Ep - 29

2.4K 212 7
                                    

ရိပေါ် သမီးကို သွားကြိုတော့ ဆွဲခြင်းလေး ဆွဲပြီး ကျောင်းရှေ့မှာ ထွက်စောင့်နေတဲ့ သမီးကို တွေ့လိုက်ရတယ်....

' ရှန်းလေး သမီး ဘာလို့ အရှေ့မှာ တစ်ယောက်တည်း ထွက်စောင့်နေတာလဲ .... ဆရာမ လိုက်မပို့ဘူးလား ....'

' သမီး ဘာသာ လာစောင့်ချင်လို့ အထဲမှာ ဆူနေကြတယ် ....'

ရိပေါ် သမီးရှေ့မှာ ထိုင်လိုက်ပြီး ခေါင်းကို ပွတ်ပေးလိုက်တယ်။

' သမီး အရှေ့မှာ တစ်ယောက်တည်း ထွက်စောင့်လို့ အရူးကြီးနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ ... သမီးကို ဖမ်းသွားမှာ။ အဲ့ကျရင် ပါပါးနဲ့ မတွေ့ရတော့ဘူး ....'

' သမီး ပါပါး လာခါနီးချိန်မှ ထွက်တာပါ။ အမြဲတမ်း မထွက်ပါဘူး။'

ရိပေါ် ဘာမှနားမလည်တဲ့ ကလေးကို ပြောမနေတော့ပဲ သမီးကို ချီပြီး ကျောင်းထဲ ပြန်ဝင်သွားလိုက်တယ်။

' ဆရာမ ဘာလို့ သမီးကို အရှေ့မှာ တစ်ယောက်တည်း ပေးစောင့်နေတာလဲ။ တကယ်လို့ ကျနော် နောက်ကျမှ ရောက်လာရင် ဘယ်လိုလုပ်မလဲ ...'

' ဟို... ရှန်းလေးက သူ့ပါပါး ကို ထွက်စောင့်ချင်တယ် ပြောနေလို့ပါ။ ပြီးတော့ ပေးမသွားရင် ငိုတော့မှာမို့ ပေးသွားလိုက်တာပါ။ ကျမတို့လည်း ဒီထဲကနေ ကြည့်နေပါတယ်။'

' ငိုလည်း ချော့ရမှာ ခင်ဗျားတို့ အလုပ်ပဲလေ... ကလေးက ထွက်ချင်တယ် ပြောတိုင်း ပေးထွက်နေကြပဲလား။ ဘယ်ကနေ ကြည့်ကြည့် တစ်ခုခု ဖြစ်သွားရင် ခင်ဗျားတို့ ဒီထဲကနေ ကြည့်ပြီး ဘာတတ်နိုင်မှာလဲ .... ခင်ဗျားတို့ ကျောင်း နာမည် ပျက်ချင်နေပြီ ထင်တယ်။'

' ဟို ... ဟို အဲ့လို မလုပ်ပါနဲ့ရှင် နောက်ဆို ကျမတို့ ကလေးတွေကို သေချာ ထိန်းပါ့မယ်။'

' နောက်လည်း ခင်ဗျားတို့ ထိန်းဖို့ မလိုတော့ဘူး။ ကျနော့် ကလေးကို ဒီလိုကျောင်းမှာ မထားနိုင်ဘူး။'

ရိပေါ် သမီးကို ခေါ်ပြီး ထွက်လာခဲ့လိုက်တယ်။ $ရေးမပါတာ ကလေးကို ကျောင်းရှေ့မှာ တစ်ယောက်တည်း ထွက်စောင့် ခိုင်းရတယ်လို့...

ရိပေါ် ကားပေါ်ရောက်တော့ သမီးကို နောက်မှာ ထိုင်ခိုင်းပြီး ခါးပတ် ပတ်ပေးလိုက်တယ်။

Beautiful Soul ( Completed )Where stories live. Discover now