soul ( Completed )Where stories live. Discover now