your eyes(Part-7)"နင်ပြောင်းလဲသွားပြီ"

6 2 0
                                    

ကျမလဲဒီလိုနဲ့ကျောင်းမပြောင်းတော့ပါဘူး။နွေရာသီကအရမ်းကြာရှည်ပါတယ်။ကျမအမြဲတွေးနေခဲ့ပါတယ်။ခုချိန်ဆိုMoonဘယ်လိုနေနေမလဲဆိုတာ။ကျမနွေရာသီမှာလဲကျမဒီတိုင်းမနေရပါဘူးကျမအဖေကရာထူးကြီးလူတစ်ယောက်ဆိုတော့ကျမကိုလဲအဲ့လိုရာထူးကြီးကြီးရစေချင်တော့ကျမကြိုးစားနေရပါတယ်။ကျမကတော့အရမ်းလှနေအောင်ပြင်ပါတယ်။ဘာလို့ဆိုကျောင်းရောက်တဲ့အခါကျမကိုMoonကြွေသွားအောင်လို့ပေါ့။
ပထမဆုံးကျောင်းတက်တဲ့ရက်လဲရောက်တော့ကျမကျောင်းလာတဲ့အချိန်Moonကကျမကိုကျောင်းရှေ့မှာထွက်စောင့်နေခဲ့ပါတယ်။အဲ့လိုထွက်စောင့်တာကမလုပ်ရဘူးလို့ပြောတဲ့ဟာကိုစည်းကမ်းချိုးဖောက်လာခဲ့ပါတယ်။ယောကျ်ားလေးနဲ့မိန်းကလေးနဲ့ဘေးချင်းကပ်ရပ်မထိုင်ရဘူးလို့ပြောတာလဲMoonကကျမနားအတင်းလာထိုင်နေခဲ့ပါတယ်။နောက်ဆုံးတော့ရုံးခန်းရောက်တဲ့အထိပါဖြစ်ခဲ့ပါတယ်။
နောက်ရက်ရောက်တော့
အတန်းထဲကျောင်းသားအသစ်တစ်ယောက်ရောက်လာခဲ့ပါတယ်။အဲ့ကျောင်းသားကကျမကိုကြည့်နေခဲ့ပါတယ်။အဲ့ကျောင်းသားကစည်းကမ်းချိုးဖောက်တဲ့ကျောင်းသားနောက်တစ်ယောက်ပါ။သူ့နာမည်ကFrankတဲ့။သူကကျမနားလာထိုင်ပါတယ်။သူကပြောတယ်"မင်းနဲ့ဟိုကောင်လေးကတတွဲတွဲနော်ဘာဇာတ်လမ်းရှိလို့လဲ"။ကျမကတော့ဘာဇာတ်လမ်းမှမရှိဘူးလို့ပြောရတာပေါ့။Moonကကျမတို့၂ယောက်စကားပြောနေတော့Moonက"ဟျောင့်မင်းကငါတို့ဇာတ်လမ်းကိုဘာကိစ္စသိချင်ရတာလဲ။မင်းနဲ့ဘာဆိုင်လို့လဲ။လို့ပြောပြီးရန်ပွဲစလိုက်ပါတယ်။အဲ့တာနဲ့ရိုင်းစိုင်းတဲ့Frankက"ဆိုင်တာပေါ့ကွ။စော်ချောလေးတွေကိစ္စဆိုငါနဲ့ဆိုင်တယ်"လို့ပြောတော့MoonကFrankကိုလက်သီးနဲ့ထိုးလိုက်ပါတယ်။Moonကအရင်ကနဲ့မတူတော့ပါဘူးအရင်တုန်းကအရမ်းလိမ္မာပြီးကောင်းတဲ့ကောင်လေးပါ။လက်သီးနဲ့ထိုးလဲပြီးရောMoonကနောက်တစ်ချက်ထိုးဖို့ရွယ်လိုက်တော့ကျမသူ့ကိုတားလိုက်ပါတယ်။အဲ့ချိန်Moonကရပ်သွားပါတယ်။
Frankကကျမကိုကစားနေမှန်းကျမသိပါတယ်။Moonကိုလဲအလကားသပ်သပ်ရန်ရှာနေမှန်းသိပါတယ်။နောက်တော့ကျမလမ်းမှာFrankနဲ့တစ်ခြားကောင်လေးတွေရန်ဖြစ်နေတာတွေ့လိုက်ပါတယ်။ကျမရှေ့မှာဖြစ်နေတာဆိုတော့ကျမFrankကိုကူညီပေးလိုက်ပါတယ်။Frankကကျမကိုအိမ်ပြန်ဖို့ကူညီပေးပါတယ်။ညကြီးဆိုတော့မိန်းကလေးတစ်ယောက်ထဲမလို့လို့ပြောပါတယ်။ကျမသိထားတဲ့Frankကလူဆိုး။အလကားကျမရဲ့Moonကိုအလကားပွဲရှာချင်နေတဲ့ကောင်ကဒီလောက်ထိစိတ်ထားကောင်းမှန်းမသိခဲ့ပါဘူး။နောက်နေ့ကျောင်းလာတော့Moonကထုံးစံအတိုင်းကျမနားကကိုမခွာပါဘူး။Frankက​ကျောင်းမှာကျတစ်မျိုးအပြင်မှာကျတစ်မျိုးပါ။ကျောင်းရောက်တော့ကျမနဲ့Moonကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ပြဿနာရှာပါတယ်။Moonကကျမကိုထိရင်လုံးဝမခံပါဘူး။Moonနဲ့Frankနဲ့ကလဲခနခနရုံးခန်းရောက်ပါတယ်။နောက်ရက်ရောက်တော့Moonကရုတ်တရက်လမ်းလျှောက်ရင်းလဲကျသွားပါတယ်။ကျမအဲ့ချိန်မှာတော်တော်စိတ်ပူသွားပြီးကျောင်းသူနာပြုဆရာမတွေကိုခေါ်လိုက်ပါတယ်။သူမေ့လဲပြီးနိုးလာတော့သူကချွေးတွေပြန်နေပြီးကျမကိုခေါ်ခဲ့ပါတယ်။သူကကျမကိုပြောခဲ့တယ်"ငါကြောက်တယ်။မသတ်ပါနဲ့။ကျေးဇူးပြုပြီး"။အဲ့လိုလဲပြောလိုက်ရောကျမအရမ်းလန့်သွားတယ်။သူ့မှာတော်တော်ဆိုးတဲ့နောက်ကြောင်းရှိမှာပဲဆိုပြီး။Frankကတော့တစ်ခုခုကိုသိနေတဲ့ပုံပါပဲ။Moonသတိရလာတော့ကျမကိုပြေးဖို့​ပြောပြန်ပါတယ်။Moonရဲ့အသိသူငယ်ချင်းတွေကMoonကိုလှောင်ခဲ့ပါတယ်"ဟျောင့်မင်းဆေးသောက်ဦး။ရူးသွားပြီ။မင်းပြောတဲ့ပုံစံကသနားစရာမကောင်းဘူးနော်။အရူးကြီးကျနေတာပဲ"လို့ပြောတော့ကျမလုံးဝကိုဒေါသထွက်သွားပါတယ်။ကျမလဲအဲ့တာနဲ့"နင်တို့တွေနင့်သူငယ်ချင်းကိုစိတ်ဓာတ်ခွန်အားပေးဖို့လာတာလား။လှောင်ဖို့လာတာလား။လှောင်မယ်ဆိုရင်လှည့်သာပြန်တော့တံခါးဖွင့်ပေးထားမယ်"လို့ပြောလိုက်တဲ့အချိန်Moonကတော့ရင်ထဲထိသွားသလိုပဲ။ပြီးတော့Moonကပြောတာ"ငါနင့်နားနေရင်ဘာမှမကြောက်တော့ဘူး။ငါ့နားကထွက်မသွားပါနဲ့။"ကျမMoonရဲ့နောက်ကြောင်းကိုအရမ်းစိတ်ဝင်စားသွားပါတယ်။Moonကတော်ရုံလူတော့မဟုတ်လောက်ဖူးလို့တွေးမိခဲ့ပါတယ်။
Frankနဲ့Moonနဲ့လဲအရင်ကပတ်သတ်ဖူးတယ်ဆိုပြီးတွေးမိသွားခဲ့ပါတယ်။
Moonဘာကိုကြောက်နေလဲ။Moonကဘာကြောင့်ငြိမ်နေရတာလဲ။ဘာအတွက်ငိုနေတာလဲဆိုတာလဲသိချင်တယ်။

Moonကဘာတွေဖြစ်ပျက်ခဲ့တာလဲ။Moonကအရမ်းသနားစရာကောင်းပါတယ်။Moonကဘာတွေကြောက်နေတာလဲဆိုတာကိုသိချင်ရင်ဆက်ဖတ်ပေးပါဦး။❤️

Your eyesWhere stories live. Discover now