Your eyes(Part-1)

14 3 3
                                    

ဟူး" ကျမကျောင်းအသစ်ပြောင်းရတဲ့အခါ အရမ်းစိတ်ညစ်နေခဲ့ပါတယ်။
ပထမဆုံးနေ့ကျမကျောင်းခန်းထဲဝင်လာတဲ့အချိန်အားလုံးကကျမကိုဝိုင်းကြည့်နေကြပါတယ်။သူကလွဲပြီးပေါ့။
 
"သမီးဟိုကောင်မလေးဘေးမှာသွားထိုင်လိုက်အဲ့မှာလူမရှိဘူး"

Pu-နင်ကဒီနှစ်မှကျောင်းပြောင်းလာတာလား။
Me-ဟုတ်တယ်။
Pu-ငါရောပဲ ဟီးဟီး။

ဒီလိုနဲ့Puနဲ့ကျမစကားတွေပြောနေခဲ့ပါတယ်။
Puဟာအရမ်းတော်တဲ့ကျောင်းသူတစ်ယောက်ပါ။

Pu-အတန်းထဲမှာငါဟို၂ယောက်ရုပ်ကိုခွဲလို့မရဘူး။
Me-ဘယ်၂ယောက်လဲဟဲ့။
Pu-ဟိုနားကCollage Jacketအနီနဲ့တစ်ယောက်နဲ့သူ့အနောက်မှာထိုင်တဲ့Hoodieနဲ့တစ်ယောက်။
သူလက်ညိုးထိုးပြတော့ကျမကြည့်လိုက်တဲ့အခါCollage Jacketအနီနဲ့တစ်ယောက်ဟာ*
ကျမကိုလှည့််မကြည့်တဲ့တစ်ယောက်သောသူဖြစ်နေပါတယ်။
ကျမက(အမှန်တိုင်းပြောရရင်)ချောတော့အားလုံးနီးပါးလှည့်ကြည့်ပါတယ်သူကလွဲရင်ပေါ့။
Me-ဟိုCollage Jacketအနီနဲ့တစ်ယောက်ကအမြင်ကပ်စရာကြီး။
Pu-သူကချေတယ်ဟဲ့။သူ့ကိုအေးလွန်းလို့ရေခဲတုံးလို့ခေါ်ကြတာ။သူကစာလဲတော်တယ်။သူကသူငယ်တန်းထဲကဒီကျောင်းမှာတက်တာလေ။ဒါမယ့်သူ့အကြောင်းမေးလိုက်ရင်တစ်ယောက်မှမသိဘူး။
Me-ဟယ်အဲ့လောက်ကကိုချေတာလား။
ဒီလိုနဲ့အချိန်တွေကုန်ဆုံးလာပြီး ပထမလနှစ်ဝက်စာမေးပွဲရောက်ရှိခဲ့ပါပြီ။ကျမကကျောင်းအပ်နောက်ကျတောခုံနံပါတ်ကနောက်ဆုံးမှာပါ။ဟိုJacketအနီကတော့အစောကြီးတည်းကအပ်ထားတော့
ခုံနာပါတ်-၁ဖြစ်နေပါတယ်။

