Ep - 10

3K 244 2
                                    

' ဆရာ ရှောင်း ကတော့ လုပ်ပြီ....'

' တကယ်ပြောတာပါဗျာ.... ဆရာဝမ် နဲ့ ယှဉ်ရင် ကျနော့်လုပ်ငန်းတွေက သေးသေးလေးပဲ ရှိပါသေးတယ်။'

'ဟား ဟား ခုလို ကိုယ့်ကိုယ်ကို နှိမ့်ချတတ်လို့လည်း ဆရာ ရှောင်းက မိတ်ဆွေတွေ ပေါနေတာပဲ ဖြစ်ရမယ်။'

' အဲလိုတွေ ဖြစ်သွားတာလား။ ဟား ဟား....'

' ဒါဆို ဒီတစ်ခေါက် ပရောဂျက် အတွက် ဆရာရှောင်း ရှယ်ယာ မဝင်ချင်ဘူးလား....ဒီပရောဂျက်က ကျနော်တို့ ဝမ်အုပ်စုက Foundation ချမှာ။'

' ပရောဂျက်က ဘာများလဲ....'

' ပေကျင်းမှာ အကြီးဆုံး နိုင်ငံတကာ အဆင့်မှီနိုင်တဲ့ ဆေးရုံ ဆောက်မှာ။ ကျနော့်သားက ဆရာဝန် ဆိုတော့ သူ့အတွက် အလုပ်ပေးရင်းနဲ့ပေါ့။'

' ဆေးရုံ ဆောက်မှာလား။ ကျနော့်သားလည်း ဆရာဝန်ပဲ။ ဒါဆိုရင် ရှယ်ယာ က ပြောဖို့တောင် မလိုတော့ပါဘူး။'

' ဟုတ်ပြီ.... ဒါဆို ဆရာရှောင်း ရာခိုင်နှုန်း ဘယ်လောက်ထည့်မှာလဲ။'

' ဆရာဝမ် ဘက်ကရော....'

' ကျနော်က ဖောင်ဒေးရှင်း အပါဆို ၇၅ ရာခိုင်နှုန်း ထည့်မယ်။'

' ညီတူ မျှတူ ဖြစ်အောင် ၅၀ ၅၀ ပဲ ထည့်လိုက်ကြမလား....'

' ဟား ဟား ပိုကောင်းတာပေါ့ဗျာ.... ဆရာရှောင်းမှာလည်း သားပဲ ရှိတာလား။ မဟုတ်ရင် ခမည်း ခမက် တော်လို့ ရပြီ။'

'ဟား ဟား ဟုတ်တယ်ဗျ။ သား တစ်ယောက်ပဲ ရှိတာ။ စိတ်တောင် မကောင်းဘူးဗျာ...'

'ဟား ဟား ရပါတယ် ရပါတယ်။ မိတ်ဆွေကောင်း ဖြစ်လို့ ရပါသေးတယ်။

ဒါဆို ကျနော်တို့ ညစာ အတူစားသွားကြမလား။ ကျနော်တို့ သားတွေ ခေါ်ပြီး သူတို့အချင်းချင်း လည်း မိတ်ဆက်ပေးရင်ကော... ဆေးကျောင်းဆို ကျောင်းပါ တူနေမလား မသိဘူး။'

' ဆရာဝမ် သားက ဘယ်မှာတက်တာလဲ .... ကျနော့်သားက xxx မှာ တက်တာ....'

' ဒါဆို အတူတူပဲ သားလည်း အဲ့ကျောင်းမှာပဲ တက်တာ။ ဆရာ ရှောင်း သားက ဘယ်နှစ်ရောက်ပြီလဲ....'

' ခုမှ ပထမနှစ် ပဲ ရှိပါသေးတယ်။'

' အာ .... ဒါဆို ဝမ်ဝမ် နဲ့ ကျောင်းမှာ သူငယ်ချင်းတောင် ဖြစ်နေမလား မသိဘူး။'

Beautiful Soul ( Completed )Where stories live. Discover now