your eyes(part-6)

5 2 0
                                    

ကျွန်တော်အရမ်း​ပျော်နေပါတယ်။သူမကသူမကောင်လေးနဲ့ပြတ်သွားပြီဆိုတာသိလိုက်ရတော့။ရုတ်တရက်နောက်ဆုံးတန်းမှာထိုင်တဲ့ကောင်လေးကကျွန်တော့ကိုလာပြောတယ်"ဟျောင့်Htike Hsuကအားကစားနေ့ကျကျောင်းကိုအလည်အပတ်လာမယ်တဲ့။သူမကပြောတယ်။မင်းကိုငြင်းပြီးထဲကမင်းသူမအနောက်ကိုဆက်မလိုက်တာတဲ့။ကျောင်းပြောင်းပြီးမှသိလိုက်ရတာသူမကမင်းကိုချစ်မိနေပြီဆိုတာပဲတဲ့"အဲ့စကားကြားလိုက်တဲ့အချိန် ကျောင်းမှာTriangleတွေဖြစ်တော့မယ်ဆိုတာကျွန်တော်သတိထားမိတယ်။ကျွန်တော်Htike Hsuကိုမချစ်တော့ပါဘူး။ကျွန်တော့ကိုသူမပြောသွားတဲ့စကားတွေကလွန်လွန်းပါတယ်။ကျွန်တော်စိတ်ထဲဓားတစ်စင်းဝင်ရောက်လာသလိုခံစားချက်ကြီးပါ။
အားကစားနေ့*
ကျွန်တော်အားကစားနေ့မှာKikiကိုလိုက်ရှာနေခဲ့ပါတယ်။Kikiကကျွန်တော်ထင်ထားတာထပ်အများကြီးလှနေခဲ့ပါတယ်။ကျွန်တော်သူကိုကြည့်နေရင်းHtike Hsuလာမယ်ဆိုတာမေ့သွားပါတယ်။၂နာရီကြာတော့Htike Hsuရုတ်တရက်ရောက်လာခဲ့ပါတယ်။Htike Hsuကလဲလှနေပါတယ်။ဒါမယ့်ကျွန်တော့မျက်လုံးကKikiဆီမှာပဲရှိတာပါ။ရုတ်တရက်Htike Hsuကကျွန်တော့ကိုစကားလာပြောပါတယ်။
Htike Hsu-ဟဲ့နင်တော်တော်ချောလာတယ်နော်။ဪဒါနဲ့ငါနင်သောက်ဖို့စျေးကြီးတဲ့ရေဝယ်လာတယ်။အဲ့ရေသန့်တံဆိပ်ပာကလူချမ်းသာတွေမှသောက်တာ
Moon-ဪအေးကျေးဇူးပဲ။
Htike Hsu-နင်ကလဲစိတ်မပါသလိုကြီး။နင်ငါ့ကိုစိတ်မကုန်သေးဘူးမလား။မှန်မှန်ပြောစမ်းပါ။ဒါနဲ့နင်ဒီရေကိုသောက်ဖြစ်အောင်သောက်နော်။တစ်ဘူးကို7$ပေးရတာဟ။တန်အောင်တော့သောက်။
ကျွန်တော်Kikiကိုကြည့်နေခဲ့ပါတယ်။Kikiကကျွန်တော့ကိုစိတ်ဆိုးနေတဲ့မျက်လုံးနဲ့ပြန်ကြည့်ခဲ့ပါတယ်။
နောက်ရက်ကျကျတော့မိသားစုနဲ့ပြင်ဦးလွင်ကိုသွားခဲ့ပါတယ်။
ကျတော်ကမိသားစုနဲ့သိပ်မခင်တော့သိပ်ပြီးမ​ပျော်ရပါဘူး။ဒါမယ့်ရုတ်တရက် ကန်တော်ကြီးကိုရောက်တော့ကျတော့ Kikiကသူ့သူငယ်ချင်းတွေနဲ့လျှောက်လည်နေတာတွေ့လိုက်ပါတယ်။တွေ့တွေ့ချင်းသွားခေါ်မလို့လုပ်ပေမယ့်သူမနဲ့သူမရဲ့ယောကျ်ားလေးသူငယ်ချင်းကိုတစ်ခြားသူငယ်ချင်းတွေshipနေသံကြားတော့ကျတော်တွန့်ဆုတ်သွားခဲ့ပါတယ်။သူမနဲ့အဲ့ကောင်လေးကလဲဇာတ်လမ်းရှိခဲ့ပုံပဲ။ကျွန်တော့ခြေလှမ်းနောက်ဆုတ်ခဲ့ပါတယ်။
နောက်ရက်ကျောင်းရောက်တော့
ကျွန်တော်သူမနဲ့စကားပြောချင်တယ်။လုံးဝမထိန်းနိုင်တော့ပဲကန်တော်ကြီးတုန်းကဘေးကကောင်လေးကဘယ်သူလဲလို့မေးလိုက်တော့သူမက"နင်နဲ့ဘာဆိုင်လို့လဲ။ငါ့အရင်ကျောင်းကအီစီကလီပါဟ"ဆိုပြီးပြောတော့ကျွန်တော်ကလဲ"နင့်မှာအီစီကလီတွေလဲရှိတာပဲလား။နင်အဲ့လိုတွေလျှောက်မလုပ်ပါနဲ့ဟာ။တစ်ဖက်လူရဲ့ခံစားချက်ကိုနားလည်မှပေါ့။ငါသူ့ကိုကိုယ်ချင်းစာတယ်။"
အဲ့တော့သူမက"နင်ကတော့ကိုယ်ချင်းစာမှာပေါ့။နင့်အရင်crhကနင့်ကိုအဲ့လိုလုပ်သွားတာမလား။"လို့ပြောလိုက်တော့ကျွန်တော်တော်တော်ဒေါသထွက်သွားခဲ့ပါတယ်။သူမကကျွန်တော့ရဲ့နာကြည်းစရာအတိတ်ကိုပေါ့ပျက်ပျက်မြင်လိုက်သလိုပဲခံစားရတယ်။အဲ့ချိန်ကျွန်တော်သူ့ရှေ့ကနေဘာမှမပြောပဲလှည့်ထွက်ခဲ့ပါတယ်။နောက်ရက်အတန်းထဲလဲရောက့်ာတော့သူမကကျောင်းပြောင်းမယ်ဆိုတဲ့သတင်းကြားခဲ့ပါတယ်။ကျွန်တော်သူမကိုမပြောင်းစေချင်ခဲ့ပါဘူး။ဒါမယ့်ကျွန်တော်ဘာမှမပြောရဲပါဘူး။သူ့ကြည့်ရတာကျွန်တော့ကိုစိတ်ဆိုးသလိုပဲမလို့ပါ။ကျွန်တော်လဲဂရုမစိုက်သလိုဟန်ဆောင်နေခဲ့ပါတယ်။နောက်ဆုံးစာမေးပွဲကြီးရောက်လာခဲ့ပါတယ်။အရင်လကလိုသူမကျွန်တော့အရှေ့မှာမထိုင်ရပါဘူး။သူမအရင်ကကျွန်တော့ရှေ့မှာစာမေးပွဲတုန်းကအကျောတွေဆန့်အူကြောင်ကြောင်တွေလုပ်နေတဲ့ပုံစံလေးကိုလွမ်းပါတယ်။သူမကတော့တစ်ခြားယောကျ်ားလေးတစ်ယောက်ဘေးမှာထိုင်ရတာပါ။ထိုင်နေရင်သူမနဲ့အဲ့ကောင်လေးနဲ့စာတိုင်ပင်ဖြေနေတာကျွန်တော်တွေ့လိုက်ရပါတယ်။ကျွန်တော်မနာလိုနေသလိုပဲ။အဲ့ချိန်ဆရာမကသူတို့ကိုရွဲ့စောင်းပြီးဆူတော့ကျွန်တော်ဒေါသထွက်ပြီးဆရာမကိုပြောင်ချင်
စိတ်တဖွားဖွားပေါ်လာပါတယ်။ကျွန်တော်မထိန်းနိုင်ပဲပြောင်လိုက်တော့။သူမကျွန်တော်ကိုလှမ်းကြည့်ခဲ့ပါတယ်။စာမေးပွဲနောက်ဆုံးရက်(ကျောင်းမပိတ်ခင်တစ်ရက်အလို)ရောက်တော့ကျွန်တော်သူမကိုကျောင်းမပြောင်းအောင်ပြောရမယ်ဆိုပြီးသေချာအားမွေးခဲ့ပါတယ်။သူမနဲ့ကျွန်တော်တိုက်မိမလိုဖြစ်တော့သူမကထွက်သွားမလိုကြိုးစားပင်မယ့်ကျွန်တော်သူ့လက်ကိုဆွဲခဲ့မိပါတယ်။ကျွန်တော်မဆွဲချင်ပေမယ့်စိတ်ကအလိုလိုဖြစ်နေတော့မထိန်းနိုင်ပဲဆွဲမိတာပါ။ပြီးတော့ကျွန်တော့ပါးစပ်ကအလိုလို"ကျောင်းမပြောင်းပါနဲ့လား။ကျေးဇူးပြုပြီး"လို့ပြောခဲ့မိပါတယ်။ကျွန်တော်အဲ့လိုပြောတာနဲ့သူမကမြန်မြန်ဆန်ဆန်ပဲမပြောင်းတော့ဖို့ဆုံးဖြတ်လိုက်သတဲ့။သူမကရီစရာလေးပါ။အဲ့လိုရီစရာကောင်းလို့ပဲကျွန်တော်ချစ်မိခဲ့တာပါ။

Thanks❤️

Your eyesWhere stories live. Discover now