V2 C2.3

405 57 0
                                    

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး
V2bChapter 2.3-

ရက်နည်းနည်းလောက်ကြာတော့ ကျောင်းဝင်းထဲက လူသူကင်းရှင်းတဲ့ထောင့်တစ်ထောင့်ကို ကျွန်မပေါက်ပြားကိုင်ထားရင်း ရောက်လာခဲ့တယ်။ လုပ်နေကျအတိုင်းပဲ လက်ကိုမြှောက်လိုက်ပြီးတော့  မြေစဆွတယ်။

"သခင်မလေး..  ဒါက တကယ်ရောပန်းခင်းလုပ်ဖို့ဟုတ်ရဲ့လား။" အန်နီကတော့ သံသယနဲ့မေးလာတယ်။

"ဒါပေါ့၊ လှပတဲ့ပန်းခင်းလေးလုပ်မလို့လေ။ ဒီမြေတွေပေါ်မှာ သီးနှံတွေစိုက်ခွင့်မပြုနိုင်ဘူးလို့ နင်နဲ့ကိတ်ခ်တို့နှစ်​ယောက်လုံး ငါ့ကိုပြောကြလို့ မစိုက်ရတာမဟုတ်လား။"

ကျွန်မပြောခဲ့သလိုပဲ ကျွန်မကကျောင်းဝင်းထဲမှာ သီးနှံစိုက်ခင်းလေးတစ်ခုလုပ်ဖို့ စိတ်ကောင်းဝင်ခဲ့ပေမဲ့ ကိတ်ခ်နဲ့အန်နီတို့က ဆန့်ကျင်ကြတယ်လေ။ "သူကောင်းမျိုးလေဒီတစ်​ယောက်က မြေကိုကိုယ်တိုင်ထွန်ယက်ပြီး သီးနှံစိုက်တယ်။ ကိုယ့်စံအိမ်မှာကိုယ်ဆိုရင်ထားပါတော့... အခုကကျောင်းဝင်းထဲမှာလေ။ လုံးဝမလုပ်ရဘူး။" သူတို့က အဲဒီလိုပြောလာတော့ ကျွန်မလည်း"ပန်းခင်းလုပ်မယ်ဆိုရင်ရော။"လို့ ပြောခဲ့တာ။ ပြီးတော့ ကျောင်းတာဝန်ရှိသူတွေဆီ လျှောက်လွှာရေးပြီး ခွင့်တောင်းထားပြီးပြီ။

ထူးဆန်းစွာနဲ့ ပန်းဥယျာဥ်စိုက်ပျိုးတယ်ဆိုတာက သူကောင်းမျိုးတွေနဲ့ တော်တော်လေးကိုက်ညီတဲ့ ဝါသနာတစ်ခုဖြစ်ပုံပဲ။ ကျွန်မအကြောင်းကြားပြီး မကြာခင်မှာပဲ ခွင့်ပြုချက်ရလာတယ်။ ဒါကြောင့်လည်း အခုစိုက်ခင်းထဲမှာ အလုပ်လုပ်နေရတာပေါ့။ ဒါပေမဲ့အန်နီကတော့ နည်းနည်းလေးမှယုံကြည်ပေးမယ့်ပုံမပေါ်ဘူး။

"ဒါပေမဲ့ သခင်မလေးကျဲထားတဲ့ မျိုးစေ့တွေက ပန်းမျိုးစေ့တွေလို့ ကျွန်မမထင်ဘူး။"

"ပေါက်ကရတွေမပြောစမ်းပါနဲ့လား၊ အန်နီ။ အဲဒါပန်းမျိုးစေ့တွေပါဆို။ ကြည့်ပါဦး။ ဟိုဟာက သခွားပန်းမျိုးစေ့၊ ဒီဟာက ခရမ်းပန်းမျိုးစေ့။"

"သခင်မလေးပြောတဲ့စကားက ကျွန်မအမြင်ကို အတည်ပြုပေးလိုက်တာနဲ့အတူတူပဲ။ အဲဒါသီးနှံပင်တွေ မဟုတ်ဘူးလား။"

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး Mm translationHikayelerin yaşadığı yer. Şimdi keşfedin