Chapter 6.4

553 75 4
                                    

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး
Chapter 6.4-

ကျွန်မ အန်နီရှယ်လေက ဘာရွန်ရှယ်လေနဲ့ အစေခံတစ်ယောက်ကနေ ရတဲ့သမီးပါ။ ဒါကြောင့် ဘာရွန်မိသားစုရဲ့ပင်မအိမ်တော်ကနေ ခွဲထုတ်ခံရပြီး အိမ်ငယ်တစ်လုံးမှာပဲ ကြီးပြင်းလာခဲ့ရတယ်။

ကျွန်မအမေပြောသလောက်တော့ ဘာရွန်က သိပ်ကိုစိတ်အပြောင်းအလဲမြန်တယ်တဲ့။ ကျွန်မဒီလောကကြီးကိုရောက်မလာခင် အမေက ဘာရွန်ရဲ့မယားငယ်အဖြစ် တစ်ခဏတာပဲနေခဲ့ရတယ်။

"ဘာရွန်ကြီးပြောသလိုနေ၊ သူသမီးကိုသဘောကျသွားရင် ပိုမြင့်တဲ့အဆင့်အတန်းကို ရောက်နိုင်လိုက်မယ်။ သူ့ကိုဘယ်တော့မှ ဆန့်ကျင်ဖို့မတွေးနဲ့။" ကျွန်မကြီးလာတော့ ဒီစကားကို အမေခဏခဏပြောတယ်။

ကျွန်မလည်း အဲဒီစကားတွေကို နားထောင်ခဲ့ရတာပေါ့။ အမေလုပ်စေချင်တဲ့အတိုင်း ဘာရွန်ပြောသမျှကို နာခံခဲ့တယ်။ သူ့ကိုဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဖူးဘူး။ ကျွန်မဘဝတစ်ခုလုံးက သူတို့ကို အလိုလိုက်အကြိုက်ဆောင်ဖို့ ဖြစ်တည်လာသလိုမျိုး နေခဲ့ရတယ်။

ဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတာကို ကျွန်မသိလည်းမသိသလို ဘယ်တုန်းကမှလည်း မတွေးဖူးဘူး။ ကျွန်မကို ပင်မအိမ်တော်ဆီ မခေါ်ကြပေမဲ့ ဘာရွန်က ကျွန်မကိုဆိုးဆိုးဝါးဝါး ဆက်ဆံတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါကြောင့် တင်းကျပ်မှုမရှိတဲ့ဘဝတစ်ခုကို ဖြတ်သန်းခဲ့ရတယ်။

ဒါပေမဲ့ ကျွန်မအသက်ဆယ့်ငါးနှစ်ပြည့်တဲ့နေ့မှာတော့ အဲဒီဘဝလေးက အဆုံးသတ်သွားခဲ့တယ်လေ။ ကျွန်မတို့ဘေးခန်းက မီးလောင်သွားပြီးတော့ ပတ်ဝန်းကျင်အနှံကို မီးစွဲသွားခဲ့တယ်။

ကျွန်မထွက်ပြေးနိုင်ခဲ့ပေမဲ့ ကျောတစ်ခုလုံးမီးလောင်ခံခဲ့ရပြီး ကျွန်မအမေကတော့ မီးထဲမှာပဲ ဆုံးပါးသွားခဲ့ရတယ်။

ကျွန်မကိုယ်တိုင်လည်း ဖြစ်ပျက်ခဲ့သမျှကို နားမလည်နိုင်ခဲ့ဘူး။ အဲဒီနောက်တော့ ကျွန်မမွေးဖွားပြီးနောက်မှာ ပထမဆုံးအကြိမ်အဖြစ် ဘာရွန်မိသားစုရဲ့ပင်မအိမ်တော်ကို ဆင့်ခေါ်တာခံခဲ့ရတယ်။

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး Mm translationHikayelerin yaşadığı yer. Şimdi keşfedin