Ep - 21

2.3K 202 2
                                    

' ဒေါက် ဒေါက် ..... သား ရှောင်းလေး .....'

ရှောင်းကျန့် အပြင်က တံခါး ခေါက်သံကို အိပ်မက်လိုလို တကယ်လိုလို ထင်နေတုန်း နောက်ထပ် အသံ ထပ်ကြားလာရတယ်။

' ဒေါက် ... ဒေါက် .... သား .... ခုထိ မနိုးသေးဘူးလား..'

ရှောင်းကျန့် အသံတွေ ထပ်ကြားတော့ အိပ်မက် မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ ရှောင်းကျန့် ထ လာပြီး အိပ်ချင်စိတ် မပြယ်သေးတဲ့ မျက်လုံးတွေ ပွတ်ပြီး စားပွဲပေါ်က နာရီကို ကြည့်လိုက်တော့ .... ၈ နာရီ

ရှောင်းကျန့် မနေ့ည စာကြည့်ရင်း နောက်ကျသွားတာကြောင့် Gym လည်း မသွားဖြစ်တော့ပါ။ သဲလေး က စာမေးပွဲအတွင်း နား လိုက်အုံးလို့ ပြောတာလဲ ပါတယ်။

ရှောင်းကျန့် သူ မနိုးသေးဘူး ထင်ပြီး တံခါး ခေါက်မပြတ်တဲ့ သဲလေးကြောင့် သူ နိုးပြီ ဆိုတဲ့အကြောင်း အသိပေးဖို့ တံခါး သွားဖွင့်ပေးလိုက်တယ်။

' သဲလေး ရာ ဘာလို့ အဲ့လောက် ခေါက်နေတာလဲ လက်မနာဘူးလား။'

' မသိဘူးလေ သား မနိုးသေးဘူး ထင်လို့။ နိုးပြီဆိုရင်လည်း ဆင်းခဲ့တော့ မနက်စာ လာစား... ပြီးရင် ဘယ်မှာ စာ လုပ်မှာလဲ မား မုန့်နဲ့ Green Tea လုပ်ပြီး လာပေးမယ်။'

' ခုချိန် ခြံထဲမှာပဲ လုပ်မယ်။ အဲ့ဒါမှ ခေါင်းကြည်မှာ ....'

' ဟုတ်ပြီ .... ဒါဆို မျက်နှာသစ်ပြီး ဆင်းလာခဲ့တော့။'

' အင်းပါ .... သား ပြန်မအိပ်ပါဘူး ....'
~~~~~~~~~
ရိပေါ် ဟိုနေ့ ကား show room မှာ ကိစ္စဖြစ်သွားကတည်းက ရှောင်းကျန့် တို့ တစ်ဖွဲ့လုံး Gym ကို မလာတော့ပါ။ ရိပေါ်မှာ သူ မနက် သွားပေမယ့် မလာတော့ ညနေကျ လာမလားဆိုပြီး ညနေ ထပ်သွားပေမယ့် ဘယ်သူမှ မလာပါ။

ရှောင်းကျန့်ရဲ့ အိမ်ကို လိုက်သွားချင်ပေမယ့် အခြေနေ ပိုဆိုးမှာ စိုးတာကြောင့် မသွားရဲဘူး။ မတွေ့ရလည်း အနားမှာ ရှိရရင်ကိုပဲ ကျေနပ်နေပြီမို့ အိမ်မှာ သွားချောင်းလည်း အုတ်တံတိုင်းတွေ ခြံတခါး အလုံပိတ်တွေကြောင့် အရိပ်ပင် မမြင်ရပါ။

သူ နေ့တိုင်း လဒ မှိုင် မှိုင်နေတာကို ပါးက အမြင်ကပ်လာလို့လား မသိဘူး စာမေးပွဲ ဖြေပြီးရင် သူတို့ စ မယ့် ပရောဂျက်ကိစ္စ အကြောင်းပြပြီး တစ်မိသားစုလုံး အိမ်မှာ ထမင်း ဖိတ်ကျွေးပေးမယ်လို့ ပြောလာတယ်။

Beautiful Soul ( Completed )Where stories live. Discover now