V2 Chapter 4.4

348 65 1
                                    

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး
Chapter 4.4-

ချွေးစေးတွေတောင် ကျွန်မကျောမှာ စိုရွဲနေပြီ။ 'ငါဘာလို့ ဒီလောက်အရေးကြီးတဲ့ ကိစ္စတစ်ခုကို မေ့နေခဲ့ရတာလဲ။ ငါ...ငါက တကယ့်ကိုအရူးပဲ။'

အနီရောင်ဆံပင်နဲ့မီးခိုးရောင်မျက်လုံးတွေ။ ကျွန်မရှေ့မှာ ကြင်နာသလိုပြုံးပြနေတဲ့သူနဲ့ ချွတ်စွပ်ပဲမဟုတ်လား။ ကျောင်းသားဥက္ကဋ္ဌ ဆီးရီးယပ် ဒီ့ခ်။ သူက ဇာတ်လမ်းမှာဖော်ပြထားတဲ့ပုံစံနဲ့ မဖြစ်နိုင်လောက်အောင် တူညီပြီးတော့ နာမည်လည်းကျော်ကြားတယ်။

ကျွန်မအရှေ့က ယောက်ျားသားဟာ၊ Fortune Loverရဲ့လျှို့ဝှက်အချစ်ပစ်မှတ်ဖြစ်တဲ့ အမှောင်မှော်ပိုင်ဆိုင်သူပဲ။

ကျွန်မရဲ့အနေအထိုင်သိမ်မွေ့ပြီး အားကိုးရတဲ့ စီနီယာက ဒီလိုအရာမျိုးကို လုပ်လိမ့်မယ်လို့ မယုံနိုင်ခဲ့ဘူး။ သူက မာရီယာ၊ကျောင်းသားကောင်စီနဲ့ ကျွန်မဂရုစိုက်ရတဲ့ လူတိုင်းရဲ့အသတ်ကို အဆုံးသတ်ဖို့လုပ်နေတာ။

ဂျာရက်ပြောခဲ့တဲ့ စကားတွေသာ ယုံကြည်လို့ရခဲ့မယ်ဆိုရင် အခုတလောဖြစ်ပျက်ခဲ့သမျှ ဖြစ်ရပ်တွေအားလုံးက အမှောင်မှော်ပညာပိုင်ရှင်ကြောင့် ဖြစ်လာခဲ့တာတွေ။ ပြီးတော့ အရင်ဘဝက ကျွန်မရဲ့မှတ်ဉာဏ်တွေသာ မှန်ခဲ့မယ်ဆိုရင် ဆီးရီးယပ် ဒီ့ခ်က ဒီကိစ္စတွေအားလုံးရဲ့နောက်မှာ ရှိနေသူပါ။ တခြားသူတစ်ယောက်ရဲ့အသက်ကို ပေးဆပ်မှရတဲ့ မှော်ပညာ၊ အောက်လမ်းအတတ်။

"လေဒီကသရီးနား... တစ်ခုခုဖြစ်လို့လား။" ဆီးရီးယပ်က ကျွန်မထိုင်နေရင်း တစ်ကိုယ်လုံးတောင့်တင်းနေတာကိုတွေ့တော့ မေးလိုက်တယ်။ အခုတော့ သူက ကျွန်မဆန့်ထုတ်ပေးထားတဲ့ လက်ကိုဆွဲထားပြီ။ သူ့မျက်နှာပေါ်မှာတော့ အရင်လိုပဲ သိမ်မွေ့တဲ့အပြုံးမျိုး ရှိနေဆဲ။ သူက တကယ်ပဲတရားခံလား။ယ
"ဥက္ကဋ္ဌ... ရှင်က... တကယ်ပဲ... အမှောင်မှော်ပိုင်ရှင်လား။ ရှင်မာရီယာကို... ဘာလုပ်လိုက်တာလဲ။"

"မင်းဘာတွေပြောနေတာလဲ... အမှောင်မှော်..."

ကျွန်မ သတိမထားမိခင်မှာပဲ ပါးစပ်ကနေ စားလုံးတချို့ကို ပြောထွက်သွားမိခဲ့ပြီ။ ဆီးရီးယပ်ရဲ့အကြည့်တွေကတော့ စိုးရိမ်စိတ်ဝင်နေပုံပဲ။ ဒါပေမဲ့ ဒီကိစ္စတွေကို သူလုံးဝမသိသလိုမျိုး မျက်နှာကိုထားထားတယ်။

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး Mm translationWhere stories live. Discover now