' ဝမ်ကျန့် ၊ ယွီပင်း .... ကားဂိတ် ရောက်ရင် ဂိတ်ထဲမှာ ရှိတဲ့ လူတိုင်းမကျန် ကျန့်ကျန့် ပုံ ပြပြီး မေးနော်။ လူတိုင်းနော် ...'
' အေးပါ .....'
ကားဂိတ်ထဲ ရောက်တာနဲ့ ၃ ယောက်သား ဂိတ်ထဲက လူတွေကို ဖုန်းတစ်လုံး ထိုးပြပြီး သူတို့သူငယ်ချင်းကို လိုက်ရှာကြတယ်။
' ဦးလေး .... ဒီကောင်လေးကို ကြည့်ပေးပါအုံး။ တနေရာရာ မြင်ဖူးတာမျိုး ရှိလားဗျ။'
' မမြင်ဖူးဘူး။ ဒီထဲမှာ တနေ့ တနေ့ လူ ရာနဲ့ ချီ ဝင်/ထွက် နေတာ ဘယ်လို မှတ်မိနိုင်မလဲ။'
' ဟုတ်ကဲ့။'
ကျိုးချန် လူ တော်တော်များများ လိုက်မေးပြီးပေမယ့် ဘယ်သူမှ ကျန့်ကျန့်ကို မမြင်ဖူးပါ။
*ကျန့်ကျန့် ... မင်း ဘယ်မှာလဲ!!!.*
' ကျိုးချန် ... ဘယ်လိုလဲ မင်းဘက်မှာ မေးတာ ကျန့်ကျန့်ကို တွေ့တဲ့သူ ရှိလား။'
ကျိုးချန် ဝမ်ကျန့်ကို ခေါင်းခါပြပြီး စိတ်ပျက် လက်ပျက် ထိုင်ချလိုက်တယ်။
' ဒါဆို ယွီပင်း ဘက်ကို စောင့်ကြည့်ဖို့ပဲ ကျန်တော့တယ်။'
ဝမ်ကျန့်လည်း ပြောပြီး ကျိုးချန် နည်းတူ ထိုင်ချလိုက်တယ်။
~~~~~~~
ယွီပင်းလည်း သူ့ကို ခွဲပေးပြီး လာမေးခိုင်းထားတဲ့ ဘက်မှာ မေးကြည့်ပေမယ့် ကျန့်ကျန့် ကို မြင်ဖူးတဲ့ လူတောင် မရှိပါ။ယွီပင်း ထိုင်နေရာက ထ ရပ်လိုက်ပြီး နောက်ဆုံး ကျန်တဲ့ ကားဂိတ် ဆီကို သွားလိုက်တယ်။
' ဟို ... အစ်မ ။ ကျနော် ... ကျနော့် သူငယ်ချင်းကို လိုက်ရှာနေတာပါ။ အဲ့ဒါ ... အစ်မ ဒီထဲက ကောင်လေးကို ကြည့်ပေးပါအုံး။ ဒီဂိတ်ထဲမှာများ မြင်ဖူးတာ ရှိလားလို့။'
ယွီပင်း သူ့လက်ထဲက ဖုန်းကို စားပွဲခုံပေါ် တင်ပြီး ကျန့်ကျန့်ရဲ့ ပုံကို ပြလိုက်တယ်။
' အင်း .... မမြင်ဖူးဘူး မောင်လေး။ အစ်မက စာရေးဆိုတော့ အမ ဆီ ကားလက်မှတ် လာ ဖြတ်တဲ့ လူလောက်ပဲ မြင်ဖူးတာ။
ခန နော် ... အစ်မ တို့ ဂိတ်က ကားသမားကို ခေါ်ပေးမယ်။ သူတို့ကျ လူအများနဲ့ တွေ့နေကျဆိုတော့ သိချင် သိနိုင်တယ်။'
YOU ARE READING
The Promise ( Completed )