Ep - 23

2.3K 201 2
                                    

မိန်လိ နောက်တစ်ခေါက် ဒီဘားရှေ့ ထပ်ရောက်လာရပြန်ပြီ။ ကလေးကို တာဝန်ယူပေးဖို့ မပြောဘူး သူ ကိုယ်ဝန် လွယ်ထားရပြီဆိုတာ အသိပေးချင်ရုံ သက်သက်ပဲ။

မိန်လိ ဝင်ပေါက် ရောက်တာနဲ့ ဒီတစ်ခေါက်တော့ အလွယ်တကူ ဝင်လို့ မရတော့ပါ။

' ဒီမှာ ငါ ဘယ်သူလဲ မသိဘူးလား။ ဖယ်ကြစမ်း ...'

' မရဘူး.... ဆရာ ပြောထားတယ်... မိန်းကလေး လာရင် ပေးမဝင်ဖို့ ...'

' ဘာ ....သူ ငါ့ကို အဲ့လို ပြောတယ် ဟုတ်လား...'

' ဟုတ်ပါတယ်။ ပြန်လိုက်ပါ ကျနော်တို့ အား မသုံးချင်ဘူး။'

' တောက် .....'

မိန်လိ ရန်ကျင့် သူ့အပေါ် ဒီလောက်ထိ လုပ်လိမ့်မယ် မထင်ထားပါ။ ဒင်းက ကလေး အဖေ ဖြစ်နိုင်မယ့် စိတ်ဓာတ်မျိုး မရှိဘူးပဲ။

မိန်လိ ဒီတစ်သက် ရန်ကျင့် နဲ့ ထပ်မပတ်သက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကလေးကတော့ အပြစ်မရှိတာမို့ သတ်မပစ်ရက်ပါ။

' မားမာ မင်းကို မွေးမယ် ကလေး ....'
~~~~~~~~~~~~

' ဝမ်ဝမ် ဘယ်လို ဖြစ်နေတာလဲ .... ငြိမ်ငြိမ်နေစမ်းပါ ...'

' ပါး ပေါင်ပေါင်း တို့ကို ဘယ်အချိန် ခေါ်ထားတာလဲ.... ခုထိ မလာသေးဘူး...'

' ခုမှ ၅ နာရီ ညစာဆိုတော့ ၇ နာရီမှ ခေါ်ထားတာ....'

' ဟာ ... ဘာလို့ စောစော မခေါ်တာလဲ ပါးနဲ့ အန်ကယ်ရှောင် အလုပ် ကိစ္စ ပြောအုံးမှာ မလား....'

' အေး ဟုတ်တယ်လေ ... စားရင်း ပြောလည်း ရတာပဲ။ ဒါမှ မဟုတ် စားပြီးမှ ပြောလည်း ရတာပဲ ....'

' စားရင်း ပြောစရာလား သားရဲ့ ပေါင်ပေါင်း ထမင်းစားရင်း စကား ပြောတာ ကြိုက်လား မသိ မကြိုက်လား မသိနဲ့ ....'

' ဟဲ့ ... နင်တို့က အဖေလား ငါတို့က အဖေ လား .... သွား ... သွားစမ်းပါ ဒီနားမှာ လာမနေဲ့။ အပေါ်မှာ သွားနေ သူတို့လာရင် ခေါ်လိုက်မယ်။'

' မသွားဘူး ... အိမ်ရှေ့မှာ သွားစောင့်နေမယ်....'
~~~~~~~~~
'ဘယ်လို ... သား ဘာပြောလိုက်တယ်...'

' ဟုတ်တယ် သဲကြီး သဲလေး သား ရန်လေးနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်လို့ ပြောတာ....'

Beautiful Soul ( Completed )Where stories live. Discover now