V3 Chapter 1.2

267 45 0
                                    

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး
Chapter 1.2-

အရင်ဘဝကတည်း​က ပွဲတော်ဆိုတဲ့အသံကြားတိုင်း မနေနိုင်မထိုင်နိုင် ဖြစ်တဲ့အကျင့်မျိုး ကျွန်မမှာရှိတယ်။ ပြီးတော့ ဒီဘဝမှာ ပထမဆုံးအနေနဲ့ ပွဲတော်တစ်ခုမှာ ဝင်ဆင်နွှဲဖူးမှာ။ နယ်စားသမီးတော်တစ်ပါးအနေနဲ့ ကပွဲတွေအများကြီး သွားဖူးတယ်ဆိုပေမဲ့ ပွဲတော်တွေကတော့ မတူဘူးမဟုတ်လား။ ဒီကမ္ဘာမှာ တစ်ခါမှ မတွေ့ဖူးသေးဘူး။

ပြီးတော့ လောလောလတ်လတ် ကပ်ဆိုးကြီးတွေကို ဖြတ်ကျော်ထားရတာဆိုတော့ ဒီနေ့ အင်မတန် တက်ကြွနေတယ်။ ကျောင်းတက်စအချိန်ကတည်းက အပျော်ဆုံးနေ့၊ မဟုတ်ဘူး တစ်ဘဝလုံးမှာတောင် အပျော်ဆုံးနေ့ ဖြစ်နိုင်တယ်။ တကယ်တော့ ကျွန်မကိုယ်ကျွန်မ မနည်းထိန်းနေရတာ၊ ဒီလိုမှမဟုတ်ရင် ကခုန်ရင်း သီချင်းတွေတောင် ထဆိုနေလောက်တယ်။

မနေ့ညကဆိုရင် ပျော်လွန်းလို့ အခန်းထဲမှာ တစ်ယောက်တည်း ထကနေမိလို့ အန်နီတောင် စိတ်ညစ်နေတာ။ ကြည့်ရတာ သူကောင်းမျိုးလေဒီတစ်ယောက်အတွက် တခြားလူတွေရှေ့မှာ ခုန်ပေါက်ရင်း သီချင်းဆိုတာ သင့်တော်တဲ့အရာ မဟုတ်ဘူးထင်တယ်။ သူကောင်းမျိုးလေဒီတစ်ယောက် ဖြစ်ရတာ တော်တော်ခက်တယ်။

တကယ်တော့ ကျောင်းပွဲတော်ကို အုပ်ထိန်းသူတွေ မိဘတွေလည်း လာတက်လို့ရတယ်။ ဒါပေမဲ့ ကျွန်မအမေကတော့ 'ရှက်စရာကြီး၊ ဝေးဝေးရှောင်နေတာပဲ ကောင်းတယ်။'လို့ ပြောတယ်လေ။ 'အား၊ အမေကတော့ အိမ်တွင်းပုန်းနေတော့တာပဲ။ ဘာလို့ အပြင်ထွက်ရမှာကို ဒီလောက်ထိ ရှက်နေရတာလဲ။'

ကျွန်မအန်နီကိုမေးကြည့်တော့... "သခင်မလေး၊ သခင်မကြီးက သူ့ကိုယ်သူ ရှက်တယ်လို့ပြောတာ မဟုတ်လောက်ဘူး။' ဆိုပြီးတော့ ကျွန်မကို စိတ်ပျက်တဲ့အကြည့်နဲ့ ကြည့်နေတော့တာပဲ။

'ဟမ်... အဲဒီအကြည့်က ဘာကြီးလဲ။' ကျွန်မ နားမလည်ဘူး။ ကျောင်းပွဲတော်ကို ကျွန်မအဖေကတော့ ပိုစိတ်ဝင်စားပုံပြတယ်။ ဒါကြောင့် အဲဒီအချစ်ငှက်စုံတွဲအနေနဲ့ ကျောင်းပွဲတော်ကို ရောက်လာဖို့ ဖြစ်နိုင်ခြေရှိသေးတယ်။ ဒါပေမဲ့ ကျွန်မသာ ကျောင်းဝင်းထဲမှာ ကခုန်ရင်း တေးညည်းနေတာ တွေ့သွားရင်တော့ အမေကျွန်မကို ဘယ်နှစ်နာရီလောက် ဆူဦးမလဲမသိဘူး။ ဟုတ်တယ်၊ ဒီတော့ ဂရုစိုက်မှဖြစ်မယ်။

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး Mm translationNơi câu chuyện tồn tại. Hãy khám phá bây giờ