V2 Chapter 4.10

355 45 0
                                    

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး
Chapter 4.10-

အဲဒီအချိန်ကနေစပြီး ကျွန်တော့်ဘဝကို ဆီးရီးယပ် ဒီ့ခ်အနေနဲ့ပဲ နေခဲ့ရတယ်။ ကျွန်တော့်အမေရဲ့အသက်ကို ယူသွားပြီး ကျွန်တော့်ကို အသုံးချခံလိုလုပ်ခဲ့တဲ့ ဒီ့ခ်မိသားစုကို ဖျက်ဆီးပစ်ဖို့ ကျိန်ဆိုထားခဲ့ပြီးသား။

ဆီးရီးယပ် ဒီ့ခ်အနေနဲ့နေရင်း ကျွန်တော့်မှာ ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေရှိနေတာကိုပါ သတိပြုမိခဲ့တယ်။ တခြားသူတွေရဲ့စိတ်ကိုဖတ်နိုင်ပြီး သူတို့ရဲ့လုပ်ရပ်တွေကို ထိန်းချုပ်နိုင်တာမျိုးပေါ့။ အဲဒါက အမှောင်မှော်ပညာပဲ။ အစကတော့ ကျွန်တော်နိုးထခဲ့တဲ့စွမ်းအားကို ဘာမှန်း မသိခဲ့ဘူး။ ဒါပေမဲ့ အဲဒီမှော်အစွမ်းကို အသုံးပြုနိုင်တဲ့အတွက်ကြောင့် အဲဒီစွမ်းအားရဲ့တည်ရှိမှုကို လက်ခံခဲ့တယ်။

အဲဒီကတည်းက လက်စားချေဖို့အတွက်ပဲ ကျွန်တော်အသက်ရှင်ခဲ့တာ။ အချိန်တွေကုန်ဆုံးလာပြီးတဲ့နောက် သူနဲ့ကျွန်တော်တွေ့ခဲ့တယ်။ ကျွန်တော့်အမေပြောခဲ့တဲ့စကားအတိုင်း ပြောခဲ့တဲ့မိန်းကလေးကိုပေါ့။ ကသရီးနား ကလဲရစ်က ကျွန်တော့်အမေလိုပဲ ကြင်နာစွာ ပြုံးတတ်တယ်။ သူနဲ့ဆုံတဲ့အခါတိုင်းမှာ ကျွန်တော့်နှလုံးသား ဗလောင်ဆူလာတယ်။ လက်စားချေမယ်ဆိုတဲ့ ရည်မှန်းချက်ကလည်း ယိမ်းယိုင်လာတယ်။

​ဒါကြောင့်ပဲ ကသရီးနားကို မောင်းထုတ်ချင်ခဲ့တာ။ အောက်လမ်းအတတ်နဲ့ သူ့ကိုအိမ်ငွေ့ချပြီး မသေမချင်း ထာဝရအိပ်စက်နေအောင် ကျိန်စာတိုက်ခဲ့တာ။

ဒါပေမဲ့ ဖြေဆေးမရှိတဲ့ ကျွန်တော့်ကျိန်စာကနေ သူလွတ်လာတယ်။ အခန်းငယ်လေးထဲမှာ ကျွန်တော်ဝှက်ထားတဲ့ မာရီယာရဲ့အခြေအနေကို လာကြည့်ကတည်းက အောက်လမ်းအတတ် မအောင်မြင်တဲ့အကြောင်းကို ကျွန်တော်နားလည်ပြီးသား။ အဲဒီအခြေအနေကြောင့် ကြောက်ရွံနေခဲ့သင့်ပေမဲ့ စိတ်ထဲမှာ ထူးထူးခြားခြား ငြိမ်းချမ်းနေခဲ့တယ်။

ကသရီးနားကို တိုက်ခဲ့တဲ့ကျိန်စာ ပြယ်သွားပြီ။ သူလုံခြုံနေတာ အကောင်းဆုံးပဲလို့ တွေးခဲ့မိတာ။ ကသရီးနား နိုးလာတဲ့အတွက် ကျွန်တော်လုပ်ထားတဲ့ မကောင်းမှုတွေလည်း ပေါ်သွားလိမ့်မယ်။ ဒါကြောင့် သေချာပေါက် အဖမ်းခံရပြီး ပြစ်ဒဏ်ချခံရမှာပဲ။

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး Mm translationDonde viven las historias. Descúbrelo ahora