Pu-အချိန်တွေမြန်တယ်နော်စာမေးပွဲတောင်ဖြေရတော့မယ်။
Puဟာကျမမျက်လုံးကိုစိုက်ကြည့်လိုက်တဲ့အခါကျမကJacketအနီနဲ့ကောင်လေးကိုလှမ်းကြည့်နေတာသတိထားမိသတဲ့။
Pu-ကလေးမနင်ဘာတွေလှည့်ကြည့်နေတာလဲ။
အဲ့တော့ကျမလဲရှက်ရမ်းရမ်းပြီး
Me-ဟိုJacketအနီနဲ့တူတူထိုင်ရမှာစိုးလို့စိတ်ပူနေတာပါဟာ။
Pu-အမလေးမထိုင်ရပါဘူးဟယ်။
ဒီလိုနဲ့ဆရာမကခုံနာပါတ်တွေလူတွေကိုနေရာချပါတယ်။
ဒါမယ့်ဆရာမဟာကျမခုံနံပါတ်ကနောက်ဆုံးတော့နေရာလွတ်မရှိတော့လို့ခုံနံပါတ်-၁အရှေ့မှာထိုင်ခိုင်းသတဲ့။
Me-ဟိုJacketအနီရှေ့ထိုင်နေရပြီ။
ဒါမယ့်ကျမနောက်ကိုလှည့်မကြည့်ရဲပါဘူးနောက်မှာယောကျ်ားလေးတွေအများကြီးရှိတော့ရှက်လို့ပါ။
နောက်တော့စာမေးပွဲစာရွက်မဝေခင်
ကျမဟာJacketအနီရှိနေတာမသိပဲအကျောတွေဆန့်ပါတော့တယ်။နောက်တော့ကျမလဲမသိပဲနောက်ကိုလှည့်ကြည့်မိပါတော့တယ်။
Jacketအနီရောင်ဟာကျမကိုသူ့ရဲ့မျက်လုံးပြူးပြူးလေးနဲ့လှည်းကြည့်ပါတော့တယ်။
Me-ဟာဒီကောင်လေးကအရူးလားဟ*(ပြောချင်တာကချစ်စရာလေးလို့ပြောချင်တာပါ)
နောက်တော့စာမေးပွဲစာရင်းထွက်တော့ကျမလိုစာတော်တဲ့ကျောင်းသူထပ်Jacketအနီကအမှတ်ပိုရပြီးအဖြေမှန်နေပါသတဲ့။
ကျမစိတ်ထဲကတော့ဒေါသထွက်သလိုစိတ်ညစ်သလိုဖြစ်နေတာပေါ့။
ကျမဟာအဲ့ကျောင်းမှာBullyအလုပ်ခံရပါတယ်။လုပ်ခံရခြင်းအကြောင်းကတော့ ကျမassကJellyနဲ့တူလို့ပါသတဲ့။
ကာယချိန်ရောက်တော့ကျမဟာလွတ်လွတ်လပ်လပ်ဆော့နေပါတယ်။
အဲ့ချိန်ယောကျ်ားလေးတွေကအုပ်စုဖွဲ့ပြီးကျမကစားတာကိုထိုင်ကြည့်နေပါတယ်။အဲ့အုပ်စုထဲကတစ်ယောက်ကကျမassကJellyတုံးနဲ့တူတယ်ဆိုပြီးစကားစလိုက်တော့ကျန်တဲ့ယောကျ်ားလေးတွေကJellyနဲ့တူတယ်ဆိုပြီးစကြပါတယ်။အဲ့အုပ်စုထဲမှာJacketအနီရောင်လဲပါပါတယ်။
Jacketအနီကတော့ဘာမှဝင်မပြောပေးမယ့် သူကကျမကိုJellyနဲ့တူတယ်ဆိုတဲ့အကြောင့်ကိုကြားတော့ရီလိုက်ပါတယ်ဆိုပြီးကျမကိုcrhနေတဲ့ကောင်လေးတစ်ယေညက်ဆီကသတင်းကြားခဲ့ပါတယ်။အဲ့ချိန်မှာသူ့ကိုမုန်းလဲမုန်း အရမ်းလဲစိတ်တိုနေပါပြီ။ကျမအဲ့ချိန်ကစပြီးသူ့ကိုဂရုမစိုက်တော့ဖို့ကိုယ့်ကိုကိုယ်သတိပေးခဲ့ပါတယ်။အဲ့ချိန်မှာသူဟာကျမကိုတောင်းပန်ခဲ့ပါတယ်ဒါမယ့်၁ပတ်လောက်တော့ကျမဟာသူ့အကြောင်းကိုမပြောခဲ့ပါဘူး။ဘာကိစ္စပဲဖြစ်ဖြစ်မငိုတတ်တဲ့ကျမဟာသူ့ကြောင့်နဲ့ညလုံးပေါက်ငိုနေရပါပြီ။
၁ပတ်လဲကြာရောဆရာမကkikiနဲ့Moonစာလာဆို
kikiကတော့ကျမပါ။Moonကတော့Jacketအနီရောင်ပါ။
ကျမဟာရုပ်တည်နဲ့စာသွားဆိုမလို့လုပ်ပေမယ့်သူ့နားရောက်တဲ့အချိန်ကျအရမ်းငိုချင်သလိုပျော်သလိုဖြစ်ခဲ့ပါတယ်။သူဟာကျမကိုစာဆိုဖို့ဦးစားပေးခဲ့ပါတယ်။
ကျမကဒီတစ်ခေါက်စာဆိုပြီးတာနဲ့သူ့ကိုဂရုမစိုက်တော့ဖို့တွေးထားပေမယ့်
နောက်ရက်ရောက်တော့မြန်မာစာအစမ်းဖြေရပါတယ်။မြန်မာစာဖြေရင်တစ်ယောက်နဲ့တစ်ယောက်စာရွက်လဲစစ်ရတာပါ။
ကျမကတော့စာမပြီးမှာစိုးလို့အမြန်ရေးပြီးဆရာမစီသွားပြပြီးလူရှာရတဲ့အခါMoonကလဲဆရာမနားရောက်နေတော့
ဆရာမက"နင်တို့၂ယောက်စာရွက်လဲလိုက်"လို့ပြောသတဲ့။
ကျမကတော့စာရွက်လဲမလို့ပြင်ပေမယ့်Moonကတော့စာရွက်မပေးပဲကြောင်ကြည့်နေပါသတဲ့။
အဲ့အချိန်ဆရာမက"ဟဲ့ကောင်လေးနင်မလဲသေးဘူးလား"လို့ပြောတော့စာရွက်လဲပြီးထွက်ပြေးသွားပါတယ်။
သူ့စာရွက်ကိုကျမ စစ်ရတဲ့အခါအမှားသိပ်မပါခဲ့ပါဘူး ဘာလို့ဆိုကျမကနည်းနည်းလေးမှားတာကိုအရေးလုပ်ပြီးမစစ်လို့ပါ။
ဒါမယ့်သူကတော့ကျမက"မည်"နဲ့"သည်"လေးလွဲတာကိုဝိုင်းထားသတဲ့။
အဲ့တာနဲ့ကျမကဆရာမကိုသွားပြောပြီးကျမအမှားသေးသေးလေးတွေကိုသူဝိုင်းထားတာတွေပြန်ဖျက်ခိုင်းပါတယ်။သူကတော့သိပ်ပြီးအဲ့အကြောင်းတွေဂရုစိုက်မယ့်ပုံမပေါ်ပါဘူး။ဒါကြောင့်အေးဆေးပဲကျမလုပ်ချင်တာကိုလုပ်ခွင့်ပေးလိုက်ပါတယ်။

ကောင်းအောင်ရေးထားပါတယ်။မကောင်းရင်လဲမဖတ်ပါနဲ့ဟုတ်ကဲ့ကျေးဇူး။😍

Your eyesWhere stories live. Discover now