Your eyes(Part-5) Kikiသဝန်တိုပွဲ

5 1 0
                                    

ဟဲ့ကလေးမkikiငါအခုဘာသတင်းရခဲ့လဲသိလား?ဆိုပြီးအလောတကြီးPuကလာပြောခဲ့ပါတယ်။ကျမလဲဘာဖြစ်တာလဲမေးလိုက်တော့။Puက
"ဟဲ့နင့်ရဲ့Moonမှာအရင်တုန်းကငါတို့ကျောင်းမတက်ခင်ကကြိုက်တဲ့ကောင်မလေးရှိတယ်တဲ့။သူငယ်ချင်းနင်စိတ်ညစ်မနေနဲ့ဦး"လို့ပြောတဲ့အချိန်ကျမလန့်သွားခဲ့ပါတယ်။ကျမအတွေးထဲမှာMoonကကျမကိုကြိုက်နေတယ်လို့ထင်ခဲ့တာ။အဲ့လိုထင်ခဲ့တဲ့ကျမကအရူးကြီးပါ။ကျမစိတ်ထဲ"Moonကအဲ့ကောင်မလေးကိုကြိုက်တုန်းလား?"ဆိုပြီးအမြဲတွေးနေမိပါတယ်။အဲ့ကောင်မလေးကကျမတို့ကျောင်းရောက်တဲ့နှစ်ကကျောင်းထွက်သွားတဲ့ကောင်မလေးတဲ့။အဲ့တာနဲ့ကျမလဲPuကိုအဲ့ကောင်မလေးကဘယ်သူလဲလို့မေးလိုက်တော့Puက
"အဲ့ကောင်မလေးကအရင်တုန်းကအတန်းထဲမှာတစ်အားနာမည်ကြီးတာတဲ့။အဲ့ကောင်မလေးကရုပ်လဲချောစာလဲတော်ချမ်းလဲချမ်းသာတယ်တဲ့။အဲ့ကောင်မလေးနာမည်ကHtike Hsuတဲ့။Hsuလို့ပဲအခေါ်များတယ်တဲ့။အဲ့ကောင်မလေးကိုMoonကတစ်ဖက်သက်ကြိုက်တာတဲ့။အဲ့ကောင်မလေးကပြန်မကြိုက်ဘူးတဲ့။"အဲ့လိုလဲပြောပြီးရောကျမစိတ်ထဲကသိကအောက်ဖြစ်သွားပါတယ်။အဲ့ကလေးမကဘာကိစ္စငါ့Moonလေးကိုပြန်မကြိုက်ရတာလဲ။သူ့ကိုသူဘာထင်နေလဲဆိုတဲ့အတွေးကြီးရခဲ့ပါတယ်။အဲ့နောက်နေ့ကျတော့Moonကကျမကိုပြုံးပြုံးကြီးပဲလာကြည့်ပါတယ်။ကျမကတော့သူကအဲ့ကောင်မလေးကိုကြိုက်တုန်းပဲလို့ထင်လို့ခါတိုင်းလိုပြန်လှည့်မကြည့်ခဲ့ပါဘူး။
ကျောင်းအားကစားပွဲနေ့ရောက်လာခဲ့ပါတယ်။
ကျမကတော့အဲ့ပွဲမှာMoonကပြိုင်မှာမလို့သေချာဝတ်စားဆင်ယင်ပြီးအားပေးဖို့သွားပါတယ်။
ဒါမယ့်........
အဲ့Htike Hsuဆိုတဲ့ကလေးမကကျောင်းအားကစားပွဲနေ့မှာအရင်ကျောင်းကသူငယ်ချင်းတွေကိုတွေ့ချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့လာခဲ့ပါတယ်။
Htike Hsuကကျမထပ်ပိုလှနေခဲ့ပါတယ်။ကျမသူ့ကိုအရမ်းမုန်းတယ်။MoonကHtike Hsuကိုမြင်တဲ့အခါနာကြည်းတဲ့မျက်လုံးတွေနဲ့Hsuကိုကြည့်တော့ကျမအဲ့ကလေးမကိုအရမ်းမုန်းသွားခဲ့ပါတယ်။မုန်းလဲကျမဘာမှလုပ်လို့မရပါဘူးလေ။ကျမသူ့ကိုသတ်ပစ်ချင်လောက်အောင်မုန်းပါတယ်။ ကျမလဲMoonကိုဆက်အားမပေးတော့ပဲထွက်ခဲ့ပါတယ်။နောက်တော့အဲ့ကလေးမကMoonကိုအချိုရည်တိုက်ဖို့Moonနားကပ်သွားခဲ့ပါတယ်။Moonကလဲအဲ့ကလေးမပေးတာကိုယူလိုက်သတဲ့။ အဲ့ချိန်ကစပြီးကျမယုံကြည်ချက်တွေပျောက်ဆုံးသွားပါပြီ။ကျမသူ့ကိုစိတ်ဖျောက်ချင်တယ်။ကျမသူ့ကိုမုန်းတယ်။
ကျမနောက်ရက်ရောက်တော့ကျမအရင်ကျောင်းကသူငယ်ချင်းတစ်ယောက်ကသူ့မွေးနေ့လာဖို့ပြင်ဦးလွင်ကနေခေါ်ခဲ့ပါတယ်။ကျမလဲသွားခဲ့ပါတယ်။သူကအရင်ကျောင်းကအတန်းထဲကမော်နီတာ။ကျမကတော့တစ်ချိန်လုံးချေနေတဲ့အချေကိုယ်တော်ပေါ့။သူ့နာမည်ကTun Tunတဲ့။ကျမနဲ့လဲအရင်ကဇာတ်လမ်းရှိခဲ့တော့စိတ်ဖျောက်နိုင်မလားဆိုပြီးတွေးခဲ့ပါတယ်။အဲ့ရက်ရောက်တော့ကျမTun TunကိုအားရပါးရFlirtပါတော့တယ်။ဘယ်လိုမှလဲစိတ်မဖျောက်နိုင်ပါဘူး။ကျမစိတ်ကအဲ့Moonဆီပဲရောက်နေခဲ့ပါတယ်။ပြင်ဦးလွင်ကကန်တော်ကြီးကိုရောက်တော့မထင်မှတ်ပဲMoonကသူ့မိသားစုနဲ့လာတာတွေ့လိုက်ရပါတယ်။အဲ့တာနဲ့ကျမတို့အရင်ကျောင်းကသူငယ်ချင်းတစ်စုဟာဟိုလျှောက်သွားဒီလျှောက်သွားလုပ်ရင်းနဲ့ကျမရဲ့ကျန်တဲ့သူငယ်ချင်းတွေကကျမနဲ့Tun Tunကိုshipနေသံကြားခဲ့ပါတယ်။Moonကလဲကျမကိုတွေ့ပါတယ်။ကျမလဲသူ့ကိုစိတ်ဖျောကိနိုင်တဲ့ပုံစံနဲ့သူ့ရှေ့မှာTun TunကိုအားရပါးရFlirtပါတယ်။ရေခဲမုန့်တွေပါဝယ်ကျွေးပြီး။Moonကတော့ဘာမှမလုပ်ပါဘူးရပ်ကြည့်နေရုံကလွဲရင်။
နောက်ရက်ကျောင်းသွားတော့
Moonကကျွန်မကိုတတိယအကြိမ်စကားလာပြောခဲ့ပါတယ်။
Moon"နင့်ကိုကန်တော်ကြီးမှာတွေ့လိုက်တယ်။နင့်ဘေးကကောင်လေးကဘယ်သူလဲ။"
အဲ့တော့ကျမလဲ"နင်နဲ့ဘာဆိုင်လဲဟယ်။သူကငါ့အရင်ကျောင်းတုန်းကအီစီကလီပါဟ။"
Moon"နင့်မှာအီစီကလီတွေလဲရှိတာပဲလား။နင်အဲ့လိုတွေလျှောက်မလုပ်ပါနဲ့ဟာ။တစ်ဖက်ယောကျ်ားလေးရဲ့ခံစားချက်ကိုနားလည်မှပေါ့။ငါသူ့ကိုကိုယ်ချင်းစာတယ်။"
ကျမ"နင်ကတော့ကိုယိချင်းစာမှာပေါ့။နင့်အရင်crhကနင့်ကိုအဲ့လိုလုပ်သွားတယ်မလား။"
လို့ပြောလဲပြီးရောMoonဟာကျမကိုကြောက်စရာကောင်းတဲ့မျက်လုံးနဲ့ကြည့်လိုက်ပါတယ်။ကျမလဲအရမ်းလန့်သွားပါတယ်။သူကျမကိုအရင်ကအဲ့လိုမကြည့်ဖူးလို့ပါ။ကျမသူ့ကိုမုန်းသွားပါပြီ။ကျမအရမ်းလဲခံစားရပါတယ်။နောက်ဆုံးစာမေးပွဲရောက်လာခဲ့ပါတယ်။ကျမသူ့ကိုလုံးဝအရေးမစိုက်ပါဘူး။ကျမကပြောရရင်ဒီကျောင်းကိုယာယီလာတက်တာပါ။နောက်နှစ်ဆိုကျောင်းပြောင်းရတော့မယ်။မပြောင်းရင်လဲမပြောင်းရဘူးဒီကျောင်းမှာအဆင်ပြေရင်။ဒါမယ့်အဆင်မပြေတော့ကျမကျောင်းပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။
နောက်တော့Puနဲ့ကျမအရှေ့တန်းမှာထိုင်တဲ့ကောင်မလေးတွေက
"နင်ကျောင်းပြောင်းမှာဆို"
"မပြောင်းပါနဲ့လား"
"ဒီကျောင်းမှာအဆင်မပြေလို့လား"
တွေမေးကြပါတယ်။အဲ့စကားသံတွေကိုMoonကကြားပါတယ်။ဒါမယ့်သူအဖက်မလုပ်ပါဘူး။ကျမလဲဘာမှပြောမနေတော့ဘူး။ဒီလိုနဲ့ကျမစာမေပွဲအစစ်ကြီးရောက်လာခဲ့ပါတယ်။ဒီတစ်ခေါက်တော့Moonရှေ့မှာမထိုင်ရပါဘူး။ကျမအရမ်းဝမ်းနည်းပါတယ်။ ကျမကကျမကျောင်းစတက်ထဲကအရမ်းစောက်မြင်ကပ်တဲ့စောက်ဂျပုခွေးကောင်အနှုတ်စုတ်ဂုတ်စုတ်ယောကျ်ားလေးနဲ့ထိုင်ရတာပါ။အဲ့ချိန်Moonကကျမတို့ကိုလှည့်ကြည့်ခဲ့ပါတယ်။အဲ့အနှုတ်စုတ်ဂုတ်စုတ်ကကျမနဲ့တူတူစာတိုင်ပင်ပြီးဖြေကြပါတယ်။ဖြေနေတုန်းဆရာမကသတိထားသွားတဲ့ပုံဖြစ်တော့ကျမတို့ကိုရွဲ့ပြီးဆူပါတော့တယ်။အဲ့ချိန်Moonကဆရာမကိုပြောင်လိုက်ပါတယ်။အဲ့တာMoonမတစ်ခါမှမလုပ်ဖူးတဲ့အပြုအမူပါ။အဲ့ဘေးကအနှုတ်စုတ်ဂုတ်စုတ်ကကျမတို့၂ယောက်ဇာတ်လမ်းကိုသတိထားမိပုံပါပဲ။ကျောင်းမပိတ်ခင်နောက်ဆုံးနေ့ရောက်တော့Moonနဲ့ကျမတိုက်သလိုဖြစ်ပေမယ့်sorryတောင်မလုပ်ပဲထွက်ပြေးမလိုလုပ်လိုက်ပေမယ့်သူကကျမလက်ကိုလှမ်းဆွဲထားပါတယ်။ကျမအဲ့နေရာမှာတင်ရှက်လိုက်တာဘာလုပ်လို့လုပ်ရမှန်းမသိတော့တာပါ။
Moonက"နင်ကျောင်းမပြောင်းပါနဲ့လား။ကျေးဇူးပြုပြီး"ဆိုပြီးကျမကိုလာပြောတော့သူ့ရုပ်ကကျမကျောင်းထွက်သွားရင်အကြီးအကျယ်ဝမ်းနည်းမယ့်ရုပ်ဖြစ်နေပါတယ်။
ကျမကသူပြောရင်တစ်ခွန်းနဲ့ရပါတယ်။
ကျမကျောင်းမပြောင်းတော့ပါဘူးဟုတ်။😁

Thank you❤️

Your eyesWhere stories live. Discover now