your eyes (Part-4)Moonသဝန်တိုပွဲ

10 2 3
                                    

ကျွန်တော်ပျော်ရွှင်ခဲ့ပါတယ်။နောက်ဆုံးတော့Kikiဟာကျွန်တော့ကိုစိတ်မဆိုးတော့ပါဘူး။
ကျွန်တော်ကကျွန်တော့အမကိုကျောင်းမဆင်းခင်စောင့်ရပါတယ်။ကျွန်တော့အမကအတန်းကြီးတော့အချိန်ပိုကြာတော့စောင့်ရတာပါ။ကျွန်တော်ကကျွန်တော့အမကိုစောင့်ပြီးတော့ပြန်ဖို့အခန်းရှေ့ကိုထွက်လာတဲ့အချိန် စက်ဘီးထားတဲ့နေရာနားမှာkikiတစ်ယောက်အနွေးထည်အထူကြီးနဲ့အရမ်းချစ်ဖို့ကောင်းနေခဲ့ပါတယ်။ကျွန်တော့မျက်လုံးကလဲသူ့ဆီပဲရောက်နေခဲ့ပါတယ်။
အဲ့အချိန်မှာပဲသူမဟိုကြည့်ဒီကြည့်နဲ့
ကြည့်ရတာကျွန်တော့ကိုရှာနေတဲ့ပုံစံပါပဲ။သူမကျွန်တော့ကိုလဲတွေ့ရော ကျွန်တော်ဘာလုပ်လို့လုပ်ရမှန်းမသိခဲ့ပါဘူး။သူမရဲ့မျက်လုံးတွေကအရမ်းလှနေပါတယ်။ ကျွန်တော်ရှက်လွန်းလို့ဘယ်လိုတောင်လုပ်ရမှန်းမသိတော့ပါဘူး။အဲ့တော့ကျွန်တော်လဲလုပ်မိလုပ်ရာဟိုကြည့်ဒီကြည့်လုပ်မိပါတယ်။
နောက်ရက်လဲရောက်ရောကျောင်းသွားတဲ့အခါအတန်းထဲမှာတီးတိုးပြောသံကြားခဲ့ပါတယ်။
သူများတွေကသူမကို
"ကောင်လေးရသွားပြီဆို"
"ကောင်လေးကတော်တော်ချောတယ်နော်"
လို့ပြောလိုက်တဲ့အချိန်ကျွန်တော့အသဲတွေတစ်စစီကြေကွဲသွားပါပြီ။
ကျွန်တော်လုံးဝစိတ်မထိန်းနိုင်တော့ပဲသူမကိုစကားသွားပြောမိပါတယ်။
ကျွန်တော်-"နင်ကောင်လေးရသွားပြီပေါ့၊ကောင်လေးကချောတယ်ဆို၊နင်တို့တော်တော်လိုက်ဖက်မှာပဲ"လို့ပြောလိုက်တဲ့အချိန် သူမကကျွန်တော်ကိုကျွန်တော်တို့စစတွေ့တုန်းကမျက်လုံးလေးတွေနဲ့ကြည့်ခဲ့ပါတယ်။ကျွန်တော်အသဲတွေပျော်ကျသွားခဲ့ပါပြီ။သူမဟာဘာမှမပြောပဲအကြာကြီးရပ်နေတုန်း။သူမသူငယ်ချင်းကမုန့်စားဖို့သွားခေါ်ပါတယ်။

ကျွန်တော်အရင်ကအသဲကွဲခဲ့သလိုအခုလဲကွဲနေရပါပြီ။ကျွန်တော်ကသူမနဲ့မလိုက်ဖက်ဘူး။သူမကသူမကောင်လေးလိုမျိုးရုပ်ချောချောrich kidနဲ့မှလိုက်ဖက်တာ။

ကျောင်းဆင်းတော့သူမကိုသူမရဲ့ကောင်လေးဆိုတဲ့တစ်ယောက်ကလာကြိုပါတယ်။သူများတွေပြောတဲ့အတိုင်းသူမကောင်လေးကအရမ်းချောပြီးချမ်းသာတဲ့ပုံစံပါပဲ။ကျွန်တော်နဲ့ဘယ်လိုမှယှဥ်လို့မရပါဘူး။
သူတို့တွေက​ပျော်နေကြတဲ့ပုံပါပဲ။ကျွန်တော်သူတို့တွေကိုဘယ်လိုမှမခွဲနိုင်ပါဘူး။အဲ့တာနဲ့ကျွန်တော်fb accဖွင့်ပြီးသူမနဲ့သူမကောင်လေးအကြောင်းစုံစမ်းခဲ့ပါတယ်။သူမနဲ့သူမကောင်လေးပုံတင်ထားတာအရမ်းချစ်နေကြတဲ့အတွဲလေးလိုပါပဲ။
နောက်နေ့လဲရောက်ရောသူမအသင်းနေ့မှာသူမခါတိုင်းအချိန်ထပ်နောက်ကျနေခဲ့ပါတယ်။သူမသာအခန်းတာဝန်ပြီးအောင်မလုပ်နိုင်ခဲ့ရင်ဆရာမကသူမကိုဆူမှာပါ။ဒါကြောင့်ကျွန်တော်မှီတဲ့အချိန်နဲ့မြန်မြန်အလုပ်တွေပြီးအောင်လုပ်ခဲ့ပါတယ်။သူမ​ကျောင်းလာတဲ့အချိန်သူမကအံ့သြသွားပါတယ်။ကျွန်တော်လုပ်ပေးခဲ့တယ်ဆိုတာသိနေတဲ့ပုံပါပဲ။
နောက်နေ့ရောက်တော့သူမနဲ့သူမကောင်လေးပြတ်သွားပြီဆိုတဲ့သတင်းကြားခဲ့ပါတယ်။ကျွန်တော်အရမ်းပျော်ခဲ့ပါတယ်။ကျွန်တော်သူ့ကိုကျွန်တော်လွတ်လွတ်လပ်လပ်နဲ့ကြည့်ခွင့်ရခဲပါတယ်။ကျွန်တော်မပြုံးရတာ၂နှစ်လောက်ရှိပါပြီ။နောက်ဆုံးသူမကြောင့်ပြုံးခွင့်ရခဲ့ပါတယ်။

Thank you❤️

Your eyesWhere stories live. Discover